ပင်လယ်နီတွင် ဂရိရေနံတင်သင်္ဘောပေါ်တက်နေသည့် ဟူသီတိုက်ခိုက်ရေးသမားများ၏ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့
ALynn (NSS) - ဩဂုတ် ၃၁
ယီမင်ရှိ ဟူသီသူပုန်များသည် ယခုလအစောပိုင်းက ပင်လယ်နီတွင် တိုက် ခိုက်ခဲ့သော ရေနံတင်သင်္ဘော Sounion ပေါ်တက်နေသည့် ၎င်းတို့၏တိုက် ခိုက်ရေးသမားများနှင့်သင်္ဘောပေါ်ရှိ ဖောက်ခွဲရေးပစ္စည်းများကို ပြသထားသည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။
ကြာသပတေးနေ့ (ဩဂုတ်လ ၃၀ ရက်)တွင် ထုတ်ပြန်ခဲ့သည့် ဗီဒီယိုဖိုင်ကြောင့် ဂရိအလံလွှင့်တင်သင်္ဘောမှ ရေနံယိုဖိတ်မှုသည် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာကပ်ဘေးဖြစ်စေနိုင်ပြီး ဒေသတွင်း ရေကြောင်းသွားလာမှု အန္တရာယ်ဖြစ်စေနိုင်မည်ကို နိုင်ငံတကာက စိုးရိမ်မှုများဖြစ်ပေါ်လာစေ သည်။ သင်္ဘောသည် ရေနံစိမ်းစည်ပေါင်း တစ်သန်းနီးပါး တင်ဆောင်ထားသည်။
ဟူသီစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Yahya Saree က Sounion သည် ပင်လယ်နီအတွင်း အစ္စရေးသင်္ဘောများကို တိုက်ခိုက်ရန် ယီမင်အုပ်စုက ကြေညာထားသည့် ပိတ်ဆို့ထားမှုကို ချိုးဖောက်ခဲ့သည့် ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုင်ထားကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ယီမင်၏ လက်နက်ကိုင်တပ်ဖွဲ့များအဖြစ် ခံယူထားသည့် ဟူသီများသည် အစ္စရေးနှင့် ဆက်နွှယ်နေသည့် သင်္ဘောများကို ပစ်မှတ်ထားပြီး ပါလက်စတိုင်း (၄၀,၆၀၀)ကျော် သေဆုံးခဲ့သည့် ဂါဇာရှိစစ်ပွဲကို အဆုံးသတ်ရန် အစ္စရေးအစိုးရအား ဖိအားပေးရန် ရည်ရွယ်ထားကြောင်း ၎င်းတို့က ပြောဆိုထား သည်။
ဗီဒီယိုတွင် သင်္ဘော၏အပြင်ဘက် နှင့် သင်္ဘောပေါ်တွင် အော်တိုမက်တစ်လက်နက်ကိုင်ဆောင်ထားသည့် ဟူသီတိုက်ခိုက်ရေးသမားပုံကို ပြသထား သည်။ ရေနံတင်သင်္ဘော၏ မျက်နှာပြင်ပေါ်တွင် ဆက်တိုက်ပေါက်ကွဲသံများကိုလည်း ကြားနေရသည်။ Sunion သည် ဩဂုတ်လ ၂၂ ရက်နေ့တွင် ပထမဆုံး တိုက်ခိုက်ခံခဲ့ရပြီး ၎င်း၏အမှုထမ်းများကို ထိုနေ့တွင်ပင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။
ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန်က ဒေသတွင်းရှိ ၎င်း၏တပ်ဖွဲ့ဝင်များက အခြေအနေကို စောင့်ကြည့်နေကြောင်း၊ ရေနံတင်သင်္ဘောသည် ရေနံယိုစိမ့်နေပုံပေါ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။ Tel Aviv တွင် လူတစ်ဦးသေဆုံးခဲ့သည့် ဟူသီတို့၏ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ပြီးခဲ့သည့်လက အစ္စရေးသည် ယီမင်နိုင်ငံ၏ ဆိပ်ကမ်းမြို့ Hodeidah ကို တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့သည်။ ဟူသီများသည် အဆိုပါ ဗုံးခွဲမှုအတွက် လက်တုံ့ပြန်မည်ဟု ကတိပြုထားသော်လည်း လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း အစ္စရေးကို ကြီးကြီးမားမား တိုက်ခိုက်မှုမပြုလုပ်ခဲ့ပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စပိန်အမျိုးသားတစ်ဦးက ဖုန်းအလုံးရေ (၃၆၁၅)လုံးကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း