စပိန်အမျိုးသားတစ်ဦးက ဖုန်းအလုံးရေ (၃၆၁၅)လုံးကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိ
Pika (NSS) - ဩဂုတ် ၃၁
Nokia ဖုန်းများကို ကြိုက်နှစ်သက်သည့် စပိန်အမျိုးသားတစ်ဦးသည် မတူညီသောဖုန်းအလုံးရေ (၃၆၁၅)လုံးကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ် စံချိန်ရရှိခဲ့ကြောင်းသိရသည်။
ဘာစီလိုနာမြို့တွင် နေထိုင်သည့် Wences Palau Fernandez က ၎င်းသည် (၁၉၉၉) ခုနှစ် ခရစ္စမတ်ကာလတွင် မီးခိုးရောင် Nokia 3210 ဖုန်းကို စတင်လက်ခံရရှိခဲ့ပြီးနောက် (၂၀ဝ၈) ခုနှစ်တွင် ယခင်ကဝယ်ယူရန်မတတ်နိုင်ခဲ့သော Nokia ဖုန်းများကို စတင်စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် Wences Palau Fernandez သည် ၎င်း၏ကမ္ဘာ့အကြီးဆုံးမိုလ်ဘိုင်းဖုန်းစုဆောင်းမှုတွင် အခြားသောဖုန်းအမှတ်တံဆိပ်များကို စုဆောင်းရန် ဆုံးဖြတ်ခဲ့ကြောင်းလည်းသိရသည်။
Wences Palau Fernandez က ‘‘ကျွန်တော့်ရဲ့ ဖုန်းစုဆောင်းမှုက တောက် လျှောက် ဆင့်ကဲပြောင်းလဲလာတာပါ။ ဒါပေမဲ့ ကျွန်တော် တစ်နှစ်လောက် တော့ ဖုန်းစုဆောင်းတာကို စွန့်လွှတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ Nokia က ဈေးကွက်ကို ရောင်းချခဲ့တဲ့ ဖုန်း တွေအားလုံးနဲ့ ရောင်းချတာမျိုးမရှိတဲ့ ရှေ့ပြေးပုံစံဖုန်းတွေကို ရရှိနိုင်ဖို့အတွက် စုဆောင်းမှုတွေကို ကျွန် တော်ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်”ဟုပြောဆိုခဲ့သည်။ Wences Palau Fernandez ၏ စုဆောင်းမှုအတွင်း ထူးခြားသော ဖုန်းအချို့မှာ Nokia 3220 Star Wars Episode 3 Edition မှ Yoda, Starfighter, Obi-Wan Kenobi, Cyborg နှင့် Padawan ဗားရှင်းများဖြစ်ကြောင်းသိရသည်။ ၎င်းက ‘‘ကျွန်တော့်ရဲ့စုဆောင်းမှု အတွင်းမှာ သီးသန့်ရှိပြီးရှာရခက်တဲ့ မော်ဒယ်တွေ ရှိပါတယ်။ ကျွန်တော့်ရဲ့ လက်ရှိစုဆောင်းမှုဟာ ဇွဲလုံ့လနဲ့ငွေ ကြေးအားစိုက်ထုတ်မှုများစွာရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ စုဆောင်းမှုတွေက မပြီးပြတ်သေးပေမယ့်လည်း တတ်နိုင်သမျှဆက်လက်စုဆောင်းသွားမှာပါ”ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တေလာဆွစ်ဖ်ဖျော်ဖြေပွဲတွင် ပရိသတ်များအား အကြမ်းဖက်ရန် ကြံစည်သူများအား CIA ဖော်ထုတ်
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ