Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ(၅၅၀)ကျော်ရှိလာပြီး ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ်မျိုးကွဲအသစ် ကူးစက်ခံရသူတွေ့ရှိ

ဂျန်ဇက် (NSS) - ဩဂုတ် ၂၆

အာဖရိကတိုက်တွင်စတင်ဖြစ်ပွားခဲ့သော မျောက်ကျောက် ဗိုင်းရပ်စ် (စြသထ) ကူးစက်ရောဂါ ကြောင့် ကမ္ဘာတဝန်းတွင် (၂၀၂၄)ခုနှစ် နှစ်စပိုင်းမှ ဩဂုတ် (၂၃)ရက်နေ့အထိ အနည်းဆုံး လူပေါင်း (၅၅၀)ကျော်သေဆုံးခဲ့ပြီး အာဆီယံဒေသတွင်းနိုင်ငံများအနက် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အင်ဒိုနီးရှား နှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း မျောက်ကျောက်ရောဂါ ကူးစက်ခံရသူများရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ 


အဆိုပါ မျောက်ကျောက်ဗိုင်းရပ်စ် (Mpox) ကူးစက်ရောဂါသည် အာဖရိတိုက်အပြင် ဘက် နိုင်ငံများသို့ကူးစက်လာနေပြီး ဥရောပတိုက်ရှိ နိုင်ငံအချို့နှင့် အာရှတိုက်ရှိနိုင်ငံအချို့တွင် ကူးစက်မှုများရှိလာနေကြောင်းသိရသည်။ မျောက်ကျောက်ရောဂါသည် လိင်ဆက်ဆံမှု၊ အသားအရေချင်းထိတွေ့မှု၊ ရောဂါရှိသူတစ် ဦးနှင့် နီးနီးကပ်ကပ်စကားပြောခြင်း သို့မဟုတ် အ သက်ရှူလမ်းကြောင်း အနီးကပ်ထိတွေ့မှုများမှ ကူးစက်ခံရ နိုင်ခြေများပြီး ကူးစက်ခံရပြီးချိန်တွင်လည်း တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများ၊ အရေပြားကွဲ အက်ခြင်းနှင့် သေဆုံးခြင်းများ ဖြစ်လာနိုင်ဖွယ်ရှိနေပြီး ကူးစက်ခံရမှု (၁၀ဝ)တွင် (၄)ခုက အသက်သေဆုံးမှု အထိ ဖြစ်လာနိုင်ကြောင်းသိရသည်။ 

မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်တွင် မျိုး ကွဲနှစ်ခုရှိနေပြီး ပထမမျိုးကွဲဗိုင်းရပ်စ်သည်  (Clade 1) ဟုခေါ်ဆိုပြီး ဒုတိယမျိုးကွဲဗိုင်းရပ်စ်က (Clade 2) ဟုခေါ်ဆိုကြကြောင်းသိရသည်။ ပထမမျိုးကွဲဗိုင်းရပ်စ်ဖြစ်သော (Clade 1) သည် ရောဂါစတင်ရာ ကွန်ဂိုနိုင်ငံအပါအဝင် အာဖရိကတိုက်အလယ်ပိုင်းရှိ နိုင်ငံများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ကွန်ဂိုနိုင်ငံတွင် ယခုနှစ်အစောပိုင်းတည်းကလက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါကူးစက်ခံရမှုများ ကြောင့် အနည်းဆုံးလူပေါင်း (၅၄၇)ဦးသေဆုံးထားသည်။ ပထမမျိုးကွဲဗိုင်းရပ်စ်ဖြစ်သော (Clade 1) သည် ဒုတိယမျိုးကွဲဖြစ်သော (Clade 2) ထက် ရောဂါလက္ခဏာပိုမိုပြင်းထန်ပြီး (Clade 1) ကူးစက်ခံရသူ (၁၀ဝ) တွင် (၁၀)ဦးခန့်သေဆုံးနိုင်ကာ  (Clade 2) မျိုးကွဲက ရောဂါပြင်းထန်မှုမရှိကြောင်းသိရ သည်။ ယခုနှစ်အစပိုင်းကတည်းက အာဖရိကတွင် Mpox ရောဂါဖြစ်ပွားသည့် အတည်ပြုလူနာနှင့် သံသယလူနာပေါင်း (၁၈၇၃၇) ဦးကို တွေ့ရှိခဲ့ပြီး အသစ်တွေ့ရှိခဲ့သည့် မျောက်ကျောက်ဗိုင်းရပ်စ်မျိုးကွဲ Clade 1b သည် ပိုမိုပြင်းထန်ပြီး ပိုမိုကူးစက်လွယ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတင်းထုတ်ပြန်ထားသည်။ (Clade 2) မျိုးကွဲသည် ကူး စက်ခံရသူ (၁၀ဝဝ)တွင် တစ်ဦးသာ သေဆုံးလေ့ရှိနေပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ပြီးခဲ့သောရက်ပိုင်းတွင် (Clade 1b) အဆင့် ကူးစက်ခံရသူတစ်ဦးရှိကြောင်း ဩဂုတ် ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း မျောက်ကျောက်ရောဂါကူးစက်ခံရမှုနှင့်ပတ်သက်ပြီး ဩဂုတ် (၁၄)ရက်နေ့တွင် အရေးပေါ်အခြေအနေကြေညာထား ကြောင်းသိရသည်။ ထိုင်းအစိုးရသည် (Clade 1b) အဆင့် ကူးစက်ခံရသော အသက် (၆၆)နှစ်အရွယ်ရှိ အမျိုးသားကြီးနှင့် လေဆိပ်တွင် အတူထိုင်ခဲ့သူနှင့် တွေ့ဆုံစကားပြောဆိုခဲ့သူပေါင်း (၄၃)ဦးကိုလက်ရှိ အချိန်တွင် သဲလွန်စလိုက်လံရှာဖွေနေပြီး (၂၁)ရက်ကြာစောင့်ကြည့်သွားမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ၏ တားဆီးရောဂါကူးစက်မှုထိန်းချုပ်ရေးဌာနကသတင်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင်ပြီးခဲ့သောရက်ပိုင်းက တွေ့ ရှိခဲ့ရသော အမျိုးသားကြီးသည် မျောက်ကျောက် ဗိုင်း ရပ်စ်မျိုးကွဲအသစ်ကူးစက်ခံရခြင်းဖြစ်ပြီး သေဆုံးရန် အလားအလာများနေကြောင်း သတင်းများထွက်ပေါ် နေသည်။ ထိုင်းနိုင်ငံတွင်တွေ့ရှိခဲ့သော မျောက်ကျောက်ရောဂါမျိုးကွဲအသစ်ဖြစ်သော (Clade 1b) သည် ယခင်တွေ့ရှိခဲ့ဖူးသော မျောက်ကျောက်ရောဂါ များထက် အသက်အန္တရာယ်ပိုမိုထိခိုက်နိုင်သောအ ခြေအနေမျိုးရှိနေကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင် တွေ့ရှိခဲ့သည့် (Clade 1b)သည် အာဖရိကတိုက်ပြင်ပ တွင် တွေ့ရှိရသည့် ဒုတိယမြောက် (Clade 1b)ကူးစက်ခံရမှုဖြစ်ပြီး အာရှတိုက်နိုင်ငံများတွင် ပထမဆုံး တွေ့ရှိမှုဖြစ်ခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် (Clade 1b) ကူးစက်ခံရကြောင်း တွေ့ရှိခဲ့သောအမျိုး သားကြီးသည် အာဖရိကတိုက်မှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် တိုက်ရိုက်လာခဲ့သူဖြစ်ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံတွင်လည်း မျောက်ကျောက် ဗိုင်းရပ်စ်ကူးစက်ခံရသူများတွေ့ရှိခဲ့ပြီးနောက် လိင်ဆက်ဆံမှုများကို ဂရုစိုက်ရန် သတိပေးထားကြောင်းသိရသည်။ မလေးရှားနိုင်ငံသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံများတွင် မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရမှုများဖြစ်ပွားလာခဲ့ပြီး နောက်ပိုင်း ကူးစက်ပျံ့နှံ့မှုအခြေနေကို အနီးကပ်စောင့်ကြည့်နေကြောင်း သိရသည်။ 

ကွန်ဂိုနိုင်ငံအပါအဝင် အာဖရိကတိုက်တွင် အနည်းဆုံး နိုင်ငံပေါင်း (၁၃)နိုင်ငံတွင် ကူးစက်ခံရမှု များရှိနေသလို ဥရောပတိုက်တွင် ဆွီဒင်နိုင်ငံအပါ အဝင်နိုင်ငံအချို့တွင် ကူးစက်ခံထားရကြောင်း သိရ သည်။ အာဆီယံ ဒေသအတွင်းနိုင်ငံများအနက် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံတို့တွင်လည်း ယခုနှစ်အတွင်း မျောက်ကျောက် ဗိုင်း ရပ်စ်စက်ခံရသူအရေအတွက် မြင့်တက်လာခဲ့ပြီး အင် ဒိုနိးရှားနိုင်ငံတွင် မျောက်ကျောက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ (၈၈)ဦး၊ ဗီယက်နမ်တွင် (၄၉)ဦး၊ စင်ကာပူတွင် (၁၀)ဦး၊ ထိုင်းနိုင်ငံတွင် (၈)ဦးနှင့် ဖိလစ်ပိုင်တွင် တစ်ဦးကူးစက်ခံထားရကာ အဆိုပါ ကူးစက်မှုများတွင် လူ့အသက်အန္တရာယ်ကို ထိခိုက် စေနိုင်သော မျောက်ကျောက်ရောဂါမျိုးကွဲ (Clade 1b) ကူးစက်ခြင်းမျိုးမဟုတ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားပိုင်နက်ကို ကျူးကျော်တိုက်ခိုက်ခဲ့သည့် ယူကရိန်းတပ်ဖွဲ့များကို တုံ့ပြန်တိုက်ခိုက်ရန် ရုရှားသမ္မတ အမိန့်ပေး

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved