မွတ်စလင်အဖွဲ့က ကမ်မလာဟားရစ်ကို ထောက်ခံမှု ရုပ်သိမ်း
Alynn (NSS) - ဩဂုတ် ၂၇
ချီကာဂိုမြို့တွင်ကျင်းပသည့် ကွန်ဗင်းရှင်းတွင် ပါလက်စတိုင်းထောက်ခံသည့် ဟောပြောသူ များကို ဒီမိုကရက်များက နေရာမပေးခဲ့သောကြောင့် Muslim Women for Harris အဖွဲ့က အမေရိကန် ဒုသမ္မတ ကမ်မလာဟားရစ် အပေါ်ထောက်ခံမှုကို ရုပ်သိမ်းလိုက်သည်။ ပါလက်စတိုင်း လိုလားသော တက်ကြွလှုပ်ရှားသူများနှင့် မဟာမိတ်အဖွဲ့များက အစ္စရေးကို စစ်ရေးအကူအညီများ ဖြတ်တောက်ရန် နှင့် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ပိုမိုအားကောင်းလာစေရန် ဟားရစ်ကို တောင်းဆိုထားသည်။ ကြာသ ပတေးနေ့တွင် ပြီးဆုံးမည့် ဒီမိုကရက်တစ် အမျိုးသား ညီလာခံ (DNC) တွင် ၎င်းတို့၏ ရပ်တည်ချက်ကို အသံလွှင့်ရန် စီစဉ်ခဲ့သည်။
ကြာသပတေးနေ့ အစောပိုင်းတွင် Uncommitted National Movement ခေါင်းဆောင်တစ်ဦး ဖြစ်သည့် Abbas Alawieh က ဒီမို ကရက်များသည် ပါလက်စတိုင်း အမေရိကန်များကို DNC တွင် စကား ပြောဆိုခွင့် မပြုခဲ့ကြောင်း ဖော်ပြခဲ့ သည်။ “ ဒါက လက်ခံနိုင်စရာ မရှိပါဘူး။ ဒီပါတီဟာ လူတွေရဲ့အသံ ကို တိတ်ဆိတ်အောင်မလုပ်သင့်ဘူး လို့ ကျွန်တော်တို့ထင်ပါတယ်” ဟု X တွင် တင်ထားသော ဗီဒီယိုတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။
Washington Post သတင်းစာ၏ အဆိုအရ ပါလက်စတိုင်းလိုလားသော မိန့်ခွန်းသည် စည်းဝေး ပွဲတွင် စည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်လာနိုင်သည်ဟု ဒီမိုကရက်တစ်ခေါင်းဆောင်များက စိုးရိမ်နေ ကြခြင်းဖြစ်သည်။ သို့သော် ထိုကဲ့သို့ ငြင်းဆိုမှုအတွက် တိကျသော အကြောင်းပြချက် မပေးခဲ့ဟု Post က ဆိုသည်။
ကြာသပတေးနေ့ညက ဟားရစ်၏ DNC မိန့်ခွန်းတွင် ဟားမတ်စ်ကဖမ်းဆီးထားသော ကျန်ရှိ သည့် အစ္စရေးဓားစာခံများကို လွှတ်ပေးရန်နှင့် အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန် အိမ်ဖြူတော်က အချိန်ပြည့်လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူက “ အစ္စရေးတွင် ကိုယ်ပိုင်ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း ထပ်မံအ တည်ပြုခဲ့သည်။ သမ္မတ ဂျိုးဘိုင်ဒန်သည် ပြီးခဲ့သည့် လက ရွေးကောက်ပွဲမှ နုတ်ထွက်ပြီးနောက် ဟားရစ် သည် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့သည်။ နိုဝင်ဘာလရွေးကောက်ပွဲတွင် ရီပတ် ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံရေးက ထန်ထန် ဝန်ကြီးချုပ်အတွေ့အကြုံက နုနု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ