သင်္ကြန်ကာလအပြီးတွင် ကိုဗစ်ရောဂါ ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခဲ့ပြီး (၁)ပတ်အတွင်း ကူးစက်ခံရသူ (၂ဝဝ)နီးပါးတွေ့ရှိ
ယွန်း (NP News) - ဧပြီ ၂၄
သင်္ကြန်ကာလအပြီးတွင် ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာပြီး (၁)ပတ်အတွင်း ကူးစက်ခံရသူ (၂ဝဝ)နီးပါးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဧပြီလ(၂ဝ)ရက် ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ(၃၁)နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ် အပါအဝင် ဒေသတွင်းနိုင်ငံအချို့၌ ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ ကိုဗစ်(၁၉) ရောဂါကူးစက်မှုများမြင့်တက်ခဲ့ကြောင်း သိရသည်။
ထိုသို့မြင့်တက်မှုများတွင် ကိုဗစ်(၁၉)မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB 1.16(Arcturus) ကူးစက်ဖြစ်ပွားမှုလည်းပါဝင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် သင်္ကြန်ကာလအပြီးမှစ၍ ကိုဗစ်(၁၉)ရောဂါ ပြည်တွင်းကူးစက်ဖြစ်ပွားမှု အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ(၁၈)ရက်မှ (၂၃)ရက်အထိ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူ(၁၈၉)ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ကိုဗစ်(၁၉)မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB 1.16 သည် ကူးစက်ဖြစ်ပွားမှုနှုန်းသည် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်းရောဂါပိုးများထက်အဆ (၁ ဒသမ ၂၇)ဆအထိ ပိုမိုမြန်ဆန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
သို့သော် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသရမှုနှင့် သေဆုံးမှုပိုမိုမြင့်မားခြင်းမရှိကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသော ကိုဗစ်(၁၉)မျိုးကွဲသည် အသက်အရွယ်ကြီးသူများနှင့် ရောဂါအခံရှိသူများတွင် ကူးစက်မှုနှုန်း ပိုမိုမြင့်မားနိုင်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်(၁၉)မျိုးကွဲအတွက် ရောဂါကာကွယ်ရာတွင်လည်း မြန်မာနိုင်ငံ၌ လက်ရှိအသုံးပြုနေသည့် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှုရှိပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ အသိပေးထုတ်ပြန်ထားသည်။
zawgyi version
သၾကၤန္ကာလအၿပီးတြင္ ကိုဗစ္ေရာဂါ ျဖစ္ပြားမႈ ျပန္လည္ျမင့္တက္လာခဲ့ၿပီး (၁)ပတ္အတြင္း ကူးစက္ခံရသူ (၂ဝဝ)နီးပါးေတြ႕ရွိ
ယြန္း (NP News) - ဧၿပီ ၂၄
သၾကၤန္ကာလအၿပီးတြင္ ကိုဗစ္(၁၉)ေရာဂါျဖစ္ပြားမႈ ျပန္လည္ျမင့္တက္လာၿပီး (၁)ပတ္အတြင္း ကူးစက္ခံရသူ (၂ဝဝ)နီးပါးရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ဧၿပီလ(၂ဝ)ရက္ ထုတ္ျပန္ခ်က္အရ ကမာၻ႔ႏိုင္ငံ(၃၁)ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္ေသာ အိႏၵိယ၊ ထိုင္း ႏွင့္ ဘဂၤလားေဒ့ရွ္ အပါအဝင္ ေဒသတြင္းႏိုင္ငံအခ်ိဳ႕၌ ၿပီးခဲ့သည့္ ဇန္နဝါရီလမွစ၍ ကိုဗစ္(၁၉) ေရာဂါကူးစက္မႈမ်ားျမင့္တက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ျမင့္တက္မႈမ်ားတြင္ ကိုဗစ္(၁၉)မ်ိဳး႐ိုးဗီဇေျပာင္းေရာဂါပိုး XBB 1.16(Arcturus) ကူးစက္ျဖစ္ပြားမႈလည္းပါဝင္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕မွ ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံတြင္ သၾကၤန္ကာလအၿပီးမွစ၍ ကိုဗစ္(၁၉)ေရာဂါ ျပည္တြင္းကူးစက္ျဖစ္ပြားမႈ အနည္းငယ္ျပန္လည္ျမင့္တက္လာခဲ့သည္။
ၿပီးခဲ့သည့္ ဧၿပီလ(၁၈)ရက္မွ (၂၃)ရက္အထိ ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိသူ(၁၈၉)ဦး ေတြ႕ရွိခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ကိုဗစ္(၁၉)မ်ိဳး႐ိုးဗီဇေျပာင္းေရာဂါပိုး XBB 1.16 သည္ ကူးစက္ျဖစ္ပြားမႈႏႈန္းသည္ ယခင္ေတြ႕ရွိခဲ့သည့္ မ်ိဳး႐ိုးဗီဇေျပာင္းေရာဂါပိုးမ်ားထက္အဆ (၁ ဒသမ ၂၇)ဆအထိ ပိုမိုျမန္ဆန္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
သို႔ေသာ္ ေရာဂါျပင္းထန္မႈ၊ ေဆး႐ုံတက္ေရာက္ကုသရမႈႏွင့္ ေသဆုံးမႈပိုမိုျမင့္မားျခင္းမရွိေၾကာင္း သိရသည္။
လက္ရွိျဖစ္ပြားေနေသာ ကိုဗစ္(၁၉)မ်ိဳးကြဲသည္ အသက္အ႐ြယ္ႀကီးသူမ်ားႏွင့္ ေရာဂါအခံရွိသူမ်ားတြင္ ကူးစက္မႈႏႈန္း ပိုမိုျမင့္မားႏိုင္ေၾကာင္း သိရသည္။
အဆိုပါ ကိုဗစ္(၁၉)မ်ိဳးကြဲအတြက္ ေရာဂါကာကြယ္ရာတြင္လည္း ျမန္မာႏိုင္ငံ၌ လက္ရွိအသုံးျပဳေနသည့္ ကိုဗစ္(၁၉)ေရာဂါ ကာကြယ္ေဆးမ်ားသည္ ထိေရာက္မႈရွိၿပီး ထပ္ေဆာင္းကာကြယ္ေဆး ထိုးႏွံျခင္းျဖင့္ ေရာဂါကူးစက္ျဖစ္ပြားမႈ၊ ေရာဂါျပင္းထန္မႈႏွင့္ ေသဆုံးမႈတို႔ကို ေလွ်ာ့ခ်ႏိုင္ေၾကာင္း က်န္းမာေရးဝန္ႀကီး ဌာနမွ အသိေပးထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ပန်းတောင်းမြို့နယ်တွင် ဘုရားဖူးကားတစ်စီး မီးလောင်မှုဖြစ်ပွား
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ