နေတိုးအဖွဲ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း ရုရှားသမ္မတပူတင် ထပ်မံထုတ်ဖော်ပြောဆို
Pika (NSS) - ဖေဖော်ဝါရီ ၁ဝ
ရုရှားနိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံများကို တိုက်ခိုက်ရန် ရည်ရွယ် ချက်မရှိကြောင်းနှင့် ၎င်း၏နိုင်ငံ ပထမဦးဆုံးတိုက်ခိုက်ခံရမှသာ လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က အမေရိကန်သတင်းထောက် တက်ကာကာလ်ဆန်နှင့် အင်တာဗျူးအတွင်း ပြောကြားခဲ့သည်။
ပူတင်က "အနောက်အုပ်စုနိုင်ငံတွေဟာ သူတို့ဘာသာစိတ်ကူးယဉ်ထားတဲ့ ရုရှားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေနဲ့ သူတို့ရဲ့ပြည်သူတွေကို ခြိမ်းခြောက်ဖို့ကြိုးစားနေတာပါ။ ဒီအချက်က မှားယွင်းနေတယ်ဆိုတာကို ပညာရှိတွေက သေချာနားလည်ပါတယ်"ဟုပြောဆိုခဲ့သည်။
ထို့ပြင် ဥရောပတိုက်တစ်လျှောက် နယ်မြေစိုးမိုးရေး ရည်မှန်း ချက်များရှိသလားဆိုသည့် မေးခွန်းကို ပူတင်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။ ပူတင်က "ဒါကို လုံးဝမေး ခွန်းထုတ်နေစရာ မလိုပါဘူး။ ကမ္ဘာ့စစ်ပွဲမှာပါဝင်တာဟာ သာမန်အသိတရားနဲ့ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာကို နားလည်ဖို့ လေ့လာသုံးသပ်နေစရာမလိုပါဘူး။ ကမ္ဘာလုံးဆိုင်ရာစစ်ပွဲဟာ လူသားတွေအားလုံးကို ပျက်စီးခြင်းအဆုံးစွန်ကို ရောက်ရှိစေပါလိမ့်မယ်"ဟု ပြောဆိုခဲ့သည်။
ထို့ပြင် အနောက်အုပ်စုနိုင်ငံများ၏ အစိုးရများသည် ယူကရိန်းနှင့် အခြားနေရာများတွင် ရုရှားကိုအားနည်းအောင်လုပ်ဆောင်ရန်အတွက် ငွေကြေးထောက်ပံ့ပေးမှုများ ပိုမိုလုပ်ဆောင်ရန်နှင့်ပတ်သက်ပြီး ၎င်းတို့၏အခွန်ပေးဆောင်သူများကို စည်းရုံးဆွဲဆောင်ရန် ကြောက်မက်ဖွယ်နည်းပရိယာယ်များကို အသုံးပြုနေကြောင်း ပူတင်ကစွပ်စွဲပြောဆိုခဲ့သည်။ နေတိုးအဖွဲ့၏ အရှေ့ဘက်ခြမ်းသို့ နယ်မြေဆက်လက်ချဲ့ထွင်နေမှု နှင့် ယူကရိန်းအတွက် ၎င်း၏ထောက်ခံမှုတို့သည် ရုရှား-ယူကရိန်း ပဋိပက္ခကိုဖြစ်ပွားစေသည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်ကြောင်း ရုရှားဖက်က အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ အနောက်အုပ်စုနိုင်ငံများ၏ ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးနေမှုသည် ပဋိပက္ခကို ပိုမိုရှည်ကြာစေကာ သွေးထွက်သံယိုဖြစ်ပွားမှုများကိုသာ တိုးလာစေမည်ဖြစ်ကြောင်း ရုရှားအစိုးရက အကြိမ် ကြိမ်သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံတွင် အဝေးပြေးလမ်းမပေါ်သို့ ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး အနည်းဆုံးလူ(၂)ဦးသေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း