ဗင်နီဇွဲလားသမ္မတ၏ စိန်ခေါ်မှုကို အီလွန်မတ်စ် လက်ခံ
ALynn (NSS) - ဩဂုတ် ၁
SpaceX နှင့် Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ထံမှ လိမ်လည်မှုစွပ်စွဲချက်များကို တွန်းလှန်ရန် ဗင်နီဇွဲလားသမ္မတ Nicolas Maduro ၏ စိန်ခေါ်ချက်ကို လက်ခံရန် မတ်စ်က အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
သမ္မတရွေးကောက်ပွဲတွင် တတိယအကြိမ်မြောက် အနိုင်ရရှိခဲ့သော ဗင်နီဇွဲလားခေါင်းဆောင်က မက်စ်သည် နိုင်ငံတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို နှောင့်ယှက်ရန် ကြိုးစားနေသည်ဟု တနင်္လာနေ့တွင် စွပ်စွဲခဲ့သည်။
မတ်စ်က Maduro အား “ရွေးကောက်ပွဲအတွင်း လိမ်လည်ခဲ့သည်” ဟူသော စွပ်စွဲချက်ကို Maduro သည် နိုင်ငံလုံးဆိုင်ရာ ရုပ်မြင်သံကြားတွင် ပြောခဲ့သော မိန့်ခွန်းအတွင်း ဘီလျံနာသူဌေးအား စိန်ခေါ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၃၁ ရက်)တွင် စွန့်ဦးတီထွင်သူ Mario Nawfal က X တွင် ပို့စ်တစ်ခုတင်ပြီး "၂၀၂၄ ခုနှစ် Maduro နဲ့ Elon ရဲ့ပြိုင်ပွဲအတွက် ဘယ်သူရှိလဲ" ရေးသားခဲ့ရာ “ကျွန်တော် လက်ခံပါတယ်” ဟု မတ်စ်က ရိုးရှင်းစွာ ဖြေကြားခဲ့သည်။
SpaceX ၏ အမှုဆောင်အရာရှိချုပ်သည် နာမည်ကြီးပုဂ္ဂိုလ်များကို တိုက်ခိုက်ရာတွင် ရာဇဝင်ရှိသည်။ အီလွန်မတ်စ်သည် Facebook တည်ထောင်သူ သူဌေးကြီး Mark Zuckerberg ကို ဆန့်ကျင် တိုက်ခိုက်ရာတွင် အနိုင်ရနိုင်ကြောင်း ကာလရှည်ကြာ အခိုင်အမာပြောဆိုလျက်ရှိသည်။ မတ်စ်နှင့် ဗင်နီဇွဲလားခေါင်းဆောင်ကြား ခိုက်ရန်ဖြစ်ပွားမှုသည် တောင်အမေရိကနိုင်ငံ၏ သမ္မတရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ မတ်စ်ရေးသားသည့် ပိုစ့်များ၏ နောက်ဆက်တွဲဂယက်ဖြစ်သည်။
မဲများ၏ ၈၀ ရာခိုင်နှုန်းကို ရေတွက်ပြီးနောက် Maduro သည် မဲအရေအ တွက် ၅၁ ရာခိုင်နှုန်းကျော်ရရှိခဲ့ပြီး ၎င်း၏ အဓိကပြိုင်ဘက် Edmundo Gonzales ရရှိခဲ့သော မဲအရေအတွက် ၄၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သာလွန်နေသည့်အတွက် ဗင်နီဇွဲလား အမျိုးသားရွေးကောက်ပွဲကောင်စီ (CNE) က ရွေးကောက်ပွဲတွင် Maduro အနိုင်ရကြောင်း ကြေညာခဲ့သည်။
Maduro သည် သမ္မတ Hugo Chavez ကွယ်လွန်ပြီးနောက်a ၂၀၁၃ ခုနှစ်တွင် စတင်တာဝန်ယူခဲ့ပြီး တတိယအကြိမ်မြောက် ခြောက်နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ၎င်း၏ အောင်ပွဲခံ မိန့်ခွန်းတွင် ၎င်းက အတိုက်အခံများကို လှောင်ပြောင်ခဲ့သည်။ ဗင်နီဇွဲလားသမ္မတက ၎င်း၏ ပြန်လည်ရွေးကောက်ခံရမှုသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ယူဆောင်လာမည်ဟု ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်စကိုက အစ္စရေးသည် နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေသည်ဟု စွပ်စွဲထား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း