တေလာဆွစ်ဖ်ဖျော်ဖြေပွဲတွင် ပရိသတ်များအား အကြမ်းဖက်ရန် ကြံစည်သူများအား CIA ဖော်ထုတ်
ALynn (NSS) - ဩဂုတ် ၃၁
ယခုလအစောပိုင်းက ဗီယင်နာတွင်ကျင်းပပြုလုပ်သည့် တေလာဆွစ်ဖ် ဖျော်ဖြေပွဲ၌ အကြမ်းဖက်သမားများသည် လက်လုပ်ဖောက်ခွဲရေးပစ္စည်းများနှင့် ဓားများအသုံးပြု၍ ပွဲလာပရိသတ်များကို သတ်ပစ်ရန် ရည်ရွယ်ထားကြောင်း CIA လက်ထောက်ညွှန်ကြားရေးမှူး David Cohen က ပြောကြားခဲ့ပြီး တိုက်ခိုက်မှုနှင့်ပတ်သက်၍ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီမှ သြစတြီးယားအာဏာပိုင်များအား သတိပေးထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Cohen ၏ ပြောကြားချက်အရ တိုက်ခိုက်သူများသည် ISIS နှင့် ဆက်နွှယ်နေကြောင်း သိရသည်။ "CIA နှင့် ကျွန်ုပ်တို့၏ထောက်လှမ်းရေးအသိုက် အဝန်းရှိ လုပ်ဖော်ကိုင်ဖက်များက ISIS နှင့် ဆက်နွှယ်သောအဖွဲ့၏ စီစဉ်နေသည့် အကြမ်းဖက်လုပ်ရပ်နှင့် သက်ဆိုင်သောအချက်အလက်များကို ပေးပို့လာသောကြောင့် သြစတြီးယားလုံခြုံရေးတပ်ဖွဲ့များသည် သံသယရှိသူ များကိုဖမ်းဆီးနိုင်ခဲ့ကြောင်း” ပြောကြားခဲ့သည်။
သြဂုတ်လ ၈ ရက်တွင် Eras Tour ၏ ဥရောပအကျော့တစ်စိတ်တစ်ပိုင်းအနေဖြင့် ဗီယင်နာတွင် စတင်ရန် စီစဉ်ထားသည့် Swift ဖျော်ဖြေပွဲ သုံးခုအနက်မှတစ်ခုကို တိုက်ခိုက်ရန် ကြံစည်သူများက စီစဉ်ခဲ့ကြောင်း သိရသည်။ သို့သော် ပွဲစီစဉ်သူ Barracuda Music မှ အာဏာပိုင်များ၏ ကြံစည်မှုနှင့် ပတ်သက်၍ သတင်းပေးချက်များကို ရရှိပြီးနောက် ရှိုးပွဲများကို ဖျက်သိမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။
ကြံစည်မှုတွင် အဓိကသံသယရှိသူကို အသက် (၁၇)နှစ်အရွယ် ကြံရာပါတစ်ဦးနှင့်အတူ သြဂုတ် ၆ ရက်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဩစတြီးယားတာဝန်ရှိသူများက ပြောသည်။ ဩဂုတ်လ ၈ ရက်နေ့တွင် (၁၈)နှစ်အရွယ်၊ နောက်ထပ် သံသယရှိသူကိုလည်း ဖမ်းဆီးခဲ့သည်။ တိုက်ခိုက်မှု နောက် ကွယ်မှ အဓိကတရားခံသည် အသက်(၁၉)နှစ်ရှိသူဖြစ်ပြီး ISIS အဖွဲ့အား သစ္စာခံထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"လွတ်တဲ့ငါး မကြီးရအောင်" (ဆောင်းပါး)
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ