ဆေးဝါးမှတ်ပုံတင်မရှိသော CORALAN အပါအဝင် အခြားဆေးဝါးများကို ဈေးကွက်၌ ရောင်းချမှုများရှိနေပြီး သုံးစွဲခြင်းမပြုရန် FDA အသိပေး
စော (NSS) - မေ ၂၈
ဆေးဝါးမှတ်ပုံတင်မရှိသော CORALAN အပါအဝင် အခြားဆေးဝါးများကို ဈေးကွက်၌ ရောင်းချမှုများရှိနေပြီး သုံးစွဲခြင်းမပြုရန် FDA Myanmar က ယမန်နေ့ (မေလ ၂၇ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ် ဆေးလျက်ရှိရာ အရည်အသွေး၊ အာနိသင်၊ ဘေးအန္တရာယ်အာမခံချက်မရှိသည့် ဆေးဝါးမှတ် ပုံတင်မရှိသော ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချနေခြင်းအား တွေ့ရှိခဲ့ရကြောင်း ဆိုသည်။ သို့ဖြစ်ပါ၍ အများပြည်သူများ သိရှိသတိပြုနိုင်ရန်နှင့် သုံးစွဲခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက် မှတ်ပုံတင်ရှိသောဆေးဝါးနှင့် တရားမဝင်ဆေးဝါး၏ ဓာတ်ပုံများကို FDA က နှိုင်းယှဉ်ကာ အသိပေးထုတ်ပြန်ထားသည်။
သုံးစွဲရန် မသင့်သောဆေးဝါးများမှာ CORALAN ၊ COVERAM ၊ COVERSYL ၊ daflon ၊ DIAMICRON MR ၊ VASTAREL OD နှင့် VASTAREL MR အမှတ်တံဆိပ်များဖြစ်ကြောင်းသိရသည်။ အဆိုပါတရားမဝင်တင်သွင်းထားသော ဆေးဝါးများတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံ တင်အမှတ်မပါရှိသည့်အပြင် စာသားများမှာ တူရကီဘာသာများဖြင့် ဖော်ပြထားကြောင်း သိရသည်။ တရားဝင်တင်သွင်းထားသော ဆေးဝါးများတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်ပါရှိပြီး စာသားများမှာ အင်္ဂလိပ်ဘာသာများဖြင့် ဖော်ပြထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်ခန်း၏ ဒုတိယအဆင့်ကို ဘီလာရုစ်နိုင်ငံနှင့် ဆွေး နွေးသွားမည်ဟု ရုရှားသမ္မတပြော
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ