အိုက်စလန်ရှိ ရေခဲမြစ်တစ်ခုမှာ ရေခဲနံရံပြိုကျမှုကြောင့် လူတစ်ဦးသေဆုံးပြီး (၂)ဦးပိတ်မိနေ
ရောင်နီ (NSS) - ဩဂုတ် ၂၇
အိုက်စလန်အရှေ့တောင်ပိုင်းရှိ ရေခဲမြစ်တစ်ခုမှာ သြဂုတ်လ၂၅ ရက်က ရေခဲနံရံပြိုကျခဲ့ခြင်းကြောင့် အဆိုပါ နေရာကို အလည်အပတ်ရောက်ရှိနေတဲ့ လူတစ်ဦးသေဆုံးပြီး နှစ်ဦးပိတ်မိနေတယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။
ဧည့်လမ်းညွှန်တစ်ဦး အပါအဝင် လူ (၂၅)ယောက်ခန့် ပါဝင်တဲ့ ခရီးသွားအုပ်စုဟာ Breidamerkurjokull ရေခဲမြစ်မှာရှိတဲ့ ရေခဲဂူကို လာရောက်စဉ် ဩဂုတ်လ ၂၅ ရက်၊ မွန်းလွဲ ၃ နာရီအချိန်ခန့်က ရေခဲနံရံပြိုကျမှု ဖြစ်ခဲ့တာ ဖြစ်တယ်လို့ အရေးပေါ်တုံ့ပြန်ရေး ပြောရေးဆိုခွင့်ရှိသူ မစ္စတာဂျွန်ဝီဂလန်ဒ်ဆွမ်က ပြောကြားခဲ့ပါတယ်။ အဆိုပါ ရေခဲမြစ်ဟာ အကျယ် အဝန်း ၁၄,၁၄၀ စတုရန်းကီလိုမီတာနီးပါးရှိပြီး ဥရောပရဲ့ အကြီးဆုံး Vatnajokull အမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။
အဆိုပါ ရေခဲနံရံပြိုကျမှုကြောင့် အခြားလူ (၂)ဦးလည်း ပိတ်မိနေတယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။ အန္တရာယ်ရှိတဲ့ နယ်မြေအခြေအနေကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ခဏရပ်တံ့ခဲ့ရပေမယ့် ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ ခရီးသွားအုပ်စုဟာ ဘယ်ခရီးစဉ်က ထွက်ခွာလာပြီး သူတို့ကို ဘယ်ခရီးသွား ကုမ္ပဏီက စီစဉ်ပေးလိုက်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
Breidamerkurjokull ဟာ ၎င်းရဲ့ လှပတဲ့ရေခဲဂူတွေကြောင့် လူသိများ ကျော်ကြားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထီးချိုင့်မြို့ရှိ တပ်မတော် စခန်းကို KIA က PDF များကို ထိုးကျွေး၍ တိုက်ခိုက်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း