မြောက်ကိုရီးယားရဲ့ ပထမဆုံး စပိုင်ဂြိုလ်တု ပြန်ပြုတ်ကျလာမယ်ဆိုရင် ပစ်ချသွားမှာဖြစ်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနသတိပေး
ဂျန်ဇက် (NP News) - ဧပြီ ၂၂
မြောက်ကိုရီးယားနိုင်ငံက လွှတ်တင်မယ့် စပိုင်ဂြိုလ်တုဟာ ဂျပန်နိုင်ငံပိုင်နက်ကို ကျရောက်လာမယ်ဆိုရင်တော့ ပစ်ချသွားမှာဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူကာဇု ဟာမာဒါက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဟာ ဂျပန်တပ်ဖွဲ့များကိုလိုအပ်တဲ့ ပြင်ဆင်မှုများလုပ်ဆောင်ထားဖို့လည်း အမိန့်ပေးညွှန်ကြားထားကြောင်းဆိုပါတယ်။ ဂျပန်နိုင်ငံ အိုကီနာဝါ စီရင်စု တောင်ဘက်ပိုင်းမှာ ဂျပန်တပ်ဖွဲ့ဝင်များဖြန့်ကြတ်ချထားမှုများ အပါအဝင် အခြားလိုအပ်တဲ့ ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း၊ စပိုင်ဂြိုလ်တု ပျက်ကျလာခဲ့မယ်ဆိုရင် ထိခိုက်ပျက်စီးမှုများ နည်းပါးအောင် ကြိုတင်ပြင်ဆင်ထားရခြင်းဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က အမေရိကန် နဲ့ တောင်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ဖို့ ရည်ရွယ်ပြီး မြောက်ကိုရီးယားနိုင်ငံအတွက် ပထမဆုံး စပိုင်ဂြိုလ်တုကို စီစဉ်ထားတဲ့အတိုင်းလွှတ်တင်သွားမှာဖြစ်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်၊ တောင်ကိုရီးယားတို့ နဲ့ တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီးနောက် ဒုံးကျည်စမ်းသပ်မှုများအပြင် ဂြိုလ်တုလွှတ်တင်မှုများကို အရှိန်မြင့်လုပ်ဆောင်လျက်ရှိနေကြောင်းသိရပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့အမေရိကန်တို့ ပူးတွဲပြုလုပ်တဲ့စစ်ရေးလေ့ကျင့်ခန်းများကို စိတ်ဆိုးဒေါသဖြစ်နေပြီး ကျူးကျော်မှုများအတွက် ပြင်ဆင်ခြင်း၊ ရန်စမှုများ နဲ့ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံကပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ ဂျပန်ရေပိုင်နက်အတွင်းကို မကြာခဏ ကျရောက်ခဲ့ဖူးပြီး ဂျပန်အစိုးရက စိုးရိမ်မှုများဖြစ်ရကြောင်း မကြာခဏပြောဆိုခဲ့ဖူးပါတယ်။ ဂျပန်ကာကွယ် ရေးဝန်ကြီးဌာနဟာ မြောက်ကိုရီးယားရဲ့ စပိုင်ဂြိုလ်တု လွှတ်တင်မယ့်အခြေအနေများကို စောင့်ကြည့်လျက်ရှိနေကြောင်း သိရပါတယ်။
zawgyi version
ေျမာက္ကိုရီးယားရဲ႕ ပထမဆုံး စပိုင္ၿဂိဳလ္တု ျပန္ျပဳတ္က်လာမယ္ဆိုရင္ ပစ္ခ်သြားမွာျဖစ္ေၾကာင္း ဂ်ပန္ကာကြယ္ေရး ဝန္ႀကီးဌာနသတိေပး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၂
ေျမာက္ကိုရီးယားႏိုင္ငံက လႊတ္တင္မယ့္ စပိုင္ၿဂိဳလ္တုဟာ ဂ်ပန္ႏိုင္ငံပိုင္နက္ကို က်ေရာက္လာမယ္ဆိုရင္ေတာ့ ပစ္ခ်သြားမွာျဖစ္ေၾကာင္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီး ယာဆူကာဇု ဟာမာဒါက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဟာ ဂ်ပန္တပ္ဖြဲ႕မ်ားကိုလိုအပ္တဲ့ ျပင္ဆင္မႈမ်ားလုပ္ေဆာင္ထားဖို႔လည္း အမိန႔္ေပးၫႊန္ၾကားထားေၾကာင္းဆိုပါတယ္။ ဂ်ပန္ႏိုင္ငံ အိုကီနာဝါ စီရင္စု ေတာင္ဘက္ပိုင္းမွာ ဂ်ပန္တပ္ဖြဲ႕ဝင္မ်ားျဖန႔္ၾကတ္ခ်ထားမႈမ်ား အပါအဝင္ အျခားလိုအပ္တဲ့ ျပင္ဆင္မႈမ်ားလုပ္ေဆာင္ေနေၾကာင္း၊ စပိုင္ၿဂိဳလ္တု ပ်က္က်လာခဲ့မယ္ဆိုရင္ ထိခိုက္ပ်က္စီးမႈမ်ား နည္းပါးေအာင္ ႀကိဳတင္ျပင္ဆင္ထားရျခင္းျဖစ္ေၾကာင္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္က အေမရိကန္ နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ ၿခိမ္းေျခာက္မႈမ်ားကို တုံ႔ျပန္ႏိုင္ဖို႔ ရည္႐ြယ္ၿပီး ေျမာက္ကိုရီးယားႏိုင္ငံအတြက္ ပထမဆုံး စပိုင္ၿဂိဳလ္တုကို စီစဥ္ထားတဲ့အတိုင္းလႊတ္တင္သြားမွာျဖစ္ေၾကာင္း မၾကာေသးမီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ အေမရိကန္၊ ေတာင္ကိုရီးယားတို႔ နဲ႔ တင္းမာမႈအရွိန္ျမင့္တက္လာခဲ့ၿပီးေနာက္ ဒုံးက်ည္စမ္းသပ္မႈမ်ားအျပင္ ၿဂိဳလ္တုလႊတ္တင္မႈမ်ားကို အရွိန္ျမင့္လုပ္ေဆာင္လ်က္ရွိေနေၾကာင္းသိရပါတယ္။ ေျမာက္ကိုရီးယားဟာ ေတာင္ကိုရီးယားနဲ႔အေမရိကန္တို႔ ပူးတြဲျပဳလုပ္တဲ့စစ္ေရးေလ့က်င့္ခန္းမ်ားကို စိတ္ဆိုးေဒါသျဖစ္ေနၿပီး က်ဴးေက်ာ္မႈမ်ားအတြက္ ျပင္ဆင္ျခင္း၊ ရန္စမႈမ်ား နဲ႔ျပစ္တင္ေဝဖန္ခဲ့ပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံကပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္ေတြဟာ ဂ်ပန္ေရပိုင္နက္အတြင္းကို မၾကာခဏ က်ေရာက္ခဲ့ဖူးၿပီး ဂ်ပန္အစိုးရက စိုးရိမ္မႈမ်ားျဖစ္ရေၾကာင္း မၾကာခဏေျပာဆိုခဲ့ဖူးပါတယ္။ ဂ်ပန္ကာကြယ္ ေရးဝန္ႀကီးဌာနဟာ ေျမာက္ကိုရီးယားရဲ႕ စပိုင္ၿဂိဳလ္တု လႊတ္တင္မယ့္အေျခအေနမ်ားကို ေစာင့္ၾကည့္လ်က္ရွိေနေၾကာင္း သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျာမနီနိုင်ငံက မြန်မာနိုင်ငံအပေါ် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ဆက်လက်ပေးသွားမယ်လို့ဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ