Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းနိုင်ငံရေးက ထန်ထန် ဝန်ကြီးချုပ်အတွေ့အကြုံက နုနု

သန်းထိုက်စိုး (NSS) - ဩဂုတ် ၂၇

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်အသစ်တစ်ယောက် တက်လာခဲ့ပြန်ပြီ ဖြစ်သည်။ အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးဖြစ်သူ ဆာရက်ထာသာဝီဆင်အား ထိုင်းဖွဲ့ စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် အသက်(၃၇)နှစ်အရွယ်ရှိ ပေထုံတန်အား   ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက် ခဲ့ကြသည်။ တရားရုံးအရာရှိတစ်ဦးကို လာဘ်ပေးမှု ဖြင့် ထောင်ဒဏ်ချမှတ်ခံရဖူးသူတစ်ဦးကို ထိုင်းအစိုးရအဖွဲ့တွင် ဝန်ကြီးရာထူးနေရာခန့်အပ်ခဲ့ခြင်းနှင့်ပတ် သက်၍ ကျင့်ဝတ်ဆိုင်ရာဖောက်ဖျက်မှုဖြင့် ဆာရက်ထာသာဝီဆင်ကို ထိုင်းဖွဲ့စည်းပုံဆိုင်ရာခုံရုံးက (၅) မဲ (၄)မဲဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ် သည်။ ထိုသို့ဖယ်ရှားပြီးနောက် ပါတီအသီးသီးမှ တင်သွင်းသည့်ကိုယ်စားလှယ်လောင်းများကို မဲပေးရွေး ချယ်ခဲ့ရာ ပေထုံတန်အား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။   

ဖြူထိုင်းပါတီသည် ထိုင်းညွန့်ပေါင်းအစိုးရတွင် အင်အားအကြီးဆုံးဖြစ်ပြီး သာဝီဆင် ဖယ်ရှားခံရပြီး နောက် ပေထုံတန်အားဝန်ကြီးချုပ်အဖြစ် တင်မြှောက် ခဲ့ကြခြင်းဖြစ်သည်။ ပေထုံတန်သည် ဝန်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ အငယ်ဆုံးသမီး ဖြစ်သည်။ သူ၏အဒေါ်ဖြစ်သူ ယင်လတ်ရှင်နာဝပ်ထ ရာသည် (၂၀၁၄) ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ ဖယ် ရှားခံခဲ့ရသည်။ ပေထုံတန်သည် ဖခင်ဖြစ်သူ သက်ဆင်နှင့် အဒေါ်ဖြစ်သူ ယင်လတ်ပြီးလျှင် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်သည့် ရှင်နာဝပ်ထရာ မိသားစု၏ တတိယမြောက်မျိုးဆက်တစ်ဦးဖြစ်သည်။ သက်ဆင် ၏ ယောက်ဖဖြစ်သူ  Somchai Wongsawat သည် လည်း (၂၀ဝ၈) ခုနှစ်တွင် ဝန်ကြီးချုပ်တာဝန်ကို ခေတ္တထမ်းဆောင်ခဲ့ဖူးသည်။ သက်ဆင်နှင့်ညီမဖြစ်သူ ယင်လတ်တို့သည် ထိုင်းတပ်မတော်က အာဏာရယူပြီးနောက် ပြည်ပသို့ထွက်ပြေးခဲ့ရသည်။ 

ပေထုံတန်သည် ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ၊ လူမှုဗေဒ၊ မနုဿဗေဒနှင့် အင်္ဂလန်နိုင်ငံ ဆရာရေးတက္ကသိုလ်မှ ဟိုတယ်ဆိုင်ရာ စီမံခန့်ခွဲမှု မဟာဘွဲ့ရရှိခဲ့သူလည်း ဖြစ်သည်။ ပေထုံ တန်သည် (၂၀၂၂)ခုနှစ်တွင် ဖြူထိုင်းပါတီ ခေါင်း ဆောင်အဖြစ် တင်မြှောက်ခံခဲ့ရသည်။ ဖြူထိုင်းပါတီ သည် (၂၀၂၃) ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယမဲ အများဆုံးရရှိခဲ့သည်။ သူသည် ရွေးကောက်ပွဲကာလ တွင် ကိုယ်ဝန်အရင့်အမာကြီးဖြင့် မဲဆွယ်စည်းရုံး ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ မဲအများဆုံးရရှိ ခဲ့သည့် ရှေ့သို့ချီ (Move Forward Party) ခေါင်းဆောင်ပီတသည် နှစ်ရှည်နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံ ခဲ့ရပြီး ပါတီမှာလည်း ဖျက်သိမ်းခံခဲ့ရသည်။ ထို့နောက် ဖြူထိုင်းပါတီသည် ထိုင်းအစိုးရကို ဦးဆောင်ဖွဲ့စည်းခဲ့ သည်။ ယခုအခါ ဖျက်သိမ်းခံခဲ့ရသည့် ရှေ့သို့လှမ်းချီ ပါတီမှာလည်း ပါတီသစ်တစ်ခု ထပ်မံဖွဲ့စည်းတည်ထောင်ခဲ့ပြီးဖြစ်သည်။ 

ရှေ့သို့ချီပါတီကိုဆက်ခံသည့် ပါတီသစ်ခေါင်းဆောင်Natthaphong Ruengpanyawut က လည်း ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်ပြီး အီလစ်အလွှာများ အသုံးပြုလေ့ရှိသည့် ဥပဒေရေးရာ နည်းနာများကို ပြစ်တင်ရှုတ်ချကြောင်း၊ အရေးကြီးကိစ္စများကို ဦးစားပေး ကိုင်တွယ်ဖြေရှင်းရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်သစ် ပေထုံတန်ကို တိုက်တွန်းပြောဆိုခဲ့သည်။ ထိုင်း နိုင်ငံရေးတွင် တော်ဝင်မိသားစု၏ လုပ်ပိုင်ခွင့်အာဏာ ကိုခြိမ်းခြောက်နိုင်သည့် မည်သည့်ခေါင်းဆောင် (သို့မဟုတ်) မည်သည့်နိုင်ငံရေး အင်အားစုကိုမဆို တားမြစ်နိုင်ရေးအတွက် ထိုင်းနိုင်ငံရေးတွင် တရားစီ ရင်ရေးအရ ပါဝင်စွက်ဖက်နိုင်သည့် အခွင့်အာဏာ ပေးအပ်ထားသည်ဟု ဝေဖန်နေကြသည်။ ဝန်ကြီးချုပ် ဆာရက်သာဝီဆင်ကို ဖယ်ရှားလိုက်ခြင်းမှာ ဝန်ကြီး ချုပ်သက်ဆင်နှင့် ဖြူထိုင်းပါတီကို လွန်ခဲ့သည့်နှစ်က ရရှိထားသည့် နိုင်ငံရေးသဘောတူညီချက်ကို လေး စားရန်အချက်ပြလိုက်ခြင်းဖြစ်သည်ဟုလည်း သုံးသပ်နေကြသည်။ အဆိုပါ သဘောတူညီချက်အရ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ပြည်ပတွင် နှစ် ပေါင်းများစွာနေထိုင်ရာမှ ပြည်တော်ပြန်ဝင်ခွင့်ပြုခဲ့ သည်။ ဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် (၂၀၂၃) ခုနှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခဲ့ရာ ထောင်ဒဏ်(၈)နှစ်ချမှတ်ခံခဲ့ရသည်။ သို့ သော် နောက်ပိုင်းတွင် ဘုရင်၏လွတ်ငြိမ်းခွင့်ဖြင့် ထောင်ဒဏ်တစ်နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။ သို့ သော် သက်ဆင်သည် ထောင်ထဲတွင် တစ်ရက်မှပင် နေခဲ့ရခြင်းမရှိဘဲ ရဲအထွေထွေ ဆေးရုံတွင်(၆)လခန့် နေပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည်။

သက်ဆင်နှင့် တော်ဝင်မိသားစုတို့၏ နိုင်ငံရေး သဘောတူညီချက်အရ ဘုရင်စနစ်ပြုပြင် ပြောင်းလဲ ရေးနှင့်ပတ်သက်၍ တိုက်ရိုက်စိန်ခေါ်ခဲ့သည့် ရှေ့သို့ ချီပါတီ ဘေးရောက်သွားခဲ့သည်ဟုလည်းဆိုကြသည်။ ရှေ့သို့ချီပါတီသည် ရွေးကောက်ပွဲစည်းရုံးရေးကာလ တွင် ရွေးကောက်ခံရပါက စီးပွားရေးလက်ဝါးကြီး အုပ်ထားမှုကို ဖျက်သိမ်းခြင်း၊ ဘုရင်စနစ်နှင့် ပတ် သက်၍ ပြုပြင်ပြောင်းလဲမှုများပြုလုပ်မည်ဟု ကတိ ပြုခဲ့သည်။ ထိုင်းနိုင်ငံတွင် ဘုရင်နှင့် တော်ဝင်မိသားစု အား ဝေဖန်ခြင်းသည် ရာဇဝတ်မှုပြစ်မှုမြောက်သည်။ ရှေ့သို့ချီပါတီကို ထိုင်းတပ်မတော်ကခန့်အပ် ထားသည့်ဥပဒေပြုအမတ်များက အစိုးရဖွဲ့စည်းခြင်း မပြုနိုင်စေရန် ပိတ်ပင်ခဲ့သည်။ ဘုရင်စနစ် ပြုပြင် ပြောင်းလဲရန် ကတိပြုလိုက်ခြင်းသည် ပါတီဖျက်သိမ်း ခံရခြင်းဆီသို့ ဦးတည်စေခဲ့သည်။ 

နောက်ထပ် ရှင်နာဝပ်ထရာတစ်ဦးဖြစ်သည့် ပေထုံတန်ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင် မြှောက်လိုက်ခြင်းမှာ ဘီလျံနာသူဌေးကြီး သက်ဆင် ၏ကိုယ်ပွားတစ်ဦး ရွေးချယ်ခံလိုက်ရခြင်းပင်ဖြစ် သည်။ အကယ်၍ ဆရက်သာဝီဆင်ကို ဖယ်ရှားလိုက် ခြင်းသည် သက်ဆင်၏ နိုင်ငံရေးအခန်းကဏ္ဍအပေါ် ရှေးရိုးစွဲတို့၏ မတည်မငြိမ်ဖြစ်အောင်ပြုလုပ်ခြင်းနှင့် ဆက်စပ်နေပါက သက်ဆင်၏သမီးကို ရွေးချယ်လိုက် ခြင်းမှာလည်း ရှေးရိုးစွဲတို့၏စိုးရိမ်မှုကို သက်သာရာရစေရန် ဖြစ်နိုင်ဖွယ်ရာမရှိဟု ယူဆချက်များလည်းရှိသည်။ 

အချက်အလက်များအရ ကြည့်ပါက ပေထုံတန် သည် နိုင်ငံရေးအတွေ့အကြုံနည်းလွန်းနေသေးရာ ဖခင်ဖြစ်သူ၏ နိုင်ငံရေး အရိပ်အာဝါသတွင် ခိုလှုံရန် လိုအပ်မည်ဖြစ်သည်။ လေ့လာသူများကလည်း ပေ ထုံတန်ကို သက်ဆင်၏ကိုယ်ပွားအဖြစ် ရှုမြင်ထားကြ သည်။ ပေထုံတန်ကိုယ်တိုင်ကလည်း "ဘဝမှာ ကောင်းတာဆိုးတာ ဘာလုပ်လုပ် အဖေက အနားမှာ အမြဲရှိတယ်၊ နောက်ကွယ်က ထိန်းချုပ်လည်း ဘာအရေးစိုက်ရမလဲ၊ ဘဝမှာ တတ်နိုင်သရွေ့ သူရှိနေစေချင်တယ်၊ တိုင်းပြည်အနာဂတ်အတွက် လူထု လက်ထဲ အာဏာပြန်လွှဲပေးဖို့ဟာ အဓိကပါပဲ၊ အဲဒီ အဓိကနေရာကနေစရမှာပဲ”ဟု ထုတ်ဖော်ပြောဆို ထားသည်။ ဝန်ကြီးချုပ် ပေထုံတန်ကို စောင့်ကြည့် နေကြမည်မှာသေချာသည်။ သူသည် ဖိအားအများ အပြားနှင့်ရင်ဆိုင်ရနိုင်သည်။ သူ့အနေဖြင့် ဖခင် သက်ဆင်အပေါ်တွင် မှီခိုနေရမည်မှာသေချာသည်ဟု ချူလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံပညာ ရှင်တစ်ဦးဖြစ်သူ Thitinan Pongsudhirak က AFP သတင်းဌာနကို ပြောဆိုထားသည်။ 

ရှေ့သို့ချီပါတီကိုဆက်ခံသည့် ပြည်သူ့ပါတီသည် လည်း ထိုင်းနိုင်ငံတွင် ရေပန်းစားသည့်ပါတီတစ်ခု ဖြစ်သည်။ လက်ရှိရပ်တည်ချက်အတိုင်းဆိုပါက ပြည်သူ့ပါတီသည် (၂၀၂၇) ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အောင်မြင်မှု ကြီးကြီးမားမားရရှိနိုင်သည်။ ထိုသို့ရရှိခဲ့မည်ဆိုပါက ဥပဒေပြုအမတ်များ အနေဖြင့် ယခင်နှစ်ကလုပ်ခဲ့သည့်နည်းအတိုင်း ပိတ်ပင်တားမြစ်ခြင်း၊ ဖယ်ရှားခြင်းမျိုး ပြုလုပ်နိုင်တော့ မည်မဟုတ်ပါ။ ဝန်ကြီးချုပ်ပေထုံတန်အနေဖြင့် ၎င်း ၏ဝန်ကြီးချုပ် သက်တမ်းကာလအတွင်း လိမ္မာပါးနပ်စွာ စီမံခန့်ခွဲနိုင်သည့်တိုင်အောင် လွန်ခဲ့သည့် ဆယ်စု နှစ်နှစ်ခုခန့်ကရှိလာခဲ့သည့် ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုမှာ ခဏချင်းအတွင်း အဆုံးသတ်နိုင်ဖွယ်မရှိသေးပါ။ 

ထိုင်းနိုင်ငံရေးသည် အလှုပ်အရမ်းများသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၊ ယင်လတ်နှင့် ဆာရက် သာဝီဆင်တို့သည်လည်း ထိုင်းနိုင်ငံရေးအလှုပ်အရမ်း များ၏ ရိုက်ခတ်မှုကိုခံခဲ့ကြရသည်။ ပေထုံတန်သည် လည်း ဖခင်၏ နိုင်ငံရေးဩဇာအရှိန်အဝါဖြင့် ဝန်ကြီး ချုပ်ရာထူးနေရာသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံရေးအတွေ့အကြုံမှာ နုနယ်လွန်းလှသည်။ ထိုင်း နိုင်ငံရေးလှိုင်းလုံးများ၏ ရိုက်ပုတ်မှုဒဏ်ကို ခံနိုင်ရည် ရှိမှသာ သက်တမ်းပြည့် တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ထိုင်းနိုင်ငံရေးကား ခက်ခဲရှုပ်ထွေးလွန်း သည်။ ဝန်ကြီးချုပ်က နုနယ်လွန်းသည်။ မြန်မာတို့၏ နားနှင့်ယဉ်အောင် ပြောရမည်ဆိုပါက ထိုင်းနိုင်ငံရေး က ထန်ထန်၊ ဝန်ကြီးချုပ် အတွေ့အကြုံက နုနုဟု ဆိုချင်သည်။     

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်ကုမ္ပဏီအများအပြားက AI နည်းပညာကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved