တန်ဇန်းနီးယားနိုင်ငံတွင် ပင်လယ်လိပ်အသားစားခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၉)ဦးသေဆုံးခဲ့ပြီး အခြားလူ(၇၈)ဦး ဆေးရုံတင်ထားရဟုဆို
Pika (NSS) - မတ် ၁ဝ
တန်ဇန်းနီးယားနိုင်ငံ ဇန်ဇီဘာကျွန်းစု ပမ်ဘာကျွန်းတွင် ပင်လယ်လိပ်အသားကို စားခဲ့ပြီးနောက် ကလေးငယ် (၈)ဦး နှင့် အရွယ်ရောက်ပြီးသူတစ်ဦးတို့ သေဆုံးခဲ့ပြီး အခြားလူ(၇၈)ဦးမှာ ဆေးရုံတင်ထားရကြောင်း အာဏာပိုင် များက မတ်လ(၁၀)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ပင်လယ်လိပ်အသားသည် အစာအဆိပ်သင့်ခြင်း အမျိုးအစားဖြစ်သည့် chelonitoxism ကြောင့် သေဆုံးသည်အထိ ဖြစ်စေနိုင်သော်လည်း ဇန်ဇီဘာကျွန်းစုရှိ လူများက အဆိုပါအသားကို စားကောင်းသောက်ဖွယ်ရာတစ်ခုအဖြစ် သတ်မှတ်ထားကြကြောင်း သိရသည်။ မတ်လ(၈)ရက် နှောင်းပိုင်းတွင် သေဆုံးသွားခဲ့သော အရွယ်ရောက်ပြီးသူ တစ်ဦးမှာ အစောပိုင်းတွင် သေဆုံးသွားသော ကလေးငယ်များထဲမှ တစ်ဦး၏ မိခင်ဖြစ်ကြောင်း Mkoani ခရိုင်ဆေးဘက်အရာရှိ ဒေါက်တာ Haji Bakari က ပြောကြားခဲ့သည်။
၎င်းတို့သည် ပင်လယ်လိပ်အသားကို မတ်လ(၅)ရက်တွင် စားခဲ့ကြခြင်းဖြစ်ကြောင်း Haji Bakari က ပြောကြား ခဲ့သည်။ ထို့အပြင် ဓါတ်ခွဲခန်းစမ်းသပ်မှုအတွင်း သေဆုံးသူအားလုံးသည် ပင်လယ်လိပ်အသားကို စားခဲ့သည်ဟု အတည်ပြုခဲ့ကြောင်း Haji Bakari က ပြောခဲ့သည်။ ဇန်ဇီဘာကျွန်းစုအာဏာပိုင်များသည် လူများကို ပင်လယ်လိပ် အသားစားသုံးခြင်းအား ရှောင်ရှားရန် တိုက်တွန်းခဲ့သည့် Hamza Hassan Juma ဦးဆောင်သော သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်းလည်း သိရသည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပမ်ဘာကျွန်းမှာ ပင်လယ်လိပ်အသားစားခဲ့ပြီးနောက် အသက်(၃)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ(၇)ဦးသေဆုံးခဲ့ပြီး အခြားလူ(၃)ဦးမှာ ဆေးရုံတင်ခဲ့ရကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားနိုင်ငံတွင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အနည်းဆုံးလူ(၁၉)ဦးသေဆုံး
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ