Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံအနေဖြင့် မျောက်ကျောက်ရောဂါကို စောင့်ကြည့်စာရင်းတွင် ထည့်သွင်းဆောင်ရွက်သင့်ကြောင်း အကြံပြု

စော (NSS) - ဩဂုတ် ၂၇

မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် စောင့်ကြည့်ရောဂါများစာရင်းတွင် ထည့်သွင်းကာ ဆောင်ရွက်သင့်ကြောင်း အကြံပြုမှု များရှိနေသည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က မျောက်ကျောက် (Mpox) ရောဂါကူးစက်မှုကို  နိုင်ငံတကာ ပြည်သူ့ ကျန်းမာ ရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် (၂၀၂၄) ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် ကြေညာခဲ့ကြောင်း သိရသည်။ ထိုသို့ ကြေညာခဲ့ပြီးနောက် ဆွီဒင်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံများတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသူများကို တွေ့ရှိခဲ့ရပြီး အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် ရောဂါကူးစက်ခံထားရသည်ဟု ယူဆရသည့် သံသယဖြစ်ဖွယ် ပထမဆုံးလူနာကို တွေ့ရှိခဲ့၍ မြန်မာနိုင်ငံရှိ ပြည်သူလူထုများအကြား စိုးရိမ်ပူပန်မှုများရှိလာကြောင်း သိရသည်။ 

‘ကျွန်တော်သိသလောက်ပြောပြရမယ်ဆိုရင်တော့  ဒီဟာက နိုင်ငံတကာမှာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အနေနဲ့ သတ်မှတ်ထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကလည်း စောင့်ကြည့်ရောဂါများစာရင်းထဲ ကိုထည့်ပြီးတော့ လုပ်ဆောင်သင့်တာတွေ လုပ်ဆောင်နေလိမ့်မယ်လို့ ထင်ပါတယ်’ဟု ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာမှ အထူးကုသမားတော် ဒေါက်တာပြည့်ထူးက NSS ကို ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာလေ ဆိပ်များနှင့် ရေလမ်းခရီးလမ်းကြောင်းများမှ ရောက်ရှိလာသော ခရီးသည်များအနေဖြင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ကိုဖြည့်သွင်းပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာများကို မဖြတ်သန်းခင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနဝန်ထမ်းများထံ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက နှီးနွှယ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး)တို့တွင် ကိုယ် အပူချိန်တိုင်းတာခြင်း၊ ပြည်ပဆိုက်ရောက်ခရီးသည်များ၏ ကျန်းမာရေး ကြေညာချက်ကို ကျန်းမာရေးတာဝန်ရှိ သူများ က စစ်ဆေးခြင်း၊ ခရီးသည်များကို မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ထားရှိခြင်း အစရှိသော ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မျောက်ကျောက် ရောဂါကာကွယ်ရေး အတွက် ကရင်ပြည်နယ် မြဝတီမြို့နယ်စပ် ဝင်၊ ထွက် ဂိတ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ မွေတော်ကျွန်း လူဝင်/လူထွက် စစ်ဆေးရေး ကင်းစခန်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ တံတားအမှတ် (၁) နယ်စပ်ဝင်ထွက်ဂိတ်များတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။

‘မျောက်ကျောက်ရောဂါဆိုတာက ဗိုင်းရပ်စ် ကြောင့်ဖြစ်တာပေါ့နော်။ အခုမှ အသစ်အဆန်း ဖြစ်နေလို့သာ လူတွေက အရမ်းကြောက်တဲ့ရောဂါထဲမှာ ဖြစ်နေတာပါ။ အရမ်းကြီး သေဆုံးမှုမြင့်မားတဲ့၊ လူတွေကိုအများကြီး ထိခိုက် နိုင်တဲ့ ရောဂါထဲမှာတော့ ဆရာဝန်တစ်ယောက်အနေနဲ့ပြောရရင် မပါဘူးလို့ ပြောလို့ရတယ်။ မိုးရာသီမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ သွေးလွန်တုပ်ကွေးကတောင် အဲဒီထက် သေဆုံးမှုနှုန်းပို များတယ်။ အရမ်းကြီးကြောက်ရမယ့် ရောဂါတော့ မဟုတ်ဘူး’ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေသတ်မှတ်ချက်အရ မျောက်ကျောက်ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေ၍ ပြည်သူ လူထုအနေဖြင့် ရောဂါကူးစက် ဖြစ်ပွားမှုမှကာကွယ်နိုင်ရန် ကျန်းမာရေးအသိပညာပေးခြင်း၊ နိုင်ငံအတွင်းသို့ ရောဂါကူးစက် ဝင်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားမှုစောင့် ကြပ်ကြည့်ရှုခြင်း၊ ထိန်းချုပ်တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မွတ်စလင်အဖွဲ့က ကမ်မလာဟားရစ်ကို ထောက်ခံမှု ရုပ်သိမ်း

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved