စစ်ပွဲတွေဟာ ရုရှားနိုင်ငံပိုင်နက်တွေမှာ ဖြစ်ပွားတော့မှာဖြစ်ကြောင်း ယူက ရိန်းသမ္မတပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၂၄
ယူကရိန်း သမ္မတဇီလန်စကီးက ရုရှားဟာ ယူကရိန်းနိုင်ငံကိုဖျက်ဆီးဖို့ လိုလားနေကြောင်း၊ ဒါပေမဲ့ စစ်ပွဲဟာ ရုရှားနိုင်ငံဘက်ခြမ်းကို ကူးစက်လာတော့မှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းဟာ ရုရှားနိုင်ငံကို သြဂုတ်လအစောပိုင်းမှာ အံအားသင့်ဖွယ်တိုက်ခိုက်ခဲ့ပြီး ရုရှားပိုင်နက်အချို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ သြဂုတ်လအစောပိုင်းမှာ ရုရှားပိုင်နက်တွေဖြစ်တဲ့ Kursk ဒေသကို ရုတ်တရက်တိုက်ခိုက်ခဲ့ရာ အငြင်းပွားမှုအရှိန်မြင့်တက်လာနေကြောင်း သိရပါတယ်။ ယူကရိန်းဟာ ရုရှားကို အံအားသင့်အောင်ထပ်မံလုပ်ဆောင်ခဲ့ပြီး ရုရှားဟာ ပြန်လည်တည်ဆောက်မှုတွေ ဘယ်လိုလုပ် ဆောင်ရမလဲဆိုတာ သိစေလိုကြောင်း သမ္မတဇီလန်စကီးက ပြောပါတယ်။
၎င်းက "ရုရှားဟာ ကျွန်တော်တို့ကို ဖျက်ဆီးဖို့ ကြိုးပမ်းနေတယ်။ ဒီနေ့က ယူကရိန်းနိုင်ငံရဲ့ (၃၃)နှစ်ပြည့်လွတ်လပ်ရေးနေ့ဖြစ်တယ်။ ရန်သူတွေဟာ ကျွန်တော်တို့ပိုင်နက်ကို ဝင်ရောက်လာတယ်။ ကျွန်တော်တို့ကလည်း အဲဒီသူတွေကို မိခင်နိုင်ငံဘက်ကို ပြန်ပို့သွားမယ်။ ကျွန်တော်တို့ပိုင်နက်ကိုတိုက်ခိုက်လိုနေသူတွေဟာ လက်ရှိအချိန်မှာ သူတို့ပိုင်နက်တွေကို ပြန်လည်ကာကွယ်တာတွေလုပ်ဆောင်ရတော့မယ်။ ရုရှားပိုင်နက်တွေကို ပြန်လည်တိုက်ခိုက်တာက တရားမျှတမှုရှိနေပါတယ်"လို့ ပြောပါတယ်။
ဇီလန်စကီးက ရုရှားသမ္မတပူတင်ဟာ ရင်ပြင်နီမှာနေထိုင်နေရတဲ့ ကျန်းမာ ရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲ (၂)နှစ်ကျော်ကြာနေပြီး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနိုင်ခြင်းမရှိတဲ့အချိန်မှာ ယူကရိန်းက ရုရှားပိုင်နက်တွေကို တုံ့ပြန်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်ရှိ မြို့နယ်(၅)ခုတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ