စင်ကာပူမှာ အိန္ဒိယမှ တင်သွင်းတဲ့ မဆလာတစ်မျိုး ပိုးသတ်ဆေး SFA ပါဝင်မှုပမာဏကြောင့် ပြန်လည်သိမ်းဆည်း
ရောင်နီ (NSS) - ဧပြီ ၁၉
စင်ကာပူနိုင်ငံ၊ အစားအစာအေဂျင်စီ (SFA) ဟာ အိန္ဒိယနိုင်ငံမှ တင်သွင်းလာတဲ့ ငါးဟင်းလျာသုံး Everest Fish Curry Masala မဆလာထဲမှာ ပိုးသတ်ဆေးတစ်မျိုး SFA ပါ၀င်မှုပမာဏ နည်းပါးကြောင်း စမ်းသပ် တွေ့ရှိပြီးနောက် ပြန်လည်သိမ်းဆည်းဖို့ အမိန့်ထုတ်လိုက်တယ်လို့ သိရပါတယ်။
အဆိုပါ Everest Fish Curry Masala ဟာ Sp Muthiah & Sons မှ တင်သွင်းတာဖြစ်ပြီး ဟောင်ကောင်ရှိ စားနပ်ရိက္ခာဘေးကင်းရေးဗဟိုဌာနရဲ့ခွင့်ပြုထားတဲ့ ကန့်သတ်ချက်ထက်ကျော်လွန်တဲ့ အီသလင်းအောက်ဆိုဒ် ပါဝင်မှုကြောင့် ကုန်ပစ္စည်းကို ပြန်လည်သိမ်းဆည်းခဲ့ခြင်းဖြစ်တယ်လို့ SFA မှ ဧပြီလ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါ တယ်။
အီသလင်းအောက်ဆိုက်ဒ်ဟာ ရောဂါပိုးမွှား ညစ်ညမ်းခြင်းမှ ကာကွယ်ဖို့ စိုက်ပျိုးရေးမှာ အသုံးပြုတဲ့ ဆေးတစ်လက်ဖြစ်ပြီး စင်္ကာပူနိုင်ငံရဲ့အစားအသောက်စည်းမျဉ်းများအရ ဟင်းခတ်အမွှေးအကြိုင်တွေကို ပိုးသတ်ဖို့အတွက် သင့်တင့်မျှတတဲ့ အီသလင်းအောက်ဆိုဒ်ကို အသုံးပြုခွင့်ရှိပါတယ်။
ဒါပေမယ့် အီသီလင်းအောက်ဆိုဒ် နည်းပါးတဲ့အစားအသောက်များ စားသုံးခြင်းဟာ ချက်ချင်း အန္တရာယ်မရှိပေမယ့် သေချာပိုးသတ်ခြင်းမရှိတဲ့ အစားအစာနဲ့ ရေရှည်ထိတွေ့ခြင်းက ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးက အီရန်ကို လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ဟုဆို
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ