ဖူဂျီတောင်ကို လာရောက်လည်ပတ်သူတွေ တောင်တက်ကြေး အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာ ပေးဆောင်ရမည်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၃
တောင်တက်ရာသီအတွက် ဂျပန်နိုင်ငံက ၎င်းရဲ့ ၃၇၇၆ မီတာရှိ အမြင့်ဆုံး အထင်ကရ ဖူဂျီတောင်ကို တက်ရောက်ဖို့ မျှော်မှန်းထားတဲ့ တောင်တက်သမားတွေအနေနဲ့ တောင်တက်ကြေး ယန်း ၂ဝဝဝ (အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာ) ပေးဆောင်ရတော့မှာဖြစ်တယ်လို့ ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တောင်တက်လမ်းကြောပိတ်ဆို့မှုကို ဖြေလျှော့ဖို့အတွက် ရန်ပုံငွေကို တောင်ရဲ့အသုံးပြုမှု အများဆုံးလမ်းမှာ စတင် ကောက်ခံသွားမှာဖြစ်တယ်လို့ Yamanashi စီရင်စုအုပ်ချုပ်ရေးမှူး ကိုတာရိုနာဂါဆာကီက ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါငွေကို တောင်တက်လမ်းပိတ်ဆို့မှုများ ဖယ်ရှားရှင်းလင်းဖို့နဲ့ ဖူဂျီတောင် ပေါက်ကွဲခဲ့ရင် အသုံးပြုဖို့ shelter များ ဆောက်လုပ်ဖို့အတွက် ဘဏ္ဍာငွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ စီရင်စုအစိုးရ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တောင်တက်သမားတွေကို တောင်ရဲ့ထိန်းသိမ်းမှုရေးရာမှာ ပံ့ပိုးကူညီမှုအတွက် ဆန္ဒအလျောက်ပေး အလှူငွေ ယန်း ၁ဝဝဝ မှ စ သီးခြားကောက်ခံသွားမယ်လို့ သိရပါတယ်။
ဖူဂျီတောင်ဟာ ဂျပန်နိုင်ငံအလယ်ပိုင်း ရာမာနာရှီ နဲ့ ရှီဇိုကိုဒေသမှာ တည်ရှိပြီး တိုကျိုမြို့လယ်မှ ရထားနဲ့ နှစ်နာရီခန့်ကြာ သွားရောက်ရတဲ့နေရာဖြစ်ပါတယ်။ ယမန်နှစ်ကတော့ တောင်ပေါ်မှာ တောက်တက်သမားတစ်ဦး သေဆုံးခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားထိန်းသိမ်းရေးစခန်းမှ ဘင်္ဂါလီဒုက္ခသည်များ နှင့် မြန်မာရွှေ့ပြောင်းလုပ်သား(၁ဝဝ) ကျော် ထွက်ပြေး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း