အမေရိကန်နိုင်ငံကို ကမ္ဘာ့စစ်အင်အားအကောင်းဆုံးဖြစ်လာစေဖို့ ဆက်လက်လုပ်ဆောင်မယ်လို့ သမ္မတလောင်း ကာမာဟာရစ် ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၂၄
သမ္မတရွေးကောက်ပွဲတွင် အနိုင်ရမည်ဆိုပါက အမေရိကန်စစ်တပ်ကို ကမ္ဘာ့အတောင့်တင်းဆုံးနဲ့ စစ်ရေးစွမ်းရည်အရှိဆုံး စစ်တပ်ဖြစ်အောင်လုပ်ဆောင်သွားမယ်လို့ သမ္မတလောင်းဖြစ်သူ ကာမာလာဟာရစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်ဒုတိယသမ္မတအဖြစ် ကာမာလာဟာရစ်ဟာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်လျက်ရှိနေရာ လက်ရှိအချိန်မှာ သမ္မတဖြစ်လာချိန်မှာ လုပ် ဆောင်ပေးမယ့်အရာတွေကို ကတိပြုပြောဆိုပြီဖြစ်ပါတယ်။ ကာမာလာဟာရစ်က"ပြည်ပမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေ ပိုမိုရဲရင့်အောင်၊ မဟာမိတ်တွေနဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်၊ နိုင်ငံခြားတိုင်းပြည်တွေရဲ့ခေါင်းဆောင်နဲ့စေ့စပ်ဆွေးနွေးတာအပြင် နိုင်ငံလုံခြုံရေး ခြိမ်းခြောက်မှုတွေကိုလည်း ထိပ်တိုက်ရင်ဆိုင်သွားမယ်။ ကျွန်တော်ဟာ အမေရိကန်တပ်ဖွဲ့တွေကို ကမ္ဘာ့အကောင်းဆုံးတပ်ဖွဲ့ဖြစ်လာစေဖို့အပြင် ကမ္ဘာ့စွမ်းရည်အကောင်းဆုံးတပ်ဖွဲ့ဖြစ်အောင်လုပ်ဆောင်မယ်"လို့ ပြောပါတယ်။
ဒါ့ပြင် ကာမာလာဟာရစ်ဟာ အစ္စရေးနိုင်ငံကို ကာကွယ်ပေးမယ့်အကြောင်းအပြင် အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်ကဖြစ်ပွားခဲ့သလိုမျိုး ဟား မတ်စ်လက်နက်ကိုင်အဖွဲ့ တိုက်ခိုက်တာမျိုးထပ်မံ မဖြစ်အောင်ကာကွယ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့ပြင် ကာမာလာဟာရစ်ဟာ ယူကရိန်းနိုင်ငံကိုလည်း ကူညီထောက်ပံ့ပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဒုတိယသမ္မတအဖြစ် တာဝန်ယူနေတဲ့ ကာမာလာဟာရစ်ဟာ ရွေးကောက်ပွဲမှာ ပါတီသမ္မတလောင်းအဖြစ် ကနဦးရွေးချယ်မခံရပေမယ့် သမ္မတဖြစ်သူ ဂျိုးဘိုင်ဒန် နုတ်ထွက်သွားခဲ့ပြီးနောက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ်ရွေးကောက်ခံခဲ့ရကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံရဲ့စစ်ရေးနဲ့ပတ်သက်ပြီး သဘောထားအမြင်တွေဟာ ဒေါ်နယ်ထရမ့် နဲ့ ကာမာလာဟာရစ်ကြားမှာကွာခြားမှုရှိနေပြီး ဒေါ်နယ်ထရမ့်က နေတိုးကို စစ်ရေးအကူအညီပေးနေခြင်းတွေကို စွန့်လွှတ်ဖို့ လိုလားနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲတွေဟာ ရုရှားနိုင်ငံပိုင်နက်တွေမှာ ဖြစ်ပွားတော့မှာဖြစ်ကြောင်း ယူက ရိန်းသမ္မတပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း