အမေရိကန် မင်းသမီး မီဂန်ဖော့စ်နဲ့ ဂီတပညာရှင် မာချိန်ဂန်ကယ်လီတို့က ပထမဆုံးရင်သွေးအတွက် မျှော်လင့်
ရောင်နီ (NSS) - နိုဝင်ဘာ ၁၃
အသက် ၃၈ နှစ်အရွယ် အမေရိကန် မင်းသမီးချော မီဂန်ဖော့စ်ဟာ သူမရဲ့ ခင်ပွန်းဟောင်း ဘရင်အော်စတင်ဂရင်း နဲ့ အသက် ၁၂ နှစ်၊ ၁၀ နှစ် နဲ့ ၈ နှစ် အရွယ်ရင်သွေး ၃ ယောက်ရရှိထားသလို အခုလက်ရှိ ချစ်သူ မာချိန်ဂန်ကယ်လီနဲ့လည်း ပထမဆုံးရင်သွေးလေး ရရှိဖို့ မျှော်လင့်နေပြီ ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှတစ်ဆင့် အတည်ပြုပြောကြားခဲ့ပါတယ်။
သူမရဲ့ ကိုယ်ဝန်ပုံရိပ်နဲ့ positive ဖြစ်နေတဲ့ ကိုယ်ဝန်ဆီးစစ်တံ ဓာတ်ပုံတွေနဲ့အတူ မီဂန်က Instagram မှာ "nothing is ever really lost. welcome back" ဆိုတဲ့ caption နဲ့ လို့ ရေးသားအသိပေးခဲ့တာ ဖြစ်ပါတယ်။ မီဂန်ဟာ ယခင်က ကိုယ်ဝန်ပျက်ကျခဲ့ဖူးတာကြောင့် ဒီအတွေ့အကြုံနဲ့ပတ်သက်ပြီး အဖြစ်ဆိုးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မသိခဲ့ဘူးလို့ ဖွင့်ဟပြောခဲ့ဖူးပါတယ်။
မီဂန်နဲ့ ကယ်လီဟာ ၂၀၂၁ ခုနှစ်က မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကား "Midnight In The Switchgrass" မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ စေ့စပ်ကြောင်းလမ်းခဲ့တာ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရာမယဏအနုပညာလက်ရာပြပွဲကို အမျိုးသားပြတိုက်၌ ကျင်းပ
RELATED POSTS
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
11 Nov 2024 | အနုပညာ,နိုင်ငံတကာ