ကျောက်ပန်းတောင်းမြို့နယ်တွင် ဘုရားဖူးကားတစ်စီး မီးလောင်မှုဖြစ်ပွား
စော (NP News) - ဧပြီ ၂၄
မန္တလေးတိုင်း ၊ ကျောင်းပန်းတောင်းမြို့နယ် ၊ လက်ပံပျားကျေးရွာအနီးတွင် ဘုရားဖူးခရီးသည်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ကျောက်ပန်းတောင်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၂၄ ရက်)၊ မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန်တွင် မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နယ် ၊ လက်ပံပျားကျေးရွာအုပ်စု ၊ မနောမယဘုန်းကြီးကျောင်း ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘုန်းကြီးကျောင်းရှေ့၌ အောင်ထူးဆန်းဘုရားဖူးခရီးသည်ယာဉ်၏ နောက်ဘီး ဘရိတ်ရှူးငြိ၍ တာယာအပူလွန်ကဲ ပွင့်ထွက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်ပေါ်တွင် ခရီးသည် (၃ဝ)ဦးလိုက်ပါလာပြီး ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် နောက်တာယာ (၄)လုံး အပါအဝင် ယာဉ်အမိုးနှင့် ထိုင်ခုံများမီးလောင်ပျက်စီးခဲ့ပြီး စုစုပေါင်း တန်ဖိုးငွေကျပ် (၉၅)သိန်း နီးပါး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူကို ရာဇသတ်ကြီးပုဒ်မ (၂၈၅)ဖြင့် လက်ပံပျားနယ်မြေရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။
zawgyi version
စော (NP News) - ဧပြီ ၂၄
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစကဥက္ကဋ္ဌ နှင့် မစ္စတာဘန်ကီမွန်းတို့ မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတဟောင်း ဦးသိန်းစိန်ထံ သွားရောက်တွေ့ဆုံ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း