Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ PDF အဖွဲ့များ ရောက်ရှိလာသည်ဟူသောသတင်းမှာ မမှန်ကန်ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဖြေရှင်း

ချယ်ရီ (NSS) - နိုဝင်ဘာ ၁၂

မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ PDF အဖွဲ့များ ရောက်ရှိလာသည်ဟူသော သတင်းမှာ မမှန်ကန်ကြောင်း ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက NSS ကိုပြောသည်။ 


လက်နက်ကိုင်ထားသော PDF အချို့က ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ကို တက်လာသည်ဆိုသော ရုပ်သံဖိုင်တစ်ခုမှာ လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိပြီး ၎င်းရုပ်သံဖိုင်ကြောင့် ဘုရားဖူးသွားရောက်မည့် ပြည်သူများအတွက် စိုးရိမ်စရာဖြစ်စေကြောင်း ပြောဆိုနေကြသည်။ 

NSS သတင်းဌာနအနေဖြင့် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်နှင့် ပတ်သက်၍ ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှထံ ဆက်သွယ်မေး မြန်းရာတွင် ၎င်းအချက်အလက်မှာ မှန်ကန်မှုမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ဒါက ကောလာဟလ လုပ်တဲ့အပိုင်းတွေ ဖြစ်ပါတယ်ခင်ဗျ။ မဟုတ်ပါဘူးခင်ဗျ။ ကျွန် တော်တို့ ဒီမှာလည်း လုံခြုံရေးနဲ့ ဂေါပကအဖွဲ့ကနေ ဘုရားရင်ပြင်ကို တက်ကတည်းက လုံခြုံချောမွေ့စွာနဲ့ လာနိုင်အောင် လုံခြုံရေးဆောင်ရွက်ထားတာတွေလည်း ရှိပါတယ်ခင်ဗျ။ အပေါ်မှာလည်း နေ့၊ ည လုံခြုံရေးကိစ္စရပ်တွေကို လုံခြုံရေးတပ်ဖွဲ့များနဲ့ ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့က အမြဲတမ်းကြည့်ရှု ထိန်သိမ်းမှုတွေ ရှိပါတယ်ခင်ဗျ။ ဒီကောလာဟ လလေးတွေကတော့ ဖေ့ဘွတ်စ်တွေက ကိုယ်ထင်တာလေးတွေကို ပြောကြ၊ ဆိုကြတဲ့ ဟာလေးတွေတော့ ရှိပါတယ်။ ဒါလေးတွေကိုတော့ သိပ်ပြီးတော့ အသိမှတ် မပြုစေချင်ပါဘူး”ဟု ဥက္ကဋ္ဌ ဦးစိုးလှက ပြောသည်။ 

လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော Video ဖိုင်၌ PDF အဖွဲ့ဝင်များက မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဒေါင်းအိုကြီးရွာရှိ ကျိုက်ထီးရိုးပုံတူ စေတီတော်၌ ရိုက်ကူးထားသည့် ရုပ်သံဖိုင်ဖြစ်ကြောင်း ပြောဆိုမှုများရှိသည်။ မြန်မာနိုင်ငံ၌ ကျိုက်ထီးရိုးပုံတူ စေတီတော်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးတိုက်နယ်ရဲစခန်းကို PDF အဖွဲ့က အင်အားသုံးတိုက်ခိုက်သော်လည်း လုံခြုံရေးတပ်ဖွဲ့မှ ပြန်လည်ခုခံနိုင်ခဲ့

RELATED POSTS
RECENT POSTS
တော်လှန်ရေးသမား အမည်ခံ ရာဇဝတ်ဂိုဏ်းတို့ စုပေါင်း မဟာမိတ်ဖွဲ့၍ အစိုးရနှင့် ကုလသမဂ္ဂမစ်ရှင်များကို တိုက်ခိုက်နေ
13 Nov 2024
ရှမ်းမြောက်၌ တိုက်ပွဲများ ငြိမ်သက်လာသော်လည်း လက်နက်ကိုင်အဖွဲ့များ ပိုမိုခြေရှုပ်လာသည့် အညာဒေသ၌ စစ်ရေးပြင်းထန်နိုင်
13 Nov 2024
နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ယခုဘဏ္ဍာနှစ် အသုံးစရိတ်ကျပ်ဘီလျံ(၁၇ဝဝဝ) ကျော်ရှိနိုင်ပြီး ဘီလျံ(၁ဝဝဝ)နီးပါး လိုငွေပြနိုင်
13 Nov 2024
ဟူသီလက်နက်ကိုင်အဖွဲ့က အမေရိကန်လေယာဉ်တင်သင်္ဘောကို ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်
13 Nov 2024
မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ရေးစစ်ဆင်ရေးတွေမှာ စတင်ပါဝင်လာနေပြီလို့ အမေရိကန်အစိုးရ အတည်ပြု ပြောဆို
13 Nov 2024
ဆယ်ဆတစ်ဆ ငွေတုရောင်းဝယ်ရေးနှင့် လူလိမ်အကောင့်များ လူမှုကွန်ရက်၌ တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်နေ
13 Nov 2024
ရာမယဏအနုပညာလက်ရာပြပွဲကို အမျိုးသားပြတိုက်၌ ကျင်းပ
13 Nov 2024
အမေရိကန် မင်းသမီး မီဂန်ဖော့စ်နဲ့ ဂီတပညာရှင် မာချိန်ဂန်ကယ်လီတို့က ပထမဆုံးရင်သွေးအတွက် မျှော်လင့်
13 Nov 2024
၂၀၂၄-၂၀၂၅ နေရှင်းလိဂ်ပွဲစဉ်(၅)ရဲ့ အကောင်းဆုံးပွဲစဉ်များ သုံးသပ်ချက် (ဆောင်းပါး)
13 Nov 2024
ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်များနှင့်အတူ ပုပ်ရဟန်းမင်းကြီးကို တွေ့ဆုံရန်အတွက် IBEC ဆရာတော် ယခုလအတွင်း ဗာတီကန်သွားမည်
13 Nov 2024
Squid Game ကို ဖန်တီးရင်း သွား(၈)ချောင်းလောက် ကျွတ်သွားခဲ့တယ်လို့ ဒါရိုက်တာ ဟွမ်ဒေါင်ဟွက်ခ် ပြော
13 Nov 2024
တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးတိုက်နယ်ရဲစခန်းကို PDF အဖွဲ့က အင်အားသုံးတိုက်ခိုက်သော်လည်း လုံခြုံရေးတပ်ဖွဲ့မှ ပြန်လည်ခုခံနိုင်ခဲ့
12 Nov 2024
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ PDF အဖွဲ့များ ရောက်ရှိလာသည်ဟူသောသတင်းမှာ မမှန်ကန်ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဖြေရှင်း
12 Nov 2024
ဂျိုးဘိုင်ဒန်က သမ္မတသက်တမ်းမကုန်ဆုံးမီ ယူကရိန်းအတွက် နောက်ထပ်ငွေကြေးတွေကို ဆက်လက်တောင်းခံနိုင်ဖွယ်ရှိနေ
12 Nov 2024
အသံထက်မြန်တဲ့ခရုဇ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရုရှားရေတပ်ဖရီးဂိတ်သင်္ဘောတစ်စီးက အင်္ဂလိပ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်
12 Nov 2024
မြန်မာအထည်ချုပ်လုပ်သားများကို နယ်စပ်မြို့များ၌ တရုတ်လုပ်ငန်းရှင်များက လုပ်အားခ ခေါင်းပုံဖြတ် အနိုင်ကျင့်နေ
12 Nov 2024
မန္တလေးမြို့ရှိ တည်းခိုခန်းတစ်ခုတွင် အမျိုးသမီးငယ်တစ်ဦး ညိုမည်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ
12 Nov 2024
နွေရာသီ၌လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနိုင်သည့်အတွက် ဖြေရှင်းရန်နည်းလမ်း များ လုပ်ငန်းရှင်နှင့်လူထုက ရှာဖွေနေကြရ
12 Nov 2024
နှစ်သစ်မှစ၍ အခွန်ထမ်းမှတ်ပုံတင်စနစ်၌ မှတ်ပုံတင်ပြီးမှသာ ပို့ကုန်သွင်းကုန် မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးပေးမည်
12 Nov 2024
လားရှိုးမြို့တွင် MNDAA အဖွဲ့က အရပ်ဝတ်များဖြင့် နေထိုင်မှုများရှိသကဲ့သို့ ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူလုယက်မှုများရှိနေ
12 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved