တီဘီရောဂါအဖြစ်အများဆုံး နိုင်ငံ(၃၀)တွင် မြန်မာ ပါဝင်နေပြီး ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်တွင်း/ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေ
ယွန်း (NSS) - မတ် ၂၄
တီဘီရောဂါအဖြစ်အများဆုံး နိုင်ငံ(၃၀)တွင် မြန်မာနိုင်ငံပါဝင်နေပြီး ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်တွင်း/ပြည်ပမိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြီးခဲ့သည့်ရက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် တီဘီ/အိတ်ချ်အိုင်ဗွီနှင့် ဆေးယဥ်ပေါးတီဘီရောဂါအဖြစ်အများဆုံး နိုင်ငံ(၃၀)တွင် ပါဝင်နေပြီး WHO ၏ Global TB report (2023)အရ ပြီးခဲ့သည့် (၂၀၂၂) ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေတစ်သိန်းတွင် တီဘီ လူနာသစ်ဖြစ်ပွားနှုန်း(၄၇၅)ဦးရှိပြီး သေဆုံးနှုန်းမှာ (၈၀)ဦးရှိနိုင်ကြောင်း ခန့်မှန်းချက်များအရ သိရသည်။
ထို့ကြောင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ ဦးဆောင်ကာ ပြည်တွင်း /ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားမဟာဗျူဟာ စီမံကိန်း ၂၀၂၁- ၂၀၂၅ နှင့်အညီ ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။
အလားတူ တီဘီဆေးများဝယ်ယူရန်အတွက် ၂၀၁၅- ၂၀၂၆ ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံတော်ရန်ပုံငွေဖြင့် ဝယ်ယူ ဖြည့်တင်းပေးနေပြီး နှစ်စဥ်ရန်ပုံငွေများကိုလည်း တိုးမြှင့်ခွဲဝေပေးနေကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း တီဘီလူနာ(၁၂၀၀၀၀)ကျော် ရှာဖွေကုသနိုင်ခဲ့ပြီး ဆေးကုသမှု အောင်မြင်နှုန်းမှာ ၈၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
တီဘီရောဂါရှာဖွေတွေ့ရှိမှု၏ ၁၈ ရာခိုင်နှုန်းမှာ ကလေးများတွင် အသက်(၈)နှစ်အောက် ကလေးများ၏ သလိပ်နှင့် Stool Specimen ကို GeneXpert စက်ဖြင့် တီဘီပိုးရှာဖွေ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။
အလားတူ ဆေးယဉ်ပါးတီဘီရောဂါရှာဖွေခြင်းကို လူနာများလက်လှမ်းမီစေရန် Rapid Diagnostic Test ဖြစ်သော GeneXpert စက် (၁၁၀) လုံးကို တီဘီရောဂါတိုက်ဖျက်ရေးဌာန (၈၆)ခုတွင် တပ်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။
တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် တီဘီဆေး နှင့် ပစ္စည်းများဝယ်ယူရန် နိုင်ငံတော်အစိုးရမှ(၂၀၂၂-၂၀၂၃) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၅) သန်း နှင့် (၂၀၂၃-၂၀၂၄) ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၄ ဒသမ ၅) သန်း ခွဲဝေချထားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သည့် မြင်စိုင်းသားအောင်အောင် ယနေ့ နံနက်တွင် ကွယ်လွန်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ