ဆီးရီးယားအစိုးရ၏ လူသတ်ဒရုန်းများက အရပ်သားများကို ပိုမိုပစ်မှတ်ထားလာ
ALynn (NSS) - မတ် ၁၆
ဆီးရီးယားပြည်တွင်းစစ် စတင်ဖြစ်ပွားကတည်းက နိုင်ငံတွင်း၌ အကြမ်းဖက်မှုများဖြစ်ပွားနေသည်မှာ ယခုဆိုလျှင် ၁၃ နှစ်တာကာလသို့ ပင်ရောက်ခဲ့ပြီဖြစ်သည်။ ယခုအခါ အစိုးရတပ်များသည် သူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေအတွင်းရှိ လယ်သမားများကို ဒရုန်းတိုက်ခိုက်မှုများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိနေသည်။
ပြည်တွင်းစစ်စတင်ခဲ့သော ၂၀၁၁ ခုနှစ်မှစ၍ ဆီးရီးယားသမ္မတ ဘာရှားအာဆတ်သည် အစိုးရဆန့်ကျင်ဆန္ဒပြသူ များကို ရက်ရက်စက်စက်ချေမှုန်းခဲ့သည်။ ထိုအချိန်ကတည်းက အရပ်သားသေဆုံးမှုနှုန်းသည် ၅၀၀,၀၀၀ မှ ၆၅၀,၀၀၀ ကြားတွင်ရှိကြောင်း ခန့်မှန်းခြေ စာရင်းများအရ သိရသည်။
ယခုဆိုလျှင် နိုင်ငံသည် ရုရှားနှင့် အီရန်တို့က ကျောထောက်နောက်ခံပြုပေးထားသည့် ဆီးရီးယားအစိုးရထိန်းချုပ် နယ်မြေနှင့် တူကီယဲ၊ အမေရိကန်နှင့် အခြားသောနိုင်ငံများက ကျောထောက်နောက်ခံပြုပေးထားသည့် စစ်သွေးကြွ များ ထိန်းချုပ်နယ်မြေဟူ၍ နှစ်ပိုင်းကွဲနေသည်။
Al-Nayrab မြို့သည် ဆီးရီးယားသူပုန်များ ခြေကုပ်ရယူထားသည့် နောက်ဆုံးအချက်အခြာနေရာဖြစ်သည်။ အစိုးရသည် ၎င်းသူပုန်များကို ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် ဒရုန်းများကိုအသုံးပြု၍ နည်းပညာအရအသာစီး ရနေသည်။ ၎င်းဒရုန်းများသည် စစ်တပ်သုံးအဆင့်မီဒရုန်းများ မဟုတ်သော်လည်း ဖောက်ခွဲပစ္စည်း ၂ ကီလိုခန့်ကို သယ်ဆောင်သွားနိုင်ကာ ပစ်မှတ်အသေးစားများ၊ လက်နက်များ၊ ထောက်ပံ့ရေးလမ်းကြောင်းများကို တိတိကျကျ ပစ်ခတ်နိုင်သော ဈေးပေါပြီး အလွယ်တကူရနိုင်သည့် ဒရုန်းများဖြစ်သည်။
ထိုသို့သောဒရုန်းအမျိုးအစားအချို့ကို ဆီးရီးယားနိုင်ငံတွင်း၌ ထုတ်လုပ်သည်။ အစိုးရတပ်များက ထိုကဲ့သို့ လူသတ် ဒရုန်းများကို အဓိကစိုက်ပျိုး ဒေသများဖြစ်သည့် Hama၊ Idlib နှင့် Aleppo တို့တွင် အသုံးများနေပြီး အရပ်သားများစွာကို ထိခိုက်စေသည်။
ဆီးရီးယားသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဆိုးရွားသည့်အခြေအနေကို ရင်ဆိုင်နေရသော်လည်း လေ့လာသူများနှင့် လူ့အခွင့်အရေးစောင့်ကြည့်သူများ၏ သုံးသပ်ချက်အရ အနာဂတ်တွင် အရပ်သားများကို ထိခိုက်စေမည့် လူသတ်ဒရုန်းများကို မကြာခဏ အသုံးပြုလာနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝါရှင်တန်ဒီစီမှာ ပင်လယ်တံတိုင်းပြုပြင်ဖို့အတွက် ချယ်ရီပင် ၁၆၀ နီးပါးကို ဖယ်ရှားဖို့ စီစဉ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ