ကင်ဆာရောဂါသည်များ အချိန်တိုအတွင်း ကုသမှုရရှိနိုင်မည့် အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်မှု (၇၅)ရာခိုင်နှုန်းကျော် ပြီးစီး
ယွန်း (NSS) - ဖေဖော်ဝါရီ ၂၁
ကင်ဆာရောဂါသည်များ အချိန်တိုအတွင်း ကုသမှုရရှိနိုင်မည့် အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်မှု (၇၅)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း ပြီးစီးကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနထံ မှ သိရသည်။
အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှစတင်ကာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ် (၉၂၀၈)သန်းကို အသုံးပြု၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကုသရေးဌာနတွင် ကင်ဆာဓာတ်ရောင်ခြည်ကုသစက်(၄)လုံး တပ်ဆင်၍ ကင်ဆာရောဂါသည်များကို ကုသ မှုပေးသွားမည်ဖြစ်ပြီး ယခုနှစ်(၂၀၂၄) အတွင်း စတင်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
“တည်ဆောက်မှုကတော့ မပြီးသေးပါဘူး။ ဆောက်နေတုန်းပါပဲ(၇၅)ရာခိုင်နှုန်းလောက်တော့ ပြီးသွားပါပြီ။ စီမံကိန်းကလည်းကြီးတယ်လေ။ ဓာတ်ရောင် ခြည်ကုသစက်(၄)လုံးတပ်ဆင်သွားမှာပါ။ လတ်တလော ပြည်သူ့ ဆေးရုံတွေမှာ ဓာတ်ကင်ဖို့လူနာတွေ စောင့်ဆိုင်းနေရတာတွေရှိတယ်။ အဲဒီစောင့်ဆိုင်း နေရတဲ့လူတွေ အတွက်ကို ဝန်ကြီးဌာနအနေနဲ့ စက်တိုးချဲ့တပ်ဆင်ဖို့ စီစဥ်ခဲ့တာပါ။ စက်တပ်ဆင်ပြီးသွားရင်တော့ စောင့်ဆိုင်းရတဲ့လူနာတွေ အတွက် အချိန်တိုတိုအတွင်း ကုသမှုရှိမှာပါ။ နောက်ပိုင်းလည်းထပ်ပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ထပ်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဆောက်နေတဲ့ဘန်ကာ ပြီးနိုင်တာရယ်၊ စက်ဝယ်မှုတွေပြီးနိုင်တဲ့အချိန်ရယ်၊ လျှပ်စစ်မီးလည်းရပြီ စက်လည်ပတ်ပြီဆိုရင် ဒီဌာနကစပြီးတော့ လုပ်နိုင်ပါပြီ။ ၂၀၂၄ အတွင်းမှာတော့ စတင်နိုင် အောင် ဆောင်ရွက်နေပါတယ်” ဟု ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ပြီးစီးပါက ကင်ဆာရောဂါလူနာများအား ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဓာတ်ခွဲစမ်းသပ်မှု၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
ကင်ဆာရောဂါသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဥ်ဖြစ်ပွားမှုနှုန်းတိုးမြင့်လျက်ရှိပြီး ကင်ဆာဆဲလ်ပြန့်နှံ့မှုမရှိစေရန် ကုသပေးနိုင်သည့် ဓာတ်ရောင်ခြည်စက်ဖြင့်ကုသနည်းသည် အဓိကကျသည့် ကုသခြင်းတစ်ခုဖြစ်ကြောင်း သိရသည်။
ကင်ဆာဓာတ်ရောင်ခြည်ကုသမှုများကို အရေးပေါ်အခြေအနေများအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် တောင်ကြီး စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးတို့တွင် ကင်ဆာဓာတ်ရောင်ခြည်ကုသစက် (၁၂)လုံး ထားရှိကာ ဆောင်ရွက်ပေးနေကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံး
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ