Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အခွင့်အလမ်းကို ဖန်တီးမပေးခဲ့လျှင် ဘင်္ဂလားဒေ့ရှ်လူငယ်များ အခြားတော်လှန်ရေးတစ်ခုခုကို မီးမွှေးလိမ့်မည်ဟု ယူနွတ်ပြော

Htay Oung (NSS) - နိုဝင်ဘ ၂ဝ

လူငယ်တွေဟာ အလုပ်အကိုင် ဈေးကွက်ထဲကို နေ့စဉ် အစုလိုက် အပြုံလိုက် ဝင်ရောက်နေကြပြီး အစိုးရက အခွင့်အလမ်းများကို ဖန်တီးမပေးနိုင်ဘူး ဆိုရင် သူတို့ဟာ နောက်ထပ်တော်လှန်ရေးတစ်ခုကို မီးမွှေးလိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်ယာယီ အစိုးရ အကြံပေးအရာရှိချုပ် ဒေါက်တာ မိုဟာမက် ယူနွတ်က ပြောပါတယ်။ (၁၅) နှစ်ကြာ အာဏာရှင် အုပ်စိုးမှုအပြီး ယူနွတ်ဟာ နိုင်ငံကို ပုံမှန်လမ်းကြောင်း ပေါ် ဆောင်ကျဉ်းပေးရမယ့် အစိုးရအဖွဲ့ရဲ့အကြီးအကဲဖြစ်လာပါတယ်။ တာဝန်ထမ်းဆောင်မှု ကနဦး ရက်(၁၀ဝ)အတွင်း သူဆောင်ရွက်မယ့် ခေါင်းစဉ်များ နဲ့ပတ်သက်ပြီး  'လာမွန်ဒါ'ပြင်သစ်နေ့စဉ်သတင်း စာနဲ့တွေ့ဆုံစဉ် ယူနွတ်က ပြောပြတယ်လို့ 'ဒါကာ ထရိုင်ဗြွန်း'က နိုဝင်ဘာ ၁၈ ရက်မှာရေးသားပါတယ်။ 'အစပိုင်းမှာတော့ ကျောင်းသားတွေဟာ အများသူငှာ အလုပ်အကိုင်ခွဲတမ်း သတ်မှတ်ချက် ဖယ်ရှားပေးရေး တောင်းဆိုဖို့ လမ်းပေါ်ထွက်ခဲ့ကြပါတယ်။ အဲဒါ လူ ငယ်တွေအတွက် အခွင့်အလမ်းတွေ ဆိုးဆိုးရွားရွား နည်းပါးနေတာကို ပြသနေခြင်းပါ၊ ဒါကို ကျွန်တော်တို့ ဘယ်လို ကုစားနိုင်မလဲ'လို့ ငြိမ်းချမ်းရေး နိုဘလ်ဆု ရှင် ယူနွတ်က မေးခွန်းထုတ်လိုက်ပါတယ်။

'ဒီတာဝန်က အင်မတန်ကြီးလေးလှပါတယ်။ နိုင်ငံ့လူဦးရေ သန်း (၁၇၀)ရဲ့ထက်ဝက်ဟာ အသက် (၂၇)နှစ်အောက်များဖြစ်နေကြပြီး လူငယ်တွေဟာ အလုပ်အကိုင် ဈေးကွက်အတွင်း နေ့စဉ် အလုံးအရင်း နဲ့ ဝင်ရောက်နေကြပါတယ်။ သူတို့ကို အခွင့်အရေး တွေ မပေးနိုင်ရင် သူတို့က နောက်ထပ် တော်လှန်ရေး တစ်ခုခုကို လုပ်ကြပါလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ် စီးပွား ရေးက လူတိုင်းအတွက် အလုပ်အကိုင်တွေ ဖန်တီး ပေးနိုင်လောက်အောင် မြန်မြန်ဆန်ဆန် ကြီးထွားမ လာသေးပါဘူး။ အလုပ်အကိုင်တွေက လမ်းကြောင်း မှန်မှာ ရှိမနေဘူး။ အလုပ်အကိုင်ရှာဖွေနေရသူများနဲ့ နိုင်ငံမဟုတ်ဘဲ စွန့်ဦးတီထွင်များနဲ့နိုင်ငံဖြစ်ဖို့ လိုအပ် ပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုနဲ့ စွန့်ဦးတီထွင်မှု ကို အားပေးဖို့ဆိုရင် ဘဏ္ဍာရေးကဏ္ဍကို ပြုပြင် ပြောင်းလဲဖို့ လိုအပ်ပါတယ်'လို့ အကြံပေးအရာရှိချုပ် က ပြင်သစ်နေ့စဉ် သတင်းစာကို ရှင်းပြပါတယ်။ 

'နည်းပညာတွေရှိနေကြတဲ့ ဘင်္ဂလားဒေ့ရှ် လူငယ်တွေဟာ မိုဘိုင်းလ်ဖုန်းတွေနဲ့ လှုပ်ရှားမှုတွေကို စုစည်းနိုင်ခဲ့ပြီး အစိုးရကို အနိုင်ယူခဲ့ပါတယ်။ ဒါဆို စီးပွားရေးကို ပြောင်းလဲဖို့ ဘာကြောင့်အဲဒီ စွမ်းအား မျိုးကို မသုံးကြတာလဲ။ အဲဒါအတွက် အထောက်အကူ ဖြစ်စေမယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးသွားရမှာ ပါ၊ ကျွန်တော် တက်လာတော့ တိုင်းပြည်က တုန်လှုပ် သွားတယ်၊ ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ ကျောင်း သားတွေက ကျွန်တော့်ကို တွန်းအားပေးကြတယ်။ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် လူချင်း မသိကြဘဲ မရေရာ မသေချာတဲ့ ပတ်ဝန်းကျင်မှာ အ လုပ်ကို စတင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ သိထားတဲ့ တစ်ခုတည်းသောအရာကတော့ နိုင်ငံသစ်ကို ပုံဖော်ဖို့ အခွင့်အလမ်းရရှိခဲ့ခြင်းပါပဲ'လို့  ယူနွတ်က ပြောပါတယ်။

ရှိတ်ဟာစီနာအစိုးရ ပုံသွင်းထားခဲ့တဲ့ အုပ်ချုပ် ရေးကို အမွေဆက်ခံရသူတစ်ဦးအဖြစ်နဲ့ပတ်သက် ပြီး မေးမြန်းရာမှာ 'အစပိုင်းမှာတော့ ရန်လိုမှုတွေရှိခဲ့ တယ်'လို့ ယူနွတ်က နိဒါန်းပျိုးလိုက်ပါတယ်။ 'ဝန်ထမ်းထောင် ပေါင်းများစွာဟာ အစိုးရဟောင်းအပေါ် တည်မှီသစ္စာခံတာကြောင့် အုပ်ချုပ်ရေး ပြိုလဲသွားပါတယ်။ ဘာတွေ ဘယ်လိုဖြစ်နေတယ်ဆိုတာ ဘယ်သူ မှ မသိပါဘူး။ ဒါက အယုံအကြည်ရှိမှုနဲ့ အများကြီးပတ်သက်ပါတယ်။ အတော်ကြီးကို ပရမ်းပတာဖြစ်တာနဲ့ ကြုံခဲ့ရပါတယ်။ နိုင်ငံ့ဝန်ထမ်းအများအပြားဟာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပါတယ်။ အချို့ ကတော့ လက်စားချေခံရမှာကို ကြောက်ရွံ့ပြီး နိုင်ငံမှထွက်ခွာသွားကြပါတယ်။ အစိုးရ အုပ်ချုပ်ရေးအဆင့် အသီးသီးမှာ ထိုင်ခုံအလွတ်တွေရှိနေပြီး သူတို့ကို ဖြည့်ဖို့ အရည်အချင်းရှိတဲ့လူတွေကို ခေါ်ယူဖို့ လိုအပ် ပါတယ်၊ ရဲတပ်ဖွဲ့ဆိုရင် အခုချိန်ထိ အပြည့်အဝအလုပ်မလုပ်နိုင်သေးပါဘူး။ လူထုက အော်ဟစ်ဆဲဆိုပြီး တံတွေးနဲ့ ထွေးကြလိမ့်မယ်ဆိုတော့ တချို့လူတွေက လမ်းပေါ်ထွက်ရမှာ ကြောက်နေကြတုန်းပါ၊ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အမိန့်ဒီဂရီတွေ ချမှတ်ပြီး ကြားဖြတ် အစိုးရအနေနဲ့ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်လာ ခဲ့ပါတယ်၊ စီးပွားရေးနဲ့ပတ်သက်ပြီး ပျက်စီးယိုယွင်း နေတဲ့ အခြေအနေများအကြောင်းကိုလည်း ယူနွတ်က ရှင်းပြပါတယ်။

'ကျွန်တော်တို့ တာဝန်ယူထားရဲ့ စီးပွားရေး အခြေအနေက အတော်ဆိုးပါတယ်။ အကြီးစား မီဂါပရောဂျက်များအတွက် ယခင်အစိုးရက ထုတ်ယူ ထားတဲ့ ချေးငွေများကို ပြန်ဆပ်ရမှာဖြစ်ပြီး တိုင်းပြည် ရဲ့ နိုင်ငံခြားအရန်ငွေတွေကလည်း ပြောင်တလင်းခါ နေချိန်ဖြစ်ပါတယ်။ ဘဏ်စနစ်တစ်ခုလုံး ပြိုကျသွား တယ်။ ယခင်အစိုးရနဲ့နီးစပ်သူတွေဟာ ပြန်ဆပ်ဖို့ ရည်ရွယ်ချက်မရှိပဲ ချေးငွေအတော်များများကို ထုတ် ယူထားပါတယ်။ ဒေါ်လာ(၁၇)ဘီလျံ (ယူရို ၁၆ ဘီ လျံ) ခန့်ဟာ ပြည်တွင်းက ကဲ့ထုတ်ယူခံခဲ့ရပါတယ်။ နောက်သုံးလလောက်ကြာတော့ ဘဏ်စနစ်က ပြန် လည်ပတ်လာပြီး ကျွန်တော်တို့ရဲ့ နိုင်ငံခြားအရန်ငွေ တွေ တိုးလာတယ်၊  ဒီသုံးလအတွင်းမှာ ဖြစ်ပျက်ခဲ့သမျှ ထဲမှာ အကောင်းဆုံးအရာကတော့ နိုင်ငံတကာအ သိုင်းအဝိုင်းရဲ့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုပါပဲ။ ကျွန်တော် (စက်တင်ဘာလမှာကျင်းပတဲ့ အထွေထွေညီလာခံ အတွက်) ကုလသမဂ္ဂကို  သွားတုန်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် အစိုးရအကြီးအကဲ အားလုံးနီးပါးနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ကျွန်တော်တို့နဲ့ အတူ ရပ်တည်မယ်လို့ ကတိရရှိခဲ့ပါတယ်။ အမေရိ ကန်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဒေါ်နယ်ထရမ့် တက်လာတယ်ဆိုတော့ (ယူနွတ်တို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအနေနဲ့) မဟာမိတ်တစ်ဦးကို ဆုံးရှုံးသွားသလို မဖြစ်ဘူးလားလို့ မေးမြန်းတဲ့အခါ ယူနွတ် က'အမေရိကန်ဟာ နိုင်ငံတစ်ခုအနေနဲ့ မဟာမိတ်ဖြစ် ပါတယ်။ ဂျိုးဘိုင်ဒန်က မိတ်ဆွေသမ္မတဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်တက်လာလို့ အဲဒီလင့်က ပြတ်တောက် သွားပေမယ့် နှစ်နိုင်ငံကြားဆက်ဆံရေးက နိုင်ငံအ ချင်းချင်း ဆက်ဆံရေးဖြစ်လို့ ပြောင်းလဲမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အိန္ဒိယနဲ့ ဆက်ဆံရေးအကြောင်းနဲ့ပတ်သက်ပြီး တရုတ်က သူ့ဘက်ကိုလှည့်ဖို့ သွေးဆောင်ခံရခြင်း ရှိ-မရှိ မေးမြန်းရာမှာ 'ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်ကြား ဆက်ဆံရေးဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ပါကစ္စတန် လူတိုင်းနဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်။ ကျွန် တော်တို့ရဲ့အနာဂတ်ဟာ ရန်ဖြစ်မှုများအပေါ် မူတည် မှာမဟုတ်ဘဲ ခိုင်မာတဲ့ချည်နှောင်မှုများနဲ့ ဆက်ဆံရေး အပေါ် အခြေခံပါတယ်'လို့ အကြံပေးအရာရှိချုပ်က ပြန်လည်ဖြေဆိုပါတယ်။

'အိန္ဒိယမှာ ခိုလှုံနေတဲ့ ရှိတ်ဟာစီနာကို တရားခံ အဖြစ် လွှဲပြောင်းယူဖို့ ကျောင်းသားတွေက တောင်း ဆိုနေကြတယ်'လို့ ယူနွတ်က စကားဆက်ပါတယ်။ ဟာစီနာကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ ဝတ်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်တရားရုံးမှာ စွပ်စွဲထားပါ တယ်။ လူတွေက သူ့ကိုပြစ်ဒဏ်ကျစေခံပြီး နိုင်ငံရေး မှာ ဝင်မကစား စေချင်ကြပါဘူး။ ရွေးကောက်ပွဲ အ ကြောင်းပြောဆိုကြတဲ့အခါ 'ကျွန်တော့်မှာ ရက်ချိန်း သတ်မှတ်ချက်မရှိပါဘူး။ ရွေးကောက်ပွဲ ကျင်းပရေး ကို စည်းရုံးဖို့မဟုတ်ဘဲ ပြုပြင်ပြောင်းလဲရေးတွေ ဖော် ဆောင်ဖို့ ရောက်လာတာပါ။ ရွေးကောက်ပွဲနဲ့ ပတ် သက်ပြီး ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်နေပါ တယ်။ ရွေးကောက်ပွဲ ဥပဒေတွေကို ပြောင်းလဲသင့် သလား။ ဘယ်လိုလွှတ်တော်အမျိုးအစားကို ရွေး ချယ်မလဲ။ အချိုးကျကိုယ်စားပြုမှု (PR) စနစ်ကို ရွေးချယ်သင့်ပါသလား။ ]ဒီကော်မရှင်ရဲ့ ကောက်ချက် တွေကို နိုင်ငံရေးပါတီအားလုံးက စစ်ဆေးကြပါလိမ့် မယ်။ ရွေးကောက်ပွဲကော်မရှင်အသစ် ဖွဲ့စည်းမယ့် အကြောင်း မကြာခင်ကပဲ ကြေညာထားပြီး ဥက္ကဋ္ဌသစ် ကို မကြာခင်မှာ ခန့်အပ်မှာ ဖြစ်ပါတယ်၊ ကလဲ့စားချေ ခြင်းနဲ့ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ မေးခွန်းနဲ့ ပတ် သက်ပြီး အကြံပေးအရာရှိက 'အခုချိန်ထိ ကြီးကြီးမား မား လက်စားချေမှုမျိုးတော့ မရှိသေးပါဘူး။ ဆိုလို တာက နိုင်ငံတဝန်းမှာ (ဟာစီနာရဲ့) အဝါမီလိဂ် ထောက်ခံသူတွေ အများကြီးရှိနေပါတယ်။ ညတွင်းချင်း ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး'လို့ ဖြေဆို ပါတယ်။ 

'သူတို့ထဲက အများစုဟာ လက်တုံ့ပြန်ခံရမှာကို စိုးရိမ်လို့ ရှောင်ပုန်းနေကြတယ်လေ'လို့  'လာမွန်ဒါ'ပြင်သစ်သတင်းစာက စကားဖြတ် ပြောလိုက်တဲ့အခါ 'သူတို့တွေ ပုန်းမနေပါဘူး၊ နေရာတိုင်းမှာ ရှိပါတယ်။ ဘယ်သူမဆို သူတို့ကို တွေ့နိုင်ပါတယ်။ လူဦးရေရဲ့ ၃၀% လောက်က အဲဒီပါတီနဲ့ တရားဝင် ဆက်စပ်နေပါ တယ်၊ သူတို့ဟာ ဇွဲနပဲကြီးလှတဲ့ တက်ကြွလှုပ်ရှားသူ များဖြစ်ပြီး အလွန်လည်း ရန်လိုကြပါတယ်၊ ပါတီ ခေါင်းဆောင်တွေနဲ့မတူဘဲ တစ်နေရာရာမှာ ပုန်း အောင်းနေရမယ့် အမျိုးအစား မဟုတ်ပါဘူး'လို့ ဘင်္ဂ လားဒေ့ရှ် ကြားဖြတ်ယာယီအစိုးရ အကြံပေးအရာရှိ ချုပ် ဒေါက်တာ မိုဟာမက်ယူနွတ်က မှတ်ချက် ပေးပါတယ်။

အသက် (၈၄)နှစ်အရွယ် ဒေါက်တာ မိုဟာမက် ယူနွတ် (Dr. Muhammad Yunus) ဟာ နိုင်ငံတကာသိ ထင်ရှားကျော်ကြားသူ ဘင်္ဂလားဒေ့ရှ်လူမှုရေး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အထူးသဖြင့် ဂရမင်းဘဏ် (Grameen Bank) ထူထောင်မှုနဲ့ လူထုဘဏ်လှုပ်ရှားမှု (microfinance) ကိုဖော်ထုတ်သူအဖြစ် လူသိ များပါတယ်။ စစ်တကောင်း ဘင်္ဂလားဒေ့ရှ်မှာ မွေးဖွား ခဲ့ပြီး စစ်တကောင်းတက္ကသိုလ်မှာ စီးပွားရေးပညာ ပါမောက္ခအဖြစ် သင်ကြားပို့ချခဲ့ဖူးပါတယ်။ Ph.D. ဘောဂဗေဒ ပါရဂူအဆင့်အထိ အမေရိကန်နိုင်ငံမှာ ပညာသင်ယူခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံစီးပွားရေးတက္က သိုလ်မှာ (၂၀၁၂-၂၀၁၈ ခုနှစ်အထိ) အထိ အဓိပတိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် စူးစမ်းတိုးတက်မှုများနဲ့ လူမှု စီးပွားရေးအတန်းအစား ပိုမိုချဲ့ထွင်ရေးမှာ နိုင်ငံတကာဆိုင်ရာအကျိုးသက်ရောက်မှုဖြစ်ထွန်းစေခဲ့သူ အဖြစ် သတ်မှတ်ခြင်းခံရပါတယ်။

"Dhaka Tribune., 18 November 2024,” Yunus to Le Monde: Youths may spark another revolution if they are not offered opportunities” ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၁)

RECENT POSTS
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၁)
20 Nov 2024
အခွင့်အလမ်းကို ဖန်တီးမပေးခဲ့လျှင် ဘင်္ဂလားဒေ့ရှ်လူငယ်များ အခြားတော်လှန်ရေးတစ်ခုခုကို မီးမွှေးလိမ့်မည်ဟု ယူနွတ်ပြော
20 Nov 2024
ဘုရားသုံးဆူမြို့တွင် ကျားဖျန့်၊ Online လောင်းကစားနှင့် ကာစီနိုရုံများ ပိုမိုများလာပြီး လောင်းကစားမြို့တော်ဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေ
20 Nov 2024
အိန္ဒိယနဲ့တရုတ်ကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်
20 Nov 2024
၂၀၂၀ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုအချက်အလက်များကို ဘာသာစကား(၅)မျိုးဖြင့် ဖော်ထုတ်ရှင်းလင်းရန် နစက စီစဉ်နေ
20 Nov 2024
အမေရိကန်က စစ်ရေးအကူအညီတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရှုံးနိမ့်သွားလိမ့်မယ်လို့ ယူကရိန်းသမ္မတပြော
20 Nov 2024
AA ထိုးစစ်ဆင်နေတဲ့ အမ်းမြို့တိုက်ပွဲထဲက AA ၏စစ်ရာဇဝတ်မှုများ
20 Nov 2024
နိုင်ငံရေးပါတီ (၅၀)ကျော် မကြာမီအစည်းအဝေး ပြုလုပ်မည်
20 Nov 2024
တက္ကသိုလ်များတွင် အဝေးသင် နှင့် နေ့သင်တန်းစာမေးပွဲ ဖြေသူများလာခဲ့ပြီး လာမည့်နှစ်တွင် ယခုထက် ပိုတိုးလာမည်ဟု ခန့်မှန်း
20 Nov 2024
နော်ဝေးအိမ်ရှေ့မင်းသမီးရဲ့သားဖြစ်သူကို သံသယဖြစ်ဖွယ် အဓမ္မပြုကျင့်မှုအတွက် ဖမ်းဆီးထိန်းသိမ်း
19 Nov 2024
ရန်ကုန်မြို့၊ သီရိရတနာကားဝန်းရှိ ခရီးသည်တင်ယာဉ်ပေါ်မှ ငွေကျပ်(၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
19 Nov 2024
သေနတ်၊ဓားကိုင်ဆောင်ထားသည့်အဖွဲ့က အမျိုးသမီး(၂)ဦးနှင့် အမျိုးသားတစ်ဦးကို ဓားဖြင့်ရက်စက်စွာခုတ်ထစ်သတ်ဖြတ်နေသည့် ရုပ်သံဖိုင်ထွက်ပေါ်
19 Nov 2024
သန်လျင်၌ ဆီဘောက်ဆာကားတစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား
19 Nov 2024
အဓမ္မကို ဓမ္မကအနိုင်ယူခဲ့သည့် ဘဝင်ချမ်းမြ တန်ဆောင်မုန်းလ
19 Nov 2024
လုပ်ကြံခံရမှုကနေ (၂)ကြိမ်လွတ်မြောက်ခဲ့ပြီးနောက် အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန်တာဝန်ယူမယ့် ဒေါ်နယ်ထရမ့်အကြောင်း တစေ့တ စောင်း
19 Nov 2024
အမေရိကန်၏ Burma Act သည် မြန်မာနိုင်ငံရှိ စစ်ဖြစ်ရာဒေသများကို ဓာတ်ဆီလိုက်လောင်းခြင်းသာဖြစ်ဟု ပါတီအချို့ ရှုမြင်
19 Nov 2024
BBC Burmese၊ Khit Thit မီဒီယာတို့၏ (၂၁-၉-၂၀၂၄) ရက်မှ (၂၀-၁၀-၂၀၂၄) ရက်အထိ သတင်းထုတ်လွှင့်မှုများအပေါ် စစ်တမ်းပြုစုသုံးသပ်ခြင်း
19 Nov 2024
မိုးကုတ်၌ ဟိုတယ်၊ ယာဉ်ယန္တရားများအတွက် TNLA အဖွဲ့က လက်နက်ပြ၍ အခွန်အတင်းအကျပ်တောင်းခံနေ
19 Nov 2024
မန္တလေးမြို့တွင် အစိုးရဝန်ထမ်းအယောင်ဆောင်ကာ လက်နက်ပြ၍ ဆိုင်ကယ်လုယက်သူ (၃)ဦးကို ဖမ်းမိ
18 Nov 2024
တာမွေမြို့နယ်ရှိ ဘုန်ကြီးကျောင်းတွင် လက်လုပ်လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူ
18 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved