အနာဂါတ်မှာ 'အမဲသားဆန်' က ပရိုတင်းရင်းမြစ်ဖြစ်လာနိုင်တယ်လို့ တောင်ကိုရီးယားသိပ္ပံပညာရှင်တွေပြော
ရောင်နီ (NSS) - မတ် ၁၆
တောင်ကိုရီးယားသုတေသီတွေဟာ မွေးမြူရေးကျွဲ၊ နွားတွေမှ ရတဲ့ ပရိုတင်းဓာတ်ကို အစားထိုးနိုင်တဲ့၊ ရေရှည် အသုံးပြုနိုင်တဲ့၊ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ပရိုတင်းအရင်းအမြစ် ရရှိဖို့ အဓိကခြေလှမ်းတစ်ခုအဖြစ် အမဲသားဆဲလ် ပါဝင်တဲ့ စပါးကို စိုက်ပျိုးခဲ့ပါတယ်။
အဆိုပါ “အမဲသားထမင်း” ကို ဆိုးလ်မြို့၊ Yonsei တက္ကသိုလ်မှ ပရော်ဖက်ဆာ ဟွန်ဂျင်ကီးက ဦးဆောင် သုတေသန ပြုခဲ့တာဖြစ်ပါတယ်။ ၎င်းမှာ တိရစ္ဆာန်ကြွက်သားတွေနဲ့ အဆီဆဲလ်တွေကို စပါးမှုန်များအဖြစ် ပြောင်းလဲခဲ့ပြီး စပါးစေ့တွေ ဆဲလ်ကြီးထွားစေဖို့အတွက် အင်ဇိုင်းများ အသုံးပြုခဲ့ပြီး နောက်ဆုံးထမင်းချက်နိုင်တဲ့ ဆန်စေ့ဖြစ်စေဖို့ ဘော်ဗီဆဲလ်များ ပေါင်းထည့်တယ်လို့ သိရပါတယ်။ အမဲသားဆန်မှာ သာမာန်ဆန်ထက် ပရိုတင်း ၈ ရာခိုင်နှုန်းခန့် ၊ အဆီ ၇ ရာခိုင်နှုန်း ပိုမိုပါဝင်ပါတယ်။
ဓာတ်ခွဲခန်းမှ စိုက်ပျိုးထားတဲ့အသားထွက်ကုန်တွေကို Yonsei တက္ကသိုလ်က ပထမဆုံး ထုတ်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီတွေမှာလည်း စိုက်ပျိုးထားတဲ့အသားတွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိချက်တစ်ခုအရ စင်္ကာပူမှာ ဈေးကွက်တင်ရောင်းချတဲ့ ပဲပိစပ်ကို အခြေခံပြီး အပင်အခြေခံ ကြက်သားနဲ့ ငါးရှဉ့်တို့ ထုတ်လုပ်ခဲ့ဖူးပါတယ်။ "အမဲသားကို အစားအသောက်ထုတ်ကုန်အဖြစ် အောင်မြင်စွာ တီထွင်နိုင်ခဲ့ရင်၊ မိရိုးဖလာ မွေးမြူရေးလုပ်ငန်းကို အားမကိုးလည်း ပရိုတင်းအရင်းအမြစ်ကို စားသုံးနိုင်မှာပါ” လို့ ဒေါက်တာဟွန်ဂျင်ကီးက ဆိုပါတယ်။
အဆိုပါဆန်ဟာ တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာခန့် ဈေးရှိမယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားအစိုးရ၏ လူသတ်ဒရုန်းများက အရပ်သားများကို ပိုမိုပစ်မှတ်ထားလာ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ