မွန်ဂိုလီးယားနိုင်ငံတွင် ယခုနှစ်ပြင်းထန်သော ဆောင်းရာသီအတွင်း တိရစ္ဆာန်အကောင်ရေပေါင်း(၂)သန်းကျော် သေဆုံး
Pika (NSS) - ဖေဖော်ဝါရီ ၂၈
မွန်ဂိုလီးယားနိုင်ငံတွင် ယခုနှစ်ဆောင်းရာသီအတွင်း ပြင်းထန်သော အအေးဒဏ်နှင့် ဆီးနှင်းကျဆင်းမှုတို့ကို ကြုံတွေ့ရမှုနှင့်အတူ တိရစ္ဆာန်အကောင်ရေ(၂)သန်းကျော် သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောခဲ့သည်။
ထို့အပြင် ဒီဇင်ဘာလမှ မတ်လအတွင်း မွန်ဂိုလီးယားနိုင်ငံ၏ အချို့နေရာများတွင် အပူချိန်သည် အနှုတ်(၅၀)ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းသွားကြောင်းလည်း သိရသည်။ သို့သော်လည်း ယခုနှစ်ဆောင်းရာသီသည် ယခင်ဆောင်းရာသီများထက် ပိုမိုပြင်းထန်ကာ ပုံမှန်အပူချိန်ကျဆင်းမှုများထက် ပိုမိုကျဆင်းနေပြီး ဆီးနှင်းများလည်း ထူထပ်စွာကျဆင်းလျက်ရှိကြောင်း ကုလသမဂ္ဂက မကြာသေးမီက ထုတ်ပြန်သောအစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ(၂၆)ရက်အထိ တိရိစ္ဆာန်အကောင်ရေပေါင်း(၂ ဒသမ ၁) သန်းကျော်သည် ဆာလောင်မွတ်သိပ်မှု၊ ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် သေဆုံးခဲ့ကြောင်း မွန်ဂိုလီးယားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး ဂန်တူလ်ဂါ ဘတ်စိုင်ခန်က ပြောကြားခဲ့သည်။
မွန်ဂိုလီးယားနိုင်ငံတွင် ၂ဝ၂၃ ခုနှစ်ကုန်အထိ သိုး၊ ဆိတ်၊ မြင်း နှင့် နွားများ အပါအဝင် တိရစ္ဆာန်ပေါင်း(၆၄ ဒသမ ၇) သန်းခန့် ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ အဆိုပါပြင်းထန်သော ရာသီဥတုကို dzud (ဆိုးရွားသောဆောင်းရာသီအခြေအနေများ) ဟု ခေါ်ဆိုကြပြီး ရလဒ်အနေဖြင့် တိရစ္ဆာန်အမြောက်အမြား သေဆုံးမှုကိုဖြစ်စေကြောင်း သိရသည်။
ထို့အပြင် ရာသီဥတုဖောက်ပြန်မှုသည် dzud (ဆိုးရွားသောဆောင်းရာသီအခြေအနေများ) ၏ ပြင်းထန်မှုကို ပိုမိုတိုးမြင့်လာစေကြောင်း ကုလသမဂ္ဂကပြောကြားခဲ့သည်။
မွန်ဂိုလီးယားနိုင်ငံသည် ၂ဝ၂၂ ခုနှစ်မှ ၂ဝ၂၃ ခုနှစ် ဆောင်းရာသီကာလအတွင်း တိရစ္ဆာန်ပေါင်း(၄ ဒသမ ၄) သန်း သေဆုံးခဲ့မှုအပါအဝင် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း dzud (ဆိုးရွားသော ဆောင်းရာသီအခြေအနေများ) ကို ခြောက်ကြိမ်ခန့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KNU၊ PDF မိုင်းခွဲဖျက်ဆီးခဲ့သော ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ တံတားကို ပြည်သူများ ပြန်လည်အသုံးနိုင်ရေး (၂)ရက်အတွင်း အပြီးပြင်ရန် နစက စီစဉ်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ