လာမည့်နှစ်ပေးအပ်မည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များအတွက် လျှောက်ထားနိုင်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံး အသိပေး
စော (NSS) - မေ ၂၉
လာမည့် ၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များကို ပြည်ပဘွဲ့ခံ ရဟန်းအပါအဝင် သီလရှင် နှင့် လူပုဂ္ဂိုလ်များလျှောက်ထားနိုင်ကြောင်း ကိုရီယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ (မေလ ၂၉ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ဂန္ထဓုရ၊ ဝိပဿနာဓုရ၊ ပရိယတ္တိ၊ ပဋိပတ္တိဝန်ဆောင် ဆရာတော်ကြီးများနှင့် ပြည်တွင်း/ပြည်ပသာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓဘာသာသာသနာတော်အား ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို နှစ်စဉ်ဆက်ကပ် ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း သိရသည်။ ထိုသို့နှစ်စဉ်ချီးမြှင့်လျက်ရှိရာ လာမည့် (၂၀၂၅)ခုနှစ်အတွက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်၍ သက်ဆိုင်ရာ တံဆိပ်တော်အလိုက် ဂုဏ်အင်္ဂါအရည်အချင်းနှင့်ပြည့်စုံသည့် ပြည်ပဘွဲ့ခံ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် (အမျိုးသား/အမျိုးသမီး)များအနေဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့ကြောင့် လျှောက်ထားလိုပါက ဇွန်လကုန် နောက်ဆုံးထား၍ သတ်မှတ်ပုံစံများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံး email: seoul-embassy@mofa.gov.mm သို့ လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံ၌ တရားမဝင်လုပ်သားများကို ဖမ်းဆီးမှုများ တိုးမြှင့်ဆောင်ရွက်နေသည့်အတွက် တရားမဝင် မြန်မာလုပ်သားများ ထိတ်လန့်စွာနေထိုင်နေကြရ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း