လားရှိုး- သိန္နီလမ်းတွင် (၁၂)ဘီးကား တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
Pearl (NP News) - ဧပြီ ၂၂
ရှမ်းပြည်နယ်၊ လားရှိုး - သိန္နီလမ်းတွင်(၁၂)ဘီးကား တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၂၁ ရက်)၊ ည (၉)နာရီ အချိန်ခန့်တွင် လားရှိုးမြို့နယ်၊ (၉)မိုင်ကုန်း၊ လားရှိုး - သိန္နီလမ်း၊ မိုင်တိုင်အမှတ် (၁၈၃/၂) နှင့် (၁၈၃/၃)ကြားတွင် တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့လိုက်ပါလာသော တရုတ်ပဲကြီးလှော်များတင်ဆောင်လာသည့် (၁၂)ဘီးကားတစ်စီးသည် အခင်းဖြစ်နေရာအရောက်၌ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ(၂)ဦးအနက် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ဒဏ်ရာရရှိသူ အမျိုးသားမှာ စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်ကြောင်း သိရသည်။
zawgyi version
လားရႈိး- သိႏၷီလမ္းတြင္ (၁၂)ဘီးကား တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦးေသဆုံး
Pearl (NP News) - ဧၿပီ ၂၂
ရွမ္းျပည္နယ္၊ လားရႈိး - သိႏၷီလမ္းတြင္(၁၂)ဘီးကား တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦးေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၂၁ ရက္)၊ ည (၉)နာရီ အခ်ိန္ခန႔္တြင္ လားရႈိးၿမိဳ႕နယ္၊ (၉)မိုင္ကုန္း၊ လားရႈိး - သိႏၷီလမ္း၊ မိုင္တိုင္အမွတ္ (၁၈၃/၂) ႏွင့္ (၁၈၃/၃)ၾကားတြင္ တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔လိုက္ပါလာေသာ တ႐ုတ္ပဲႀကီးေလွာ္မ်ားတင္ေဆာင္လာသည့္ (၁၂)ဘီးကားတစ္စီးသည္ အခင္းျဖစ္ေနရာအေရာက္၌ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါလာသူ(၂)ဦးအနက္ အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားခဲ့ၿပီး အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား လားရႈိးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး ဒဏ္ရာရရွိသူ အမ်ိဳးသားမွာ စိုးရိမ္ဖြယ္ရာ အေျခအေနမဟုတ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားရဲ့ ပထမဆုံး စပိုင်ဂြိုလ်တု ပြန်ပြုတ်ကျလာမယ်ဆိုရင် ပစ်ချသွားမှာဖြစ်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနသတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း