ပျံနေသည့် ကြွက်များဟု တင်စားကြသော ခိုများသည် ရောဂါပိုးသယ်ဆောင်နိုင်သည့် ငှက်မျိုးစိတ်ဖြစ်ခြင်း ကြောင့် ရှင်းလင်းသင့်ဟု သုတေသီတစ်ဦး အကြုံပြု
စော (NSS) - မတ် ၄
ပျံနေသည့်ကြွက်များဟု တင်စားကြသော ခိုများသည် ရောဂါပိုးသယ်နိုင်သည့် ငှက်မျိုးစိတ်ဖြစ်ခြင်းကြောင့် ရှင်းလင်းသင့်ကြောင်း သုတေသီတစ်ဦး၏ NP News သို့ အကြုံပြုပြောကြားချက်အရ သိရသည်။
“သူ့တို့ကို ပျံနေတဲ့ကြွက်တွေလို့ခေါ်တယ်။ ငှက်ထဲမှာ သူတို့က ရောဂါပိုးအသယ်ဆုံးလို့ပြောလို့ရ တယ်။ ပြီးရင် လူတွေနားမှာ အရမ်းကိုတပူးတတွဲနေတဲ့အတွက်ကြောင့် လူတွေဆီ အဲဒီရောဂါပိုးတွေက အရမ်းကို ရောက်တယ်။ ပြီးရင် အနံ့အသက်တွေ သူတို့ဆီက မကောင်းတဲ့ ဗက်တီးရီးယားတွေ အကုန်လုံးက လူတွေနဲ့ လက်ပွန်းတတီး ဖြစ်လာတယ်။ အဆိုးဆုံးက ခိုစာကျွေးတာပေါ့။ ခိုစားကျွေးတဲ့အတွက်ကြောင့် ခိုတွေက အကောင်ရေများလာ တယ်။ အုပ်လိုက်အုပ်လိုက်ရောက်လာတယ်။ ခိုတွေကို အဓိကတော့ မျိုးဖြုတ်သင့်တယ်။ အရမ်းကြီးပွားတာ အဆင်မပြေဘူး” ဟု အထက်ပါသုတေသီက ရှင်းလင်းပြောကြားသည်။
ခိုများမှတစ်ဆင့် အဓိကရောဂါကူးစက်ရသည့် အကြောင်းအရင်းများမှာ ခိုချေးများဖြစ်ပြီး ဗိုင်းရပ်စ် သို့မဟုတ် ဗက်တီးရီးယားများရှိနေကာ ခိုချေးများ ခြောက်သွေ့သွားသည့်အခါ ခိုနှင့်အတူလွင့်ပါပြီး ရောဂါပိုးကူးစက် စေခြင်း ဖြစ်ကြောင်း သိရသည်။ ခိုမှတဆင့် ကူးစက်တတ်သောရောဂါများထဲတွင် ခရစ်ပ်တိုကွတ်ခယ် ဦးနှောက် အမြှေးရောင်ရောဂါ (Cryptococcal Meningitis) ၊ အူလမ်းကြောင်းမှာ ဖြစ်တဲ့ရောဂါပိုးနှစ်မျိုး (Salmonella and Listeria) နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါပိုး (E. Coli) စသည်တို့ ပါဝင်ကာ ခိုများကို အစာကျွေးခြင်းသည် ၎င်းတို့ကို ပိုမိုပေါက်ပွားစေသည့်အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေပြီး ခိုစာများသည်လည်း အမှိုက်ဖြစ်သွားပါက ကြွက်များကို အစာလာစားရန် ဆွဲဆောင်မှုဖြစ်စေကြောင်းလည်း သိရသည်။
“(ခိုတွေဟာ) အသားစားငှက်အကြီးတွေရဲ့ အစားခံအဖြစ်ရှိနေတယ်။ အစာကွင်းဆက်မှာ ပါနေတာ တော့မရှိဘူး။ ငှက်ကြီးတွေက ခိုကိုမစားရလည်း တခြားငှက်ကိုစားလို့ရတယ်။ အစာကွင်းဆက်မှာ မရှိမဖြစ်မဟုတ်ဘူး။ သူတို့ မရှိလည်း ရတယ်” ဟု ၎င်းက ပြောသည်။
ခိုများသည် လူယဉ်ပါးမှုလွယ်ခြင်း၊ လိုက်လျောညီထွေနေထိုင်မှုမြင့်မားခြင်း နှင့် ၎င်းတို့ကို စားသုံးနိုင်သည့် သားရဲငှက်အရေအတွက်နည်းပါခြင်းတို့ကြောင့် ခိုမျိုးစိတ်သည် အဆမတန် ပေါက်ပွားလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ် QR Code ရက်ချိန်းအတုဖြင့် လိမ်လည်သူများရှိနေ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ