လေထုညစ်ညမ်းမှုကို အမြန်ဆုံးဖြေရှင်းရန် မြန်မာ၊ ထိုင်း နှင့် လာအို (၃)နိုင်ငံ အရှိန်အဟုန်ပြင်းစွာဆောင်ရွက်မည်ဟု တပ်ချုပ်ဆို
ယွန်း (NP News) - ဧပြီ ၈
လေထုညစ်ညမ်းမှုကို အမြန်ဆုံးဖြေရှင်းနိုင်ရန် မြန်မာ အပါအဝင် ထိုင်းနှင့် လာအို(၃)နိုင်ငံ ပူးပေါင်းပြီး အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌမှ အသိပေးပြောဆိုခဲ့သည်။
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ(၇)ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော မြန်မာ၊ ထိုင်း၊ လာအို (၃)နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုသည် အာဆီယံဒေသအတွင်းရှိ ထိုင်းနိုင်ငံ အပါ အဝင် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် မကြာခဏဖြစ်ပေါ်လေ့ရှိကြောင်း တပ်ချုပ်မှဆို သည်။
အလားတူ မြန်မာ အပါအဝင် မဲခေါင်ဒေသခွဲနိုင်ငံများတွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာ လမှ စတင်ခဲ့သည့် တောမီးလောင်မှုများကြောင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု ပိုများလာကြောင်း ၎င်းမှဆက်လက်ပြောဆိုထားသည်။
၂ဝ၂၃ ခုနှစ်၊ မတ်လ(၂၃)ရက်မှစပြီး မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် လာအိုနိုင်ငံ တောင်ပိုင်းတို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ ကာလများတွင် မြန်မာနိုင်ငံအတွင်း ရာသီဥတုပူပြင်းမှုကြောင့် နိုင်ငံအရှေ့ပိုင်း တခြမ်းလုံးတွင် တောမီးလောင်ကျွမ်းမှု ပိုများခဲ့ကြောင်း တပ်ချုပ်မှ ဆက်လက်ပြောဆိုခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ဧပြီလ(၄)ရက်အထိ မြန်မာနိုင်ငံ အပါအဝင် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများတွင် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများပြားခဲ့ကြောင်း သိရသည်။
ASEAN Specialized Meteorological Center(ASMC) ၏ ခန့်မှန်းမှုအရ ပူးပြင်းမှု ရာသီ ဥတု အခြေအနေသည် မဲခေါင်ဒေသခွဲနိုင်ငံများတွင် ယခုနှစ် မေလခန့်အထိဖြစ်ပေါ်နိုင်ပြီး မီးလောင်မှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပိုဖြစ်လာနိုင်ကြောင်း တပ်ချုပ်မှ ဆိုသည်။
ထို့ကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများကို မြန်မာ၊ ထိုင်း၊ လာအို(၃) နိုင်ငံ ပူးပေါင်းကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောဆိုထားသည်။
zawgyi version
ေလထုညစ္ညမ္းမႈကို အျမန္ဆုံးေျဖရွင္းရန္ ျမန္မာ၊ ထိုင္း ႏွင့္ လာအို (၃)ႏိုင္ငံ အရွိန္အဟုန္ျပင္းစြာေဆာင္႐ြက္မည္ဟု တပ္ခ်ဳပ္ဆို
ယြန္း (NP News) - ဧၿပီ ၈
ေလထုညစ္ညမ္းမႈကို အျမန္ဆုံးေျဖရွင္းႏိုင္ရန္ ျမန္မာ အပါအဝင္ ထိုင္းႏွင့္ လာအို(၃)ႏိုင္ငံ ပူးေပါင္းၿပီး အရွိန္အဟုန္ျပင္းစြာ ေဆာင္႐ြက္သြားမည္ဟု နစကဥကၠ႒မွ အသိေပးေျပာဆိုခဲ့သည္။
နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဧၿပီလ(၇)ရက္တြင္ ဗီဒီယိုကြန္ဖရင့္စနစ္ျဖင့္ က်င္းပခဲ့ေသာ ျမန္မာ၊ ထိုင္း၊ လာအို (၃)ႏိုင္ငံအၾကား နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴေငြ႕ညစ္ညမ္းမႈဆိုင္ရာ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။
နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴေငြ႕ ညစ္ညမ္းမႈသည္ အာဆီယံေဒသအတြင္းရွိ ထိုင္းႏိုင္ငံ အပါ အဝင္ လာအိုႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔တြင္ မၾကာခဏျဖစ္ေပၚေလ့ရွိေၾကာင္း တပ္ခ်ဳပ္မွဆို သည္။
အလားတူ ျမန္မာ အပါအဝင္ မဲေခါင္ေဒသခြဲႏိုင္ငံမ်ားတြင္ ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္၊ ဒီဇင္ဘာ လမွ စတင္ခဲ့သည့္ ေတာမီးေလာင္မႈမ်ားေၾကာင့္ မီးခိုးျမဴေငြ႕ျဖစ္ေပၚမႈ ပိုမ်ားလာေၾကာင္း ၎မွဆက္လက္ေျပာဆိုထားသည္။
၂ဝ၂၃ ခုႏွစ္၊ မတ္လ(၂၃)ရက္မွစၿပီး ျမန္မာႏိုင္ငံအေရွ႕ပိုင္း နယ္စပ္ေဒသမ်ားႏွင့္ ထိစပ္ေနသည့္ ထိုင္းႏိုင္ငံ ေျမာက္ပိုင္းႏွင့္ လာအိုႏိုင္ငံ ေတာင္ပိုင္းတို႔တြင္ မီးခိုးျမဴေငြ႕ညစ္ညမ္းမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အဆိုပါ ကာလမ်ားတြင္ ျမန္မာႏိုင္ငံအတြင္း ရာသီဥတုပူျပင္းမႈေၾကာင့္ ႏိုင္ငံအေရွ႕ပိုင္း တျခမ္းလုံးတြင္ ေတာမီးေလာင္ကြၽမ္းမႈ ပိုမ်ားခဲ့ေၾကာင္း တပ္ခ်ဳပ္မွ ဆက္လက္ေျပာဆိုခဲ့သည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ဧၿပီလ(၄)ရက္အထိ ျမန္မာႏိုင္ငံ အပါအဝင္ ထိုင္းႏိုင္ငံႏွင့္ လာအိုႏိုင္ငံမ်ားတြင္ မီးခိုးျမဴေငြ႕ျဖစ္ေပၚမႈမ်ားျပားခဲ့ေၾကာင္း သိရသည္။
ASEAN Specialized Meteorological Center(ASMC) ၏ ခန႔္မွန္းမႈအရ ပူးျပင္းမႈ ရာသီ ဥတု အေျခအေနသည္ မဲေခါင္ေဒသခြဲႏိုင္ငံမ်ားတြင္ ယခုႏွစ္ ေမလခန႔္အထိျဖစ္ေပၚႏိုင္ၿပီး မီးေလာင္မႈႏွင့္ နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴေငြ႕ညစ္ညမ္းမႈ ပိုျဖစ္လာႏိုင္ေၾကာင္း တပ္ခ်ဳပ္မွ ဆိုသည္။
ထို႔ေၾကာင့္ မီးခိုးျမဴေငြ႕ညစ္ညမ္းမႈ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို ျမန္မာ၊ ထိုင္း၊ လာအို(၃) ႏိုင္ငံ ပူးေပါင္းကာ အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အသိေပးေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နောင်ချိုမြို့နယ်တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် (၁၁) လအရွယ် ကလေးငယ်အပါအဝင် ကလေး(၂)ဦးသေဆုံးမှုဖြစ်ပွား
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ