တိပိဋကယောဆရာတော်ကြီးက ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ရွှေစင်တစ်ပိဿာကျော် လှူဒါန်း
Pearl (NSS) - ဖေဖော်ဝါရီ ၂၉
တိပိဋကယောဆရာတော်ကြီးက ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ရွှေစင်တစ်ပိဿာကျော်လှူဒါန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြတ်စွာဘုရားရှင်၏ "ရွှေဉာဏ်တော်"ကိုရည်စူးပြီး တိပိဋကယောဆရာတော်ကြီးက ရွှေစင်တစ်ပိဿာ၊ ရွှေဒင်္ဂါးပြားတစ်ပြား နှင့် နိုင်ငံတော်မှဆက်ကပ်ထားသည့် သီရိပျံချီဘွဲ့ (ရွှေစင် ၆ ကျပ်သား)၊ တန်ဖိုးအားဖြင့် ကျပ်သိန်း (၄၃၀၀) ခန့်ကို ဖေဖော်ဝါရီလ ၂၇ ရက်က ရွှေတိဂုံစေတီတော်ဂေါပကလူကြီးများ နှင့် တိုင်းသာသာနာရေးမှူးတို့ထံ လွှဲပြောင်းလှူဒါန်းခဲ့ခြင်းဖြစ်သည်။
"ဆရာတော်ကြီးရဲ့ ဒကာအရင်းလည်းဖြစ်၊ ရန်ကုန်မှာ ရာစုနှစ်များစွာ အောင်မြင်နေတဲ့ ရွှေဆိုင်ပိုင်ရှင်မိသားစုက အပ်အပ်စပ်စပ်ဖြစ်အောင်လျှောက်ပြီး ဆရာတော်ကြီး ဆန္ဒရှိတဲ့နေရာမှာ လှူနိုင်အောင်လှူခဲ့တာပါ"ဟု ယောဆရာတော်ကြီး၏ ကပ္ပိယဖြစ်သူ ဦးဝင်းသိန်းက ၎င်း၏လူမှုကွန်ယက်ဖေ့ဘွတ်ခ်စာမျက်နှာထက်တွင် အသိပေးထားသည်။
ယခုလ အစောပိုင်းတွင် ယောဆရာတော်ကြီးက အဆိုပါရွှေအား လုံးကို ဘုရားသို့ လှူဒါန်းလိုကြောင်း ဆရာတော်ကြီး၏ ဘဏ္ဍာ ထိန်း (၃)ဦးကို ခေါ်ယူမိန့်ကြားခဲ့ကြောင်း ဆရာတော်ကြီး၏ ဘဏ္ဍာ ထိန်း (၃)ဦးအနက် (၁)ဦးလည်းဖြစ်သူ ဦးဝင်းသိန်းက ရှင်းလင်းရေးသားထားသည်။
"အလှူနဲ့ပတ်သက်တာအားလုံး အစအဆုံးကို ဆရာတော်ကြီးမိန့်တဲ့အတိုင်း ပကာသနမပါဘဲ သိုသိုသိပ်သိပ်လုပ်ခဲ့တာပါ" ဟု ဦးဝင်းသိန်းက ဖော်ပြအသိပေးရေးသားထားသည်။
ယောဆရာတော်ကြီး ထိုသို့လှူဒါန်းခဲ့သည့်သတင်းမှာ လူမှုကွန်ယက် ဖေ့ဘွတ်ခ်စာမျက်နှာထက်တွင် ပျံ့နှံ့ထင်ရှားခဲ့ပြီး အင်တာနက်အသုံးပြုသူများက ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟွန်ဒူးရပ်စ်နိုင်ငံ အနောက်ပိုင်းတွင် ဘတ်စ်ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ပြီး အနည်းဆုံးလူ(၁၇)ဦး သေဆုံး
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း