ကျပ်သန်း ၂၀၀၀ ကျော် သုံးစွဲတည်ဆောက်ထားသော အရိုးရောဂါအထူးကုဆေးရုံကြီး - မန္တလေး (၄) ထပ်ကုသဆောင်သစ်ကို စတင်ဖွင့်လှစ်
Pearl (NSS) - မတ် ၂
ကျပ်သန်း ၂၀၀၀ ကျော် သုံးစွဲတည်ဆောက်ထားသော အရိုးရောဂါအထူးကုဆေးရုံကြီး - မန္တလေး (၄) ထပ်ကုသဆောင်သစ်ကို စတင်ဖွင့်လှစ်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် အရိုးရောဂါအထူးကုဆေးရုံကြီး - မန္တလေး (၄) ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (မတ်လ ၁ ရက်)၊ နံနက်ပိုင်းတွင် အဆိုပါကုသဆောင်ရှေ့မျက်နှာစာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဖွင့်လှစ်သော လေးထပ်ကုသဆောင်သစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနအဆောက်အဦ ဦးစီးဌာန၊ တည်ဆောက်ရေး (၂)၊ အဆောက်အဦအထူးအဖွဲ့ (၆) က တာဝန်ယူ တည်ဆောက်ခဲ့ပြီး စီမံကိန်းတန်ဖိုး ငွေကျပ် ၂၀၅၆ ဒသမ ၀၇ သန်း အသုံးပြု၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် မြေညီထပ်တွင် အရိုးနှင့်ထိခိုက်ဒဏ်ရာကုသဆောင်၊ ပထမထပ်တွင် ကျောရိုးခွဲစိတ်ကုသဆောင်၊ ဒုတိယထပ်တွင် အဆစ်အစားထိုးခွဲစိတ်ကုသဆောင်နှင့် တတိယထပ်တွင် အရိုးကင်ဆာခွဲ စိတ်ကုသဆောင်တို့ ပါဝင်ကြောင်းသိရသည်။
အဆိုပါဆေးရုံသစ်ဖွင့်ပွဲအခမ်းအနား၌ ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ဆေးရုံများ တိုးချဲ့ဖွင့် လှစ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့နှင့်အတူ အရည်အသွေးဒီဇိုင်းကောင်းမွန်သော ဆေးရုံအဆောက်အအုံသစ်များ ဖြည့်ဆည်း ဆောက်လုပ်ပေးနေကြောင်း ပြောကြားခဲ့သည်။
အလားတူ ဆေး နှင့် ဆေးပစ္စည်းလိုအပ်ချက်ကို ဖြည့်ဆည်းခြင်း၊ ခေတ်မီဆေးရုံသုံးစက်ကိရိယာများ ဝယ်ယူထောက်ပံ့ခြင်း၊ အထူးကုဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းအဆင့်ဆင့်ကို တိုးမြှင့်ခန့်ထားခြင်း၊ လေ့ကျင့်မွေးထုတ်ခြင်း နှင့် အခြေခံအ ဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းများကို အားဖြည့်ဆောင် ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကိုအသုံးပြု၍ ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိသဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအသုံး စရိတ်စိုက်ထုတ်ကုန်ကျငွေ လျော့နည်းကျဆင်းရေးအတွက် ထိရောက်စွာအသုံးပြုနိုင်ရေး အလေးထားဆောင်ရွက်ပေးရန်လည်း ကျန်းမာရေးဝန်ကြီးက တိုက်တွန်းမှာကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အိမ်(၄)လုံးခန့် မီးလောင်ဆုံးရှုံး
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ