တာမွေမြို့နယ်ရှိ ဘုန်ကြီးကျောင်းတွင် လက်လုပ်လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူ
စော (NSS) - နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွင် လက်လုပ်လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာတစ်ခုမှမေးမြန်းထားမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ယ နေ့(နိုဝင်ဘာ ၁၈ ရက်)၊ နံနက် (၈)နာရီ (၁၀)မိနစ်အချိန်က တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သံသုမာလမ်း၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းတိုက်အတွင်း လက်လုပ်လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် (၃)ထပ်ကျောင်းဆောင်အောက်ထပ်၊ ခြံစည်းရိုးဘေးကပ်လျက်အခန်းတွင် သီတင်းသုံးနေသည့် ရပ်ကွက်သံဃာနာယကဥက္ကဋ္ဌ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် ပျံလွန်တော်မူခဲ့သော ကျောင်းထိုင်ဆရာတော်မှာ ဦးဉာဏဝံသဖြစ်ပြီး သက်တော်(၅၇)နှစ်၊ ဝါတော်(၃၇)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖောက်ခွဲမှုကို ကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့တွင် အစိုးရဝန်ထမ်းအယောင်ဆောင်ကာ လက်နက်ပြ၍ ဆိုင်ကယ်လုယက်သူ (၃)ဦးကို ဖမ်းမိ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း