Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရပ်စောက်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအတွင်း (၂)နာရီ‌ကြာ မီးလောင်မှုဖြစ်ပွားခဲ့ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူ

စော (NP News) - ဧပြီ ၂ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ရပ်စောက်မြို့နယ်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၁၉ရက်)၊ ည(၉)နာရီအချိန်ခန့်တွင် ရပ်စောက်မြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများမှ နှစ်နာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရပြီး ည(၁၁)နာရီဝန်းကျင်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

“ဘယ်ကစလောင်တာလဲတော့ အတိအကျ ကျွန်တော်တို့မသိရဘူး။ ကျွန်တော်တို့ ကယ်တဲ့အချိန်မှာ ဆရာတော်တစ်ပါး ပျံလွန်တော်မူသွားတာပဲတွေ့တယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်က တော်တော်များများ လောင်ပြီးသွားပြီ ။ ဦးဇင်းတစ်ပါးကတော့ ကျောင်းဆောင်ပေါ်ကခုန်ချလို့ ထိခိုက်ဒဏ်ရာရသွားပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။ 

ထို့သို့ မီးလောင်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး အခြားသံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါအသင်းမှ ဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် မီးလောင်မှုဖြစ်စဥ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို မသိရသေးကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ ဆိုသည်။

zawgyi version

ရပ္ေစာက္ၿမိဳ႕နယ္ရွိ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းအတြင္း (၂)နာရီ‌ၾကာ မီးေလာင္မႈျဖစ္ပြားခဲ့ရာ သံဃာေတာ္တစ္ပါး ပ်ံလြန္ေတာ္မူ 

ေစာ (NP News) - ဧၿပီ ၂ဝ

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ၊ ရပ္ေစာက္ၿမိဳ႕နယ္တြင္ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္း မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၁၉ရက္)၊ ည(၉)နာရီအခ်ိန္ခန႔္တြင္ ရပ္ေစာက္ၿမိဳ႕နယ္၊ ေဖာင္းေတာေက်း႐ြာအုပ္စု၊ ဘုရားျဖဴေက်း႐ြာတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈကို မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ လူမႈကူညီေရးအသင္းမ်ားမွ ႏွစ္နာရီေက်ာ္ၾကာ မီးၿငိမ္းသတ္ခဲ့ရၿပီး ည(၁၁)နာရီဝန္းက်င္အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။

“ဘယ္ကစေလာင္တာလဲေတာ့ အတိအက် ကြၽန္ေတာ္တို႔မသိရဘူး။ ကြၽန္ေတာ္တို႔ ကယ္တဲ့အခ်ိန္မွာ ဆရာေတာ္တစ္ပါး ပ်ံလြန္ေတာ္မူသြားတာပဲေတြ႕တယ္။ ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္က ေတာ္ေတာ္မ်ားမ်ား ေလာင္ၿပီးသြားၿပီ ။ ဦးဇင္းတစ္ပါးကေတာ့ ေက်ာင္းေဆာင္ေပၚကခုန္ခ်လို႔ ထိခိုက္ဒဏ္ရာရသြားပါတယ္”ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။ 

ထို႔သို႔ မီးေလာင္မႈေၾကာင့္ သံဃာေတာ္တစ္ပါး ပ်ံလြန္ေတာ္မူခဲ့ၿပီး အျခားသံဃာေတာ္တစ္ပါး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အထက္ပါအသင္းမွ ဆက္လက္ေျပာဆိုထားသည္။

လက္ရွိတြင္ မီးေလာင္မႈျဖစ္စဥ္ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးမ်ားကို မသိရေသးေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမွ ဆိုသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမည့် မေလ(၆)ရက်တွင် နေပြည်တော်၌ ကျင်းပမည်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved