အမေရိကန်နိုင်ငံ၏ အမိန့်ကို မနာခံခဲ့ခြင်းကြောင့် ယူကရိန်းကာကွယ်ရေးဦးစီးချုပ် ရာထူးမှထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကြောင်း Politico သတင်းဌာနဖော်ပြ
Pika (NSS) - ဖေဖော်ဝါရီ ၁ဝ
ယူကရိန်းဗိုလ်ချုပ်ကြီး ဗီလာရီ ဇာလူစနီသည် ပြီးခဲ့သည့်နှစ် နွေရာသီက ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှုများနှင့်ပတ်သက်ပြီး အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်နှင့် အငြင်းပွားမှုများရှိခဲ့ခြင်းကြောင့် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကြောင်း Politico သတင်းဌာနက ဖော်ပြခဲ့သည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် ကာကွယ်ရေးဦးစီးချုပ် ဗီလာရီ ဇာလူစနီကို ဖေဖော်ဝါရီလ(၈)ရက်တွင် ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဗီလာရီ ဇာလူစနီကို ရာထူးမှထုတ် ပယ်ခြင်းသည် အဓိကရုဏ်းများ သို့မဟုတ် ပုန်ကန်မှုများဖြစ်ပွားလာစေနိုင်ကြောင်း ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု(SBU)က သတိပေးပြောဆိုခဲ့ဖူးသော်လည်း ဇီလန်စကီးက ယခုကဲ့သို့ ရာထူးမှထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဇီလန်စကီးသည် ဗီလာရီ ဇာလူစနီ၏နေရာတွင် ဗိုလ်ချုပ်ကြီးအလက်စန်းဒါးဆေးစကီးကို အစားထိုးခန့်အပ်ခဲ့ကြောင်းလည်းသိရသည်။
ဗီလာရီ ဇာလူစနီကို ရာထူးမှထုတ်ပယ်ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရက ထောက်ခံခဲ့ခြင်းမရှိသလို ဆန့်ကျင်ခဲ့ခြင်းလည်း မရှိခဲ့ကြောင်းသိရသည်။ ဗီလာရီ ဇာလူစနီသည် ၂၀၂၃ ခုနှစ်က လုပ်ဆောင်ခဲ့သော တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ပင်တဂွန်စစ်ဌာနချုပ်နှင့် ယူကရိန်းတို့ကြား သဘောထားကွဲလွဲမှုများအတွက် ပြစ်တင်ဝေဖန်မှုများကိုလည်း ခံခဲ့ရကြောင်း သတင်းရင်းမြစ်တစ်ခုက Politico သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဗြိတိန် နှင့် အမေရိကန် ဗိုလ်ချုပ်များသည် ရုရှားအပေါ် ယူကရိန်း ၏ တန်ပြန်ထိုးစစ်ဆင်မှုအစီအစဉ်များနှင့်ပတ်သက်ပြီး ကူညီပေးခဲ့သော်လည်း ဗီလာရီ ဇာလူစနီက အဆိုပါအစီအစဉ်ကို ဘေးဖယ်ထားခဲ့ကြောင်း Washington Post သတင်းဌာနက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ရေးသားဖော်ပြခဲ့သည်။
အမည်မဖော်လိုသူအကြံပေးတစ်ဦးက "ယူကရိန်းနိုင်ငံသားတွေဟာ အမေရိကန်ရဲ့ အကြံညဏ်တွေကို စိတ်ဝင်စားမှုမရှိကြပါဘူး။ ကျွန်တော်တို့မှာ အကြံညဏ်ပေးစရာတွေမရှိဘူးလို့ သူတို့က ကောက်ချက်ချကြပါတယ်။ အမေရိကန်နိုင်ငံသားတွေဟာ ဒီလိုမျိုးစစ်ပွဲတွေမှာ အတွေ့အကြုံမရှိဖူးလို့ ယူဆထားတာတွေကြောင့် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အကြုံပြုချက်အများအပြားဟာ ဘေးဖယ်ထားမှုတွေနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအဖွဲ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း ရုရှားသမ္မတပူတင် ထပ်မံထုတ်ဖော်ပြောဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း