အိန္ဒိယနဲ့တရုတ်ကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်
Pika (NSS) - နိုဝင်ဘာ ၂ဝ
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ဟာ နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးမှုဟာ အိန္ဒိယနဲ့ တရုတ်ကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှုဖလှယ်မှုတွေကို ပိုမိုအားကောင်းလာစေမယ့် လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့လည်း ပြောဆိုထားကြပါတယ်။ အိန္ဒိယနဲ့တရုတ်တို့ဟာ နယ်စပ်အငြင်းပွားမှုပြဿနာတွေကို ဖြေရှင်းဖို့ သဘောတူညီခဲ့ကြပြီးနောက် သီတင်းပတ်များစွာအကြာမှာ ယခုလိုဆွေးနွေးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ S. Jaishankar နဲ့ဝမ်ယိတို့ဟာ ဘရာဇီးမှာကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးအပြီးမှာ ယခုလိုတွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့ပြင် S. Jaishankar နဲ့ဝမ်ယိတို့ဟာ နှစ်နိုင်ငံကြားဖြစ်ပွားနေတဲ့ နယ်စပ်အငြင်းပွားပြဿနာတွေအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို အလေးပေးဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။၎င်းတို့ရဲ့ဆွေးနွေးမှုတွေဟာ အိန္ဒိယ-တရုတ်ဆက်ဆံရေးမှာ နောက်ထပ်အဆင့်တစ်ခုကို ထပ်တက်နိုင်ဖို့ အာရုံစိုက်ထားတာမျိုးဖြစ်တယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယနဲ့တရုတ်တို့ဟာ တိုက်ရိုက်လေကြောင်းခရီးစဉ်တွေအပြင် ဘုရားဖူးခရီးစဉ်တွေကို ကိုဗစ်(၁၉)ကပ်ရောဂါဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ရပ် ဆိုင်းခဲ့တာဖြစ်ပြီး ယခုအချိန်အထိ ပြန်လည်စတင်တာမျိုး မရှိသေးတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အိန္ဒိယနိုင်ငံဟာ အဖွဲ့ဝင်(၁၅)နိုင်ငံ ပါဝင်တဲ့ ဒေသဆိုင်ရာဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP)မှာ ပါဝင်ဖို့ စဉ်းစားသင့်တယ်လို့ အိန္ဒိယအစိုးရအကြံပေးအဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြီးခဲ့တဲ့နိုဝင်ဘာလ(၇)ရက်မှာ အကြံပြုပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘုရားသုံးဆူမြို့တွင် ကျားဖျန့်၊ Online လောင်းကစားနှင့် ကာစီနိုရုံများ ပိုမိုများလာပြီး လောင်းကစားမြို့တော်ဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေ
RELATED POSTS
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း
19 Oct 2024 | ခရီးသွား,ပြည်တွင်း