အင်ဒိုနီးရှားနိုင်ငံတွင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အနည်းဆုံးလူ(၁၉)ဦးသေဆုံး
Pika (NSS) - မတ် ၁ဝ
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းတွင် မိုးသည်းထန်းစွာရွာသွန်းမှုများနှင့်အတူ ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၉)ဦးသေဆုံးကာ အခြားလူ(၇)ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက မတ်လ(၁၀)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
မတ်လ(၈)ရက် နှောင်းပိုင်းတွင် ကျောက်တုံးများ၊ ရွှံ့နွံများ နှင့် သစ်ပင်များသည် တောင်ပေါ်မှ လိမ့်ကျလာကာ အနောက်ဆူမားတြားပြည်နယ် Pesisir Selatan ခရိုင်ရှိ တောင်စောင်းကျေးရွာများကို ဖြတ်၍စီးဆင်းသော မြစ်တစ်စင်းဆီသို့ရောက်ရှိခဲ့ပြီးနောက် ကမ်းပါးပြိုမှုများဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီအကြီးအကဲ Doni Yusrizal က ပြောကြားခဲ့သည်။
မတ်လ(၉)ရက်တွင် ကယ်ဆယ်ရေးသမားများသည် အဆိုးရွားဆုံးထိခိုက်မှုများရှိသည့် Koto XI Tarusan ရွာတွင် လူ(၇)ဦး၏ ရုပ်အလောင်းကို ပြန်လည်ရယူနိုင်ခဲ့ပြီး အနီးရှိ အခြားရွာနှစ်ခုတွင် အခြားလူ(၃)ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း Doni Yusrizal က ပြောကြားခဲ့သည်။
ထို့နောက် ကယ်ဆယ်ရေးသမားများသည် Pesisir Selatan ခရိုင်တွင် လူ(၆)ဦး၏ ရုပ်အလောင်း နှင့် Padang Pariaman ခရိုင်တွင် လူ(၃)ဦး၏ ရုပ်အလောင်းတို့ကို ပြန်လည်ရယူနိုင်ခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်မှာ (၁၉)ဦးထိ ရှိလာခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက မတ်လ(၁၀)ရက်တွင် ပြောကြားခဲ့သည်။
ရေကြီးမှုများ နှင့် မြေပြိုမှုများကြောင့် အနည်းဆုံးလူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးသမားများသည် ပျောက်ဆုံးနေဆဲဖြစ်သော လူ(၇)ဦးကို ဆက်လက်ရှာဖွေနေကြောင်း အဆိုပါအေဂျင်စီက ပြောကြားခဲ့သည်။ အနောက်ဆူမားတြားပြည်နယ်ရှိ မြို့များ နှင့် ခရိုင်(၉)ခုတွင် နေအိမ်(၂)သောင်းကျော် ခေါင်းမိုးအထိ ရေနစ်မြုပ်ခဲ့ ပြီး အိမ်(၁၄)လုံးမှာ မြေပြိုမှုအောက်တွင် ပိသွားခဲ့ပြီးနောက် လူပေါင်း(၈)သောင်းကျော်သည် အစိုးရ၏ ယာယီ ခိုလှုံရေးစခန်းများသို့ ထွက်ပြေးခဲ့ရကြောင်း အဆိုပါအေဂျင်စီက ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံမှာ မှတ်ဥာဏ်တု လူသားစက်ရုပ်တွေကို ပထမဆုံးအကြိမ် စတင်အသုံးပြုနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း