ယခုဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငွေကျပ်(၈၇၁)ဘီလျံကျော် သုံးစွဲသွားရန်လျာထား
မြူနစ် (NSS) - မေ ၂၅
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း၌ နစက၏ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငွေကျပ် (၈၇၁)ဘီလျံကျော် သုံးစွဲသွားရန်လျာထားကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ထက် ယခုဘဏ္ဍာနှစ်တွင် ငွေကျပ်ဘီလျံ(၆၀)နီးပါး ပိုမိုသုံးစွဲရန် လျာထားခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။လွန်ခဲ့သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငွေကျပ်(၈၁၄)ဘီလျံသုံးစွဲရန် လျားထားခဲ့ကြောင်း ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ သိရသည်။
လက်ရှိနစကအစိုးရလက်ထက်တွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံကြီး-ဟင်္သာတမြို့ (၃)ထပ်ကုသဆောင်သစ်၊ မကွေးမြို့သားဖွားမီးယပ်နှင့် မွေးကင်းစကုသဆောင်သစ်၊ မုံရွာမြို့ (၅)ထပ်ကုသဆောင်သစ်၊ ဘားအံမြို့ (၃) ထပ်ကုသဆောင်သစ်နှင့် ဝေဘာဂီအထူးဆေးရုံကြီး အထူးကူးစက်ရောဂါကုသဆောင်သစ်တို့ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် ကျိုက်လတ်မြို့(၂)ထပ်ကုသဆောင်သစ်၊ ပုသိမ်မြို့ (၉)ထပ်ကုသဆောင်သစ်နှင့် အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်(၅)ထပ်ကုသဆောင်သစ်တို့ကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ အလားတူ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး (၅)ထပ်ကုသဆောင်သစ်၊ ပြည်မြို့(၅)ထပ်ကုသဆောင်သစ်၊ ပန်းတောင်း၊ ကြို့ပင်ကောက်၊ လက်ပံတန်းတို့တွင်လည်း (၂)ထပ်ကုသဆောင်သစ်များနှင့် ရန်ကုန်ပြည်သူ့ဆေရုံကြီး (၇)ထပ်ကုသဆောင်သစ်တို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိနစကအစိုးရလက်ထက်အတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ အသုံးစရိတ်များအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ငွေကျပ်(၄၉၉)ဘီလျံကျော်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငွေကျပ်(၈၆၇)ဘီလျံကျော်ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စေတနာ့ဝန်ထမ်း ၃ ဦး အသတ်ခံရပြီးနောက် ဟေတီတွင် ကင်ညာရဲတပ်ဖွဲ့များ အမြန်ဆုံး တပ်ဖြန့်ပေးရန် အမေရိကန်တောင်းဆို
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ