ပိုလီယိုကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ဂါဇာဒေသတွင် သုံးရက်ကြာ အပစ်ခတ်ရပ်စဲရေး လုပ်ဆောင်ရန် အစ္စရေးနှင့် ဟားမတ်စ်တို့ သဘောတူ
ဂျန်ဇက် (NSS) - ဩဂုတ် ၃၁
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲကို သုံးရက်ကြာအပစ်ခတ်ရပ်စဲသွားရန် သဘောတူညီခဲ့ကြောင်း၊ အပစ်ခတ်ရပ်စဲထားချိန်ကာလအတွင်းကလေးငယ် (၆၄၀၀၀၀)ကို ပိုလီယိုကာကွယ် ဆေးထိုးနှံပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအတန်းအရာရှိတစ်ဦးက ပြောသည်။
ဂါဇာဒေသရှိကလေးငယ်များအား ပိုလီယိကာကွယ်ဆေးထိုးနှံမှုကို စက် တင်ဘာ ၁ရက်နေ့တွင် စတင်သွားမည်ဖြစ်ပြီး နံနက် ၆ နာရီမှ ညနေ ၃နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးတန်းအရာရှိ ရစ်ပီပါကွန်ကထပ်မံပြောဆိုခဲ့သည်။
ရစ်ပီပါကွန်က ဂါဇာဒေသ စစ်ပွဲသုံးရက်ဆက်တိုက် ရပ်နားထားချိန်အတွင်း ကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းကို ဂါဇာဒေသအလယ်ပိုင်းတွင်စတင်သွားမည်ဖြစ်ကြောင်း၊ လိုအပ်မည်ဆိုလျှင် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးချဲ့နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။ ဂါဇာဒေသတွင် နှစ်ပေါင်း (၂၅)နှစ်အတွင်း ယိုလီယိုရောဂါခံစားနေရသည့် က လေးငယ်တစ်ဦးကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ပြီးနောက် ဟားမတ်စ် နှင့် အစ္စရေးတို့သည် ကလေးငယ်များကို ပိုလီယိုကာကွယ်ဆေးထိုးနှံ့နိုင်ရန်အတွက် အပစ်ခတ်ရပ်စဲရန်သဘောတူညီခဲ့ခြင်းမျိုးဖြစ်ကြောင်းသိရသည်။
ကလေးငယ်များ ပိုလီယိုကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ကုလသမဂ္ဂဝန်ထမ်းများအပြင် ဒေသခံကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီးဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးရှိ ဗိုင်းရပ်စ် ကူးစက်မှုများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးကို (၉၀)ရာခိုင်နှုန်း လွမ်းခြုံနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၂ ခုနှစ်တွင် ပိုလီယိုကာကွယ်ဆေး ထိုးနှံခြင်းလွမ်းခြုံမှုသည် (၉၉)ရာခိုင်နှုန်းရှိခဲ့ပြီး၂၀၂၃ ခုနှစ်တွင် (၈၉)ရာခိုင်နှုန်းသာရှိခဲ့ကြောင်း ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်နီတွင် ဂရိရေနံတင်သင်္ဘောပေါ်တက်နေသည့် ဟူသီတိုက်ခိုက်ရေးသမားများ၏ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ