ရာသီဥတုဖောက်ပြန်မှုအပေါ် ထိန်းသိမ်းမှုများပြုလုပ်ရန် လန်ဒန်မှာ (၄)ရက်ကြာ လူထုလှုပ်ရှားဆန္ဒပြမှု စတင်
ရောင်နီ (NP News) - ဧပြီ ၂၂
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုံ့ဆော်ရေးအဖွဲ့ Extinction Rebellion ဟာ ရာသီဥတုဖောက်ပြန်မှုအပေါ် ထိန်းသိမ်းမှုများပြုလုပ်ရန်အတွက် တိုက်တွန်းနှိုးဆော်မယ့် (၄)ရက်ကြာ လူထုလှုပ်ရှားဆန္ဒပြမှုကို လန်ဒန်မြို့မှာ သောကြာနေ့ (ဧပြီလ ၂၁ ရက်)မှာ စတင်ခဲ့ပါတယ်။
ဆန္ဒပြတဲ့ ပုံစံဟာ "အကြမ်းမဖက်သော အာဏာဖီဆန်မှု"ကို ပစ်မှတ်ထားသွားမှာဖြစ်တယ်လို့ XR လို့ လူသိများတဲ့အဖွဲ့ပူးတွဲတည်ထောင်သူ ကလယ်ရာဖာရယ်လ်က ကတိပေးခဲ့ပါတယ်။ မကြာသေးမီနှစ်များအတွင်း XR ဟာ ရာသီဥတုပြောင်းလဲမှုကို တိုက်ရိုက်ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်ခဲ့ရာ လမ်းများ၊ လေဆိပ်များနဲ့ အခြားအများပြည်သူသယ်ယူပို့ဆောင်ရေးကွန်ရက်များမှာ အနှောင့်အယှက် ကြီးကြီးမားမား ဖြစ်စေခဲ့ပါတယ်။
သို့ပေမယ့် ဇန်နဝါရီလက ၎င်းဟာ ကမ္ဘာကြီးပူနွေးလာမှုကို ဆန့်ကျင်တဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်လို့ ရှုမြင်နိုင်တဲ့ အရာတွေကို အများအပြား စုစည်းကာ တင်ပြမယ်လို့ ကတိပြုခဲ့ပါတယ်။ ယခုသီတင်းပတ်ကုန်က ပါလီမန်အပြင်ဘက်မှာ လူပေါင်း (၁)သိန်းခန့် စုဝေးကြလိမ့်မယ်လို့ ခန့်မှန်းထားပြီး ယခုအချိန်အထိ လူပေါင်း (၃ဝဝဝဝ) ခန့်ဟာ ဆန္ဒပြဖို့အတွက် စာရင်းသွင်းထားတယ်လို့ ဆိုပါတယ်။ လာမယ့် တနင်္ဂနွေ နေ့မှာ လူပေါင်း (၄ဝဝဝဝ) မှ (၅ဝဝဝဝ)ကြား တက်ရောက်မယ့် လန်ဒန်မာရသွန်ပြိုင်ပွဲ "The Big One" ပွဲ ကျင်းပဖို့ စီစဉ်ထားရာ ယင်းပွဲအတွက် အနှောက်အယှက်ဖြစ်မှု လျော့ပါးစေရန် ပြိုင်ပွဲစီစဉ်သူများနဲ့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဂျူလီယာဟေလက်စ်က “ကျွန်တော်တို့ဟာ ဆိုးရွားတဲ့ အနာဂတ်ကို ရင်ဆိုင်ရတယ်ဆိုတာကို လူတွေက သိလာပြီး အဲဒါကို တစ်ခုခုလုပ်ဖို့ လိုအပ်နေတဲ့ အခွင့်အလမ်းပြတင်းပေါက်ကို ဖွင့်ဖို့လိုတယ်" လို့ ဆိုခဲ့ကာ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ၄င်းတို့ရဲ့ သားသမီးများနဲ့ မြေးများလက်ထက်မှာ ပိုမိုခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
zawgyi version
ရာသီဥတုေဖာက္ျပန္မႈအေပၚ ထိန္းသိမ္းမႈမ်ားျပဳလုပ္ရန္ လန္ဒန္မွာ (၄)ရက္ၾကာ လူထုလႈပ္ရွားဆႏၵျပမႈ စတင္
ေရာင္နီ (NP News) - ဧၿပီ ၂၂
သဘာဝပတ္ဝန္းက်င္ဆိုင္ရာ လႈံ႕ေဆာ္ေရးအဖြဲ႕ Extinction Rebellion ဟာ ရာသီဥတုေဖာက္ျပန္မႈအေပၚ ထိန္းသိမ္းမႈမ်ားျပဳလုပ္ရန္အတြက္ တိုက္တြန္းႏႈိးေဆာ္မယ့္ (၄)ရက္ၾကာ လူထုလႈပ္ရွားဆႏၵျပမႈကို လန္ဒန္ၿမိဳ႕မွာ ေသာၾကာေန႔ (ဧၿပီလ ၂၁ ရက္)မွာ စတင္ခဲ့ပါတယ္။
ဆႏၵျပတဲ့ ပုံစံဟာ "အၾကမ္းမဖက္ေသာ အာဏာဖီဆန္မႈ"ကို ပစ္မွတ္ထားသြားမွာျဖစ္တယ္လို႔ XR လို႔ လူသိမ်ားတဲ့အဖြဲ႕ပူးတြဲတည္ေထာင္သူ ကလယ္ရာဖာရယ္လ္က ကတိေပးခဲ့ပါတယ္။ မၾကာေသးမီႏွစ္မ်ားအတြင္း XR ဟာ ရာသီဥတုေျပာင္းလဲမႈကို တိုက္႐ိုက္ဆန႔္က်င္ဆႏၵျပမႈမ်ားျပဳလုပ္ခဲ့ရာ လမ္းမ်ား၊ ေလဆိပ္မ်ားနဲ႔ အျခားအမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးကြန္ရက္မ်ားမွာ အေႏွာင့္အယွက္ ႀကီးႀကီးမားမား ျဖစ္ေစခဲ့ပါတယ္။
သို႔ေပမယ့္ ဇန္နဝါရီလက ၎ဟာ ကမာၻႀကီးပူေႏြးလာမႈကို ဆန႔္က်င္တဲ့ အစိုးရရဲ႕ လုပ္ေဆာင္ခ်က္လို႔ ရႈျမင္ႏိုင္တဲ့ အရာေတြကို အမ်ားအျပား စုစည္းကာ တင္ျပမယ္လို႔ ကတိျပဳခဲ့ပါတယ္။ ယခုသီတင္းပတ္ကုန္က ပါလီမန္အျပင္ဘက္မွာ လူေပါင္း (၁)သိန္းခန္႔ စုေဝးၾကလိမ့္မယ္လို႔ ခန္႔မွန္းထားၿပီး ယခုအခ်ိန္အထိ လူေပါင္း (၃ဝဝဝဝ) ခန္႔ဟာ ဆႏၵျပဖို႔အတြက္ စာရင္းသြင္းထားတယ္လို႔ ဆိုပါတယ္။ လာမယ့္ တနဂၤေႏြ ေန႔မွာ လူေပါင္း (၄ဝဝဝဝ) မွ (၅ဝဝဝဝ)ၾကား တက္ေရာက္မယ့္ လန္ဒန္မာရသြန္ၿပိဳင္ပြဲ "The Big One" ပြဲ က်င္းပဖို႔ စီစဥ္ထားရာ ယင္းပြဲအတြက္ အေႏွာက္အယွက္ျဖစ္မႈ ေလ်ာ့ပါးေစရန္ ၿပိဳင္ပြဲစီစဥ္သူမ်ားနဲ႔ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ၾကတယ္လို႔ သိရပါတယ္။
ရာသီဥတုဆိုင္ရာ တက္ႂကြလႈပ္ရွားသူ ဂ်ဴလီယာေဟလက္စ္က “ကြၽန္ေတာ္တို႔ဟာ ဆိုး႐ြားတဲ့ အနာဂတ္ကို ရင္ဆိုင္ရတယ္ဆိုတာကို လူေတြက သိလာၿပီး အဲဒါကို တစ္ခုခုလုပ္ဖို႔ လိုအပ္ေနတဲ့ အခြင့္အလမ္းျပတင္းေပါက္ကို ဖြင့္ဖို႔လိုတယ္" လို႔ ဆိုခဲ့ကာ ရာသီဥတု ေဖာက္ျပန္မႈဒဏ္ကို ၄င္းတို႔ရဲ႕ သားသမီးမ်ားနဲ႔ ေျမးမ်ားလက္ထက္မွာ ပိုမိုခံရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုး- သိန္နီလမ်းတွင် (၁၂)ဘီးကား တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ