ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
ယွန်း (NSS) - စက်တင်ဘာ ၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်း မာရေးဝန်ကြီးဌာနက စက်တင်ဘာ(၆)ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။
ကျိုက်ထိုမြို့ရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့က ဘားအံမှလာသည့် မှန်လုံယာဥ်အား စစ်ဆေးခဲ့ရာ ခရီးသည်တစ်ဦး၌ မျောက်ကျောက်ရောဂါ သံသယတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားသည် ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်နှာနှင့် အရေ ပြားပေါ်တွင် အရည်ကြည်ဖုနှင့် အသားဖုများထွက်ခြင်း လက္ခဏာများတွေ့ရှိရ၍ ၎င်းအား ကျိုက်ထိုမြို့နယ်ပြည့်သူ့ဆေးရုံ၏ သီးသန့်လူနာဆောင်တွင် ထားရှိ၍ မျောက်ကျောက်ရောဂါနှင့် ရေကျောက်ရောဂါ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။
ထို့ပြင် ကျိုက်ထိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများမှ လူနာနှင့်အတူ ခရီးသည်တင်မော်တော်ယာဥ်တွင် အတူလိုက်ပါလာသည့် ခရီးသည်(၄၆)ဦးတို့ကို တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ သံသယရောဂါလက္ခဏာရှိသူမတွေ့ရကြောင်း သိရသည်။
မျောက်ကျောက်ရောဂါသံသယလူနာ၏ အရည်ကြည်ဖုများမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ စက် တင်ဘာ(၆)ရက်တွင်ပေးပို့ခဲ့ရာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးနှင့် ရေကျောက်ရောဂါဗိုင်းရပ်စ်ပိုးတို့ကို မတွေ့ရကြောင်း ကျန်း မာရေးဝန်ကြီး ဌာနက ဆိုထားသည်။
လက်ရှိတွင် လူနာမှာကိုယ်ခံအားကျဆင်းလျက်ရှိပြီး ရောဂါကြောင့် ဖြစ်ပေါ်နေသော နောက်ဆက်တွဲအရေးပြားရောဂါအား ဆက်လက်၍ ဆေးကုသစောင့်ရှောက်မှုများပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျောက်ကျောက်ရောဂါအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၄ ခုနှစ် ဩဂုတ် လ(၁၄)ရက်နေ့တွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်တွင်းရှိနိုင်ငံတကာလေဆိပ်များ၊ နယ်စပ် ဝင်/ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေသတ်မှတ်ချက်အရ မျောက်ကျောက်ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါး သော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ