မန္တလေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အိမ်(၄)လုံးခန့် မီးလောင်ဆုံးရှုံး
သန့်ဇင် (NSS) - မတ် ၂
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လူနေအိမ် (၄)လုံးခန့် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(မတ်လ ၂ ရက်)၊ နံနက် ၅နာရီဝန်းကျင်အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်းနှင့် ၁၁၂×၁၁၃ လမ်းကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်ကစလောင်လဲတော့ မသိရသေးဘူးပေါ့။ လောင်သွားတာက အိမ်(၄)လုံးလောင်သွားတယ်။ အဲနားကလည်း အိမ်လေးတွေက ကပ်နေတော့ ကူးသွားတာပါ။ မိန်းကလေးငယ်တစ်ဦးလည်း မီးလောင်ပြီးဆုံးသွားတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် လူနေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ပြီး အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးသည်လည်း မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအမျိုးသမီးကို အားမာန်လူငယ်များလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်းနှင့် (၈၆ x၈၇) ကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မန္တလေးတိုင်းအတွင်းရှိ မီးသတ်တပ်ဖွဲ့အချို့က Level 1 အဆင့်ဖြင့် ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပညာရေးကို ထိပါးလာတဲ့ အရိုင်းအစိုင်းတွေနဲ့ ကာကွယ်ပေးနိုင်စွမ်း ကင်းမဲ့လွန်းတဲ့ အစိုးရ (ဆောင်းပါး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း