နေပြည်တော်၌ ကဆုန်လပြည့်နေ့ကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားစွာကျင်းပသွားမည်ဟုဆို
ယွန်း (NP News) - ဧပြီ ၂၈
နေပြည်တော်၌ ကဆုန်လပြည့်နေ့ကို ယခင်နှစ်များနှင့်မတူဘဲ နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သာသနာရေးနှင့် ယဥ်ကျေးမှုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဧပြီလ (၂၇)ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၏ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ အထက်ပါကဲ့သို့ ဆိုခဲ့ခြင်းဖြစ်သည်။
ယခင်နှစ်များတွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ရောက်တိုင်း မဟာဗောဓိပင်များကို ညောင်ရေသွန်းလောင်းသည့် အစီအစဥ်တစ်ခုထဲကိုသာ အစဥ်အလာအနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြည် ထောင်စုဝန်ကြီးမှ ဆိုသည်။
ထို့ကြောင့် ယခုနှစ်ကဆုန်လပြည့်နေ့တွင် အပိုင်း(၅)ပိုင်းခွဲပြီး ယခင်နှစ်များနှင့် မတူသည့်အစီအစဥ်များဖြင့် နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ အပိုင်း(၅)ပိုင်း၌ သံဃာတော်များကို လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ စာတမ်းဖတ်ပွဲကျင်းပခြင်း၊ ကဆုန်ညောင်ရေသွန်းပွဲ အခမ်းအနား၊ ဆီမီးတိုင်ကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်းနှင့် ဓမ္မသဘင်ဆင်ယင်ကျင်းပခြင်းတို့ ပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ပြောဆိုထားသည်။
လာမည့် ကဆုန်လပြည့်နေ့၌ မန္တလေးမြို့တွင် လေးပြင်လေးရပ်မှ သံဃာတော်အပါး (၁ဝဝဝဝ) ကျော်ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ မကွေးမြသလွန်ဘုရားပွဲတော်၌လည်း ကဆုန်ညောင်ရေသွန်းပွဲတော် အပါအဝင် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၉၆) ကျောင်း နှင့် စာသင်တိုက်အသီးသီးမှ သံဃာအပါး(၁ဝဝဝ)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူသွားမည်ဖြစ်သည်။
ထို့ပြင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားရင်ပြင်တွင်လည်း မေလ(၂)ရက် နံနက်အစောပိုင်းတွင် သံဃာအပါး(၁၁၁၁၁)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
zawgyi version
ေနျပည္ေတာ္၌ ကဆုန္လျပည့္ေန႔ကို ႏိုင္ငံေတာ္အဆင့္ႏွင့္အညီ ခမ္းနားစြာက်င္းပသြားမည္ဟုဆို
ယြန္း (NP News) - ဧၿပီ ၂၈
ေနျပည္ေတာ္၌ ကဆုန္လျပည့္ေန႔ကို ယခင္ႏွစ္မ်ားႏွင့္မတူဘဲ ႏိုင္ငံေတာ္အဆင့္ႏွင့္အညီ ခမ္းနားစြာက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
သာသနာေရးႏွင့္ ယဥ္ေက်းမႈေရးရာဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုက ဧၿပီလ (၂၇)ရက္တြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန၏ စုေပါင္းအစည္းအေဝးခန္းမတြင္ က်င္းပခဲ့သည့္ ေဆြးေႏြးပြဲ၌ အထက္ပါကဲ့သို႔ ဆိုခဲ့ျခင္းျဖစ္သည္။
ယခင္ႏွစ္မ်ားတြင္ ကဆုန္လျပည့္ ဗုဒၶေန႔ေရာက္တိုင္း မဟာေဗာဓိပင္မ်ားကို ေညာင္ေရသြန္းေလာင္းသည့္ အစီအစဥ္တစ္ခုထဲကိုသာ အစဥ္အလာအေနျဖင့္ ေဆာင္႐ြက္ခဲ့ေၾကာင္း ျပည္ ေထာင္စုဝန္ႀကီးမွ ဆိုသည္။
ထို႔ေၾကာင့္ ယခုႏွစ္ကဆုန္လျပည့္ေန႔တြင္ အပိုင္း(၅)ပိုင္းခြဲၿပီး ယခင္ႏွစ္မ်ားႏွင့္ မတူသည့္အစီအစဥ္မ်ားျဖင့္ ႏိုင္ငံေတာ္အဆင့္ႏွင့္အညီ ခမ္းနားထည္ဝါစြာ က်င္းပျပဳလုပ္သြားမည္ျဖစ္ ေၾကာင္း သိရသည္။
အဆိုပါ အပိုင္း(၅)ပိုင္း၌ သံဃာေတာ္မ်ားကို လႉဖြယ္ပစၥည္းမ်ားႏွင့္ ေန႔ဆြမ္းဆပ္ကပ္လႉဒါန္းျခင္း၊ စာတမ္းဖတ္ပြဲက်င္းပျခင္း၊ ကဆုန္ေညာင္ေရသြန္းပြဲ အခမ္းအနား၊ ဆီမီးတိုင္ကိုင္ေဆာင္၍ လွည့္လည္ပူေဇာ္ျခင္းႏွင့္ ဓမၼသဘင္ဆင္ယင္က်င္းပျခင္းတို႔ ပါဝင္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆက္လက္ေျပာဆိုထားသည္။
လာမည့္ ကဆုန္လျပည့္ေန႔၌ မႏၲေလးၿမိဳ႕တြင္ ေလးျပင္ေလးရပ္မွ သံဃာေတာ္အပါး (၁ဝဝဝဝ) ေက်ာ္ကို ဆြမ္းဆန္စိမ္းေလာင္းလႉပြဲ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ မေကြးျမသလြန္ဘုရားပြဲေတာ္၌လည္း ကဆုန္ေညာင္ေရသြန္းပြဲေတာ္ အပါအဝင္ မေကြးၿမိဳ႕ေပၚရွိ ဘုန္းေတာ္ႀကီးေက်ာင္း (၉၆) ေက်ာင္း ႏွင့္ စာသင္တိုက္အသီးသီးမွ သံဃာအပါး(၁ဝဝဝ)ေက်ာ္အား ဆြမ္းဆန္စိမ္းေလာင္းလႉသြားမည္ျဖစ္သည္။
ထို႔ျပင္ ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊတိဂုံဘုရားရင္ျပင္တြင္လည္း ေမလ(၂)ရက္ နံနက္အေစာပိုင္းတြင္ သံဃာအပါး(၁၁၁၁၁)ပါးအား ဆြမ္းဆန္စိမ္းေလာင္းလႉပြဲ ျပဳလုပ္က်င္းပသြားမည္ျဖစ္ ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း