၂ဝ၅ဝ ပြည့်နှစ်မှာ ကင်ဆာဖြစ်ပွားမှုအသစ် ၇၇ ရာခိုင်နှုန်းအထိ တိုးလာနိုင်ကြောင်း WHO သတိပေး
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၃
၂ဝ၅ဝ ပြည့်နှစ်မှာ ကင်ဆာရောဂါဖြစ်ပွားမှုအရေအတွက် ၃၅ သန်းကျော်အထိ တိုးလာနိုင်ပြီး ၂ဝ၂၂ ခုနှစ်က ကိန်းဂဏန်းထက် ၇၇ ရာခိုင်နှုန်း ပိုမိုမြင့်မားလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထား ပါတယ်။
WHO ရဲ့ ကင်ဆာသုတေသနဆိုင်ရာအပြည်ပြည်ဆိုင်ရာအေဂျင်စီ (IARC) က ဖဖော်ဝါရီ ၁ ရက်မှာ ဆေးလိပ်၊ အရက်၊ အဝလွန်ခြင်းနဲ့ လေထုညစ်ညမ်းမှုတို့ကို ကိုးကားပြီး အဆိုပါသတိပေးချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂ဝ၅ဝ ပြည့်နှစ်မှာ ကင်ဆာရောဂါဖြစ်ပွားမှုအသစ် ၃၅ သန်းကျော် ရောဂါရှာဖွေတွေ့ရှိနိုင်တယ်လို့ ၎င်းက ဆိုပါတယ်။
ဒီနှုန်းအတိုင်းဆို ၂ဝ၂၂ ခုနှစ်က ဖြစ်ပွားမှု သန်း ၂ဝ ထက် ၇၇ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ပါတယ်။
ဆေးရွက်ကြီး၊ အရက်နဲ့ အဝလွန်ခြင်းဟာ ကင်ဆာရောဂါဖြစ်ပွားမှုတိုးမြင့်လာမှုရဲ့နောက်ကွယ် အဓိကအချက်များဖြစ်ပြီး လေထုညစ်ညမ်းမှုဟာ ပတ်ဝန်းကျင်အန္တရာယ်ဖြစ်စေတဲ့ အဓိကတွန်းအားတစ်ခုဖြစ်တယ်လို့ WHO က ဆိုပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံအများစုဟာ ၂ဝ၂၂ ခုနှစ် ခန့်မှန်းချက်များနဲ့နှိုင်းယှဉ်ရင် ၂ဝ၅ဝ ပြည့်နှစ်မှာ ရောဂါကူးစက်မှုအသစ် ၄.၈ သန်း ထပ်တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၂ ခုနှစ် ခန့်မှန်းချက်များနဲ့နှိုင်းယှဉ်ရင် အကြီးမားဆုံး တိုးလာမှုဖြစ်မှာဖြစ်ပြီး သေဆုံးမှုလည်း ၂ ဆနီးပါး တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။
ကင်ဆာရောဂါဟာ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားမှု အများဆုံးရောဂါတစ်ခုဖြစ်ပြီး နှစ်စဉ် လူပေါင်းသန်းနဲ့ချီ သေဆုံးနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖူဂျီတောင်ကို လာရောက်လည်ပတ်သူတွေ တောင်တက်ကြေး အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာ ပေးဆောင်ရမည်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ