၀န်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် ဝန်ကြီးဟောင်းများ၏ သံတမန်ရေးပတ်စ်ပို့ကို ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ ရုပ်သိမ်း
ဂျန်ဇက် (NSS) - ဩဂုတ် ၂၆
ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရသည် အိန္ဒိယနိုင်ငံ သို့ထွက်ပြေးသွားခဲ့သော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် ၎င်း၏အစိုးရအဖွဲ့တွင်ပါဝင်ခဲ့ဖူးသည့် အစိုးရအဖွဲ့ဝန်ကြီးဟောင်းများ၏သံတမန်ရေး ဆိုင်ရာပတ်စ်ပို့ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ကုလသမဂ္ဂအဖွဲ့ တာဝန်ရှိသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူ ပေါင်း(၄၅၀)ဦး သေဆုံးစေခဲ့သော ဇူလိုင်လအတွင်း စတင်ခဲ့သည့် ဆန္ဒပြပွဲများအတွင်းလူ့အခွင့်ရေးချိုး ဖောက်မှုများရှိသည်ဆိုသော စွပ်စွဲချက်များကို စုံစမ်း စစ်ဆေးရန်စဉ်းစားနေချိန်တွင် ဘင်္ဂလားဒေ့ရှ်ယာယီ အစိုးရက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် ဝန်ကြီးဟောင်းများကို သံတမန်ရေးပတ်စ်ပို့များ ပြန်ရုပ်သိမ်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့က ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို နိုင်ငံကူးပတ်စ်ပို့အသစ် လျှောက်ထားရန် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့၏ ပြည်ထဲရေးဝန်ကြီးဌာနက ရှိတ်ဟာစီနာအပြင် ယခင်အစိုးရအဖွဲ့တွင်ပါဝင်ခဲ့သော ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၏သံတမန် ရေးဆိုင်ရာပတ်စ်ပို့ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်းသတင်းထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင်လအတွင်း စတင်ခဲ့သော တက္ကသိုလ်ကျောင်းသားများ ဦးဆောင် သော ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့များက အင်အားသုံး ဖြိုခွင်းခဲ့ကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သောဆန္ဒပြပွဲ များအရှိန်မြင့်တက်လာခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ဩဂုတ်လအစောပိုင်းတွင် ရာထူးမှ နုတ်ထွက်ကာ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြောင်းသိရသည်။ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရတာဝန်ယူနေချိန်ကာလအတွင်း လူပေါင်း (၄၅၀) သေဆုံးစေခဲ့သောဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် ဝန်ကြီးအချို့ကို လူသတ်မှုဖြင့် တရားစွဲခြင်းများလည်း ရှိနေကြောင်းသိရသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီသည် ရှိတ်ဟာစီနာနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသည့်အတွက် အိန္ဒိယနိုင်ငံတွင်နေထိုင်ခွင့်ပေးထားပြီး ယူနွတ်ဦးဆောင်သော ဘင်္ဂလား ဒေ့ရှ် ယာယီအစိုးရအဖွဲ့ကိုလည်း ထောက်ခံကြောင်း ပြောဆိုထားသည်။ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရသည် လူသတ်မှုဖြင့်စွဲချက်တင်ခံထားရသော ရှိတ်ဟာစီနာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းယူရန် ကြိုးပမ်းမှုများ လည်းရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် အခြေ စိုက်မီဒီယာများတွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိုက်စလန်ရှိ ရေခဲမြစ်တစ်ခုမှာ ရေခဲနံရံပြိုကျမှုကြောင့် လူတစ်ဦးသေဆုံးပြီး (၂)ဦးပိတ်မိနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ