ရုရှားပိုင်နက်ကို ကျူးကျော်တိုက်ခိုက်ခဲ့သည့် ယူကရိန်းတပ်ဖွဲ့များကို တုံ့ပြန်တိုက်ခိုက်ရန် ရုရှားသမ္မတ အမိန့်ပေး
ဂျန်ဇက် (NSS) - ဩဂုတ် ၂၆
ရုရှားသမ္မတပူတင်သည် ရုရှားပိုင်နက် နယ်မြေဖြစ်သော Kursk ဒေသကို ကျူးကျော် တိုက်ခိုက်ခဲ့သော ယူကရိန်းတပ်ဖွဲ့ဝင်များကို တုံ့ပြန် တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချမှတ်လိုက်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံ အမတ်ကြီးက 'ကျွန်တော် အရိုးသားဆုံးပြောပြရမယ်ဆိုရင် ရုရှားသမ္မတပူတင်ဟာ ဆုံးဖြတ်ချက် ချမှတ်လိုက် တယ်။ ရုရှားနယ်စပ်ဒေသ Kursk မြို့ကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းရဲ့လုပ်ရပ်တွေကို ပြင်းထန်တဲ့အပြစ်ပေးမှုတွေ ပြန်လည်လုပ်ဆောင်မယ်လို့ ယုံကြည်ထားတယ်'ဟု ပြောသည်။ ယူကရိန်းသည် ဩဂုတ်(၆)ရက်နေ့ နောက်ပိုင်းတည်းက ရုရှားနယ် စပ်ဒေသမြို့ဖြစ်သော ုကမျု ဒေသသို့ စီးနင်းတိုက် ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး သီတင်းပတ် နှစ်ပတ်ကျော်အတွင်း ရုရှားပိုင်နက် (၁၃၀ဝ) စတုရန်းကီလိုမီတာကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ပွဲအတွင်းမှ ရုရှားစစ်သား (၁၀ဝ)ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်က သတင်းထုတ်ပြန်ထားသည်။
ယူကရိန်းသည် အဆိုပါရုရှားပိုင်နက်များပိုမိုထိန်းချုပ်နိုင်ရန် အရှိန်မြင့် ကြိုးပမ်းနေရာ တိုက်ပွဲ များပိုမိုဖြစ်ပွားနေကြောင်း ဗြိတိန်အခြေစိုက် ဂါဒီးယမ်းသတင်းဌာနက ဖော်ပြထားသည်။ ယူကရိန်း သည် အသေခံဒရုန်းများ အသုံးပြုပြီး Kursk ဒေသရှိ အဓိက အရေးပါသောတံတားများကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့ရာ တံတားသုံးစင်းဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ရုရှားသမ္မတပူတင်က ရုရှားပိုင်နက်များကို တိုက်ခိုက်ခဲ့သော ယူကရိန်း၏ လုပ်ရပ်များသည် ရန်လိုသောလုပ်ရပ်ဖြစ်ပြီး သင့်တော်သည့် တုံ့ပြန်မှု များလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။ ယူကရိန်းသည် အရပ်သားများ၊ အရပ်ဘက်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်းအပြင် ရုရှား နျူကလီးယား အဆောက်အအုံများကို ခြိမ်းခြောက် လာမည်ဆိုလျှင် ယူကရိန်းနှင့်စေ့စပ်ဆွေးနွေးမှုများလုပ်ဆောင်မည်မဟုတ်ကြောင်း ရုရှားသမ္မတပူတင်က ထပ်မံသတိပေးထားသည်။ ရုရှားမီဒီယာများက ရုရှား သမ္မတပူတင်သည် ရုရှားဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးထားပြီး Kursk ဒေသရှိသိမ်းပိုက်ခံ ထားရသောနေရာများကို အောက်တိုဘာ(၁)ရက်နေ့ မတိုင်ခင်ပြန်လည်သိမ်းယူရန် အမိန့်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
ရုရှားသမ္မတသည် ရုရှားပိုင်နက်များအတွင်းမှ ယူကရိန်းတပ်ဖွဲ့ဝင်များကိုမောင်းထုတ်ရန် အဓိက ရည်မှန်းထားကြောင်း ရုရှားအခြေစိုက်မီဒီယာ များတွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၀န်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် ဝန်ကြီးဟောင်းများ၏ သံတမန်ရေးပတ်စ်ပို့ကို ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ ရုပ်သိမ်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ