အီရန်ထိပ်တန်းခေါင်းဆောင်၏ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့်များအားလုံးကို ပိတ်ပစ်ခဲ့ကြောင်း Meta ကုမ္ပဏီပြော
Pika (NSS) - ဖေဖော်ဝါရီ ၁ဝ
Meta ကုမ္ပဏီက အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာအလီခါမေနီသည် အန္တရာယ်ရှိသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့်ပတ်သက်သော မူဝါဒများကို ချိုးဖောက်သည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး ၎င်း၏ ဖေ့စ်ဘုတ်နှင့် အင်စတာဂရမ်အကောင့် အများအပြားကို ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အယာတိုလာအလီခါမေနီ၏ အကောင့်များအား ပိတ်ပစ်လိုက်ဖြစ်ကြောင်း Meta ကုမ္ပဏီက ဖေဖော်ဝါရီလ(၈)ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ Meta ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးက "အလီခါမေနီဟာ အန္တရာယ်ရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့မူဝါဒကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တာမလို့ သူရဲ့ အကောင့်တွေအားလုံးကို ဖယ်ရှားလိုက်ပါပြီ"ဟု ပြောဆိုခဲ့သည်။
အလီခါမေနီ၏ အကောင့်များသည် အဆိုပါမူဝါဒကို မည်ကဲ့သို့ချိုးဖောက်ခဲ့သည်ဆိုသည့်အချက်ကို အဆိုပါပြောရေးဆိုခွင့်ရှိသူက အတိအကျထုတ်ပြန်ပြောဆိုခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီကို အွန်လိုင်းတွင် တွေ့ရှိနေရခြင်းနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ပေးရန် အစ္စရေးလိုလားသောအဖွဲ့များက အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ပိတ်ပင်မှုထွက်ပေါ်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်က လုပ်ဆောင်ခဲ့သော ဟားမက်လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းမျိုးမရှိကြောင်း အီရန်အစိုးရက အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့သည်။ တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်းမျိုးမရှိသော် လည်း ပါလက်စတိုင်းလူမျိုးများနှင့် ဟားမက်လက်နက်ကိုင်အဖွဲ့တို့အား ထောက်ခံကြောင်း အီရန်အစိုးရက ထပ်မံပြောဆိုခဲ့သည်။
"အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ခံတာ ဒါမှမဟုတ် အကြမ်း ဖက်မှုတွေမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ရဲ့ ပလက်ဖောင်းပေါ်မှာ ရှိနေဖို့ခွင့်ပြုမှာ မဟုတ်ပါဘူး။ ပြီးတော့ အန္တရာယ်ရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုတွေနဲ့ ကိုယ်စားပြုမှုတွေ အားလုံးကိုလည်း ဖယ်ရှားပစ်မှာပါ"ဟု Meta ကုမ္ပဏီက ပြောဆိုခဲ့သည်။
အလီခါမေနီ၏ Farsi ဘာသာစကား အင်စတာဂရမ်ပေ့ချ်တွင် ဖော်လိုဝါ(၅)သန်းကျော်ရှိပြီး အင်္ဂလိပ်ဘာသာစကားဖြင့် ဖွင့်ထားသော ပေ့ချ်တွင် ဖော်လိုဝါ(၂)သိန်းကျော်ရှိကြောင်းလည်း သိရသည်။ အလီခါမေနီ၏ ယခင်ဖေ့စ်ဘုတ်ပေ့ချ်အဟောင်းတွင် ဖော်လိုဝါ(၁၆၀၀၀)ဝန်းကျင်သာရှိကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ၏ အမိန့်ကို မနာခံခဲ့ခြင်းကြောင့် ယူကရိန်းကာကွယ်ရေးဦးစီးချုပ် ရာထူးမှထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကြောင်း Politico သတင်းဌာနဖော်ပြ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း