နောင်ချိုမြို့နယ်တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် (၁၁) လအရွယ် ကလေးငယ်အပါအဝင် ကလေး(၂)ဦးသေဆုံးမှုဖြစ်ပွား
Pearl (NP News) – ဧပြီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် (၁၁)လနှင့် အသက်(၁၄)နှစ်အရွယ် ကလေးငယ်တို့ သေဆုံးခဲ့ပြီး ကလေးငယ်(၁)ဦး နှင့် အမျိုးသမီး(၂)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၅ ရက် ၊ ညနေ ၅ နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာအတွင်းသို့ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ပေါက်ကွဲမှုကြောင့် အဆိုပါ ကျေးရွာနေ မဝေဝေထွန်း(၁၄)နှစ် နှင့် မောင်ကောင်းထိုက်ဇော်(၁၁)လတို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေါ်ခင်မာအေး ၊ ဒေါ်ဝါဝါထွန်း နှင့် မရှုမဝဝင်းရွှေရည်(၇)နှစ်တို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရန်အတွက် ပြင်ဦးလွင်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။
လက်ရှိတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်း ဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
zawgyi version
ေနာင္ခ်ိဳ႕ၿမိဳ႕နယ္တြင္ ေက်း႐ြာအတြင္းသို႔ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ (၁၁) လအ႐ြယ္ ကေလးငယ္အပါအဝင္ ကေလး(၂)ဦးေသဆုံးမႈျဖစ္ပြား
Pearl (NP News) – ဧၿပီ ၈
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕နယ္၌ အၾကမ္းဖက္သမားမ်ားက ေက်း႐ြာအတြင္းသို႔ လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အသက္ (၁၁)လႏွင့္ အသက္(၁၄)ႏွစ္အ႐ြယ္ ကေလးငယ္တို႔ ေသဆုံးခဲ့ၿပီး ကေလးငယ္(၁)ဦး ႏွင့္ အမ်ိဳးသမီး(၂)ဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဧၿပီလ ၅ ရက္ ၊ ညေန ၅ နာရီအခ်ိန္တြင္ ေနာင္ခ်ိဳၿမိဳ႕နယ္၊ သံဘိုေက်း႐ြာတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာအတြင္းသို႔ အၾကမ္းဖက္အဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ လက္နက္ႀကီးဗုံးသီးမ်ား က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
ေပါက္ကြဲမႈေၾကာင့္ အဆိုပါ ေက်း႐ြာေန မေဝေဝထြန္း(၁၄)ႏွစ္ ႏွင့္ ေမာင္ေကာင္းထိုက္ေဇာ္(၁၁)လတို႔တြင္ ဗုံးသီးစထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေဒၚခင္မာေအး ၊ ေဒၚဝါဝါထြန္း ႏွင့္ မရႈမဝဝင္းေ႐ႊရည္(၇)ႏွစ္တို႔တြင္ ဗုံးသီးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေဆးကုသႏိုင္ရန္အတြက္ ျပင္ဦးလြင္ခ႐ိုင္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားရွိေၾကာင္းသိရသည္။
လက္ရွိတြင္ လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ဖမ္း ဆီးအေရးယူႏိုင္ေရးႏွင့္ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဟာဗန္ဓုလလမ်း နှင့် ဆူးလေဘုရားလမ်းအား သင်္ကြန်ကာလအတွင်း ခေတ္တပိတ်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း