နယူးဇီလန်က ကမ္ဘာ့ပထမဆုံး ဆေးရွက်ကြီး တားမြစ်ချက်ဥပဒေ ပြင်ဆင်နေ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၈
နယူးဇီလန်နိုင်ငံဟာ ဆေးရွက်ကြီး ရောင်းချမှု တားမြစ်ပိတ်ပင်ထားတဲ့ ဥပဒေကို မျိုးဆက်သစ်တွေအတွက်ကမ္ဘာ့ပထမဆုံးအနေနဲ့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
သုတေသီတွေ၊ တက်ကြွလှုပ်ရှားသူတွေက ဒီဆေးရွက်ကြီးကြောင့် လူသေဆုံးနိုင်တဲ့အန္တရာယ်ကို သတိပေးနေတဲ့အချိန်မှာ နယူးဇီလန်အစိုးရရဲ့ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ဇူလိုင်လမှာ စတင်အသက်ဝင်တော့မယ့် ကမ္ဘာ့အပြင်းထန်ဆုံး ဆေးရွက်ကြီး ဆန့်ကျင်ရေး စည်းမျဉ်းတွေဟာ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက် နောက်ပိုင်း မွေးသူတွေကို ဆေးလိပ်ရောင်းချခြင်းမှ တားမြစ်ထားပါတယ်။
၎င်းဟာ ဆေးရွက်ကြီး လက်လီရောင်းချသူ အရေအတွက်ကို ၉၀ ရာခိုင်နှုန်းကျော် လျှော့ချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက ရွေးကောက်တင်မြှောက် ခံထားရတဲ့ ညွန့်ပေါင်းအစိုးရသစ်မှ အဆိုပါဥပဒေကို ဖေဖော်ဝါရီ ၂၇ ရက်မှာ အရေးပေါ်အခြေအနေအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။
တွဲဖက်ကျန်းမာရေးဝန်ကြီး ကက်ဆေးကက်စတယ်လို က ညွန့်ပေါင်းအစိုးရအနေနဲ့ ဆေးလိပ်သောက်ခြင်းကို လျှော့ချဖို့အတွက် ကတိပြုထားသလို ဒီဖိအားကြောင့် အခြား ဖြစ်ပေါ်လာနိုင်မယ့် အန္တရာယ်တွေကို ထိန်းနိုင်ဖို့လည်း ကွဲပြားခြားနားတဲ့ စည်းမျဉ်းနည်းလမ်းကို အသုံးပြုနေတယ်လို့ ပြောကြားပါတယ်။
နယူးဇီလန်ဟာ နောက်ပိုင်း vaping နဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကိုလည်း တင်းကြပ်သွားမယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွန်ဂိုလီးယားနိုင်ငံတွင် ယခုနှစ်ပြင်းထန်သော ဆောင်းရာသီအတွင်း တိရစ္ဆာန်အကောင်ရေပေါင်း(၂)သန်းကျော် သေဆုံး
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ